ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၁၇၀ ခန့် ထပ်မံဖမ်းဆီးခံရ

Dawei Watch

January 31, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာ ၁၇၀ ခန့်သည် ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နံနက် ၇ နာရီခွဲခန့်က ထိုးဖားဖမ်းစစ်ဆေးရေးဂိတ်တွင် ၂ တွဲပါ ကုန်တင်ကားကို စစ်ဆေးရာမှ ကားပေါ်လိုက် ပါလာသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ကုန်တင်ကားပေါ်တွင် မြန်မာများ ကျပ်ကျပ်တည်းတည်း လိုက်ပါလာသည်ကို ဓာတ်ပုံမှတ်တမ်းများအရ တွေ့ရသည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား ၁၆၉ ဦးနှင့် ကားသမား နှစ်ဦးကို တွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ် စန်ခရာဘူရီဒေသတို့ တရားမဝင် ဝင်ရောက်လာသူများ ဖြစ်ကြောင်း ဆိုသည်။ ယင်းနောက် စန်ခရာဘူရီမှတစ်ဆင့် ကန်ချနဘူရီမြို့သို့ ပို့ဆောင်ရန် လမ်းမကြီးအတိုင်း မောင်းနှင်လာခြင်းဖြစ်ပြီး […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

January 30, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

မြိတ်တွင် စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးပြီး စစ်သားစုဆောင်းနေဟုဆို

Dawei Watch

January 30, 2025

မြိတ်မြို့တွင် စစ်ကောင်စီတပ်က ဧည့်စာရင်းမတိုင်၍ဟုဆိုကာဖမ်းဆီးပြီး စစ်မှုထမ်းအတွက် စစ်သားစုဆောင်းမှုများ လုပ်ဆောင်လာကြောင်း အဖမ်းခံရသူများနှင့်နီးစပ်သူများ၊ မြို့ခံအချို့၏ ပြောဆိုချက်များအရ သိရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစကာ နေအိမ်များတွင် ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးမှုများလာပြီး လတ်တလောတွင်ပင် ယင်းကဲ့ဖမ်းဆီးမှု ဖြစ်စဉ် ၃ ခုထက်မနည်းရှိကြောင်း မြို့ခံအချို့က ဆိုသည်။ ဧည့်စာရင်းတိုင်ထားခြင်း မရှိဟုဆိုကာ ဖမ်းဆီးခံရပြီးနောက် ပြန်မလွှတ်တော့ဘဲ စစ်မှုထမ်းရန်အတွက် စစ်တပ်အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အဖမ်းခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “သူငယ်ချင်းက သူ့အလုပ်မှာ ဧည့်စာရင်းစစ်တယ်ဆိုပြီး ညကြီးဖမ်းတာခံလိုက်ရတာ။ ပြီးတော့စစ်တပ်ထဲခေါ်သွားတယ်။ သူ့မိသားစုက ပိုက်ဆံတောင်းသလောက်ပေးပြီး ထုတ်မယ်ဆိုတာတောင် မရဘူး။ တွေ့ခွင့်လည်းမပေးဘူး” ဟု အဆိုပါ နီးစပ်သူက ဆိုသည်။ ထို့အပြင် ဧည့်စာရင်းစစ်ချိန်တွင်လည်း လူငယ်ပိုင်းယောက်ျားလေးများကို ပိုမိုစစ်ဆေးလေ့ရှိပြီး ၎င်းတို့မသင်္ကာပါက ဖမ်းဆီးသွားလေ့ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် အမျိုးသမီးတစ်ဦးကပြောသည်။ “ဧည့်စာရင်းစစ်တာက […]

ထားဝယ်မြို့ပေါ်က လောင်းကစားဝိုင်းနှစ်ခု စစ်ကောင်စီတပ်ဝင်ဖမ်း

Dawei Watch

January 30, 2025

ထားဝယ်မြို့ပေါ် ရပ်ကွက်နှစ်ခုရှိ လောင်းကစားဝိုင်းနှစ်ခုကို ဇန်နဝါရီလ ၂၉ရက်တွင် စစ်ကောင်စီတပ်သားများက ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်နေသူများနှင့် ကစားဝိုင်းမှ ထွက်ပြေးလာသူများထံမှ သိရသည်။ တလိုင်းမရပ်ကွက်တွင် ပြုလုပ်နေသည့် အန်ဂလုံဝိုင်းကို ဇန်နဝါရီလ ၂၉ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သား ရှစ်ဦးခန့် ဝင်ရောက် ဖမ်းဆီးကြောင်း ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ “ကစားသမား၊ ထိုးသားတွေကို ခဏပဲ ဒူးထောက်ထိုင်ခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ ဒိုင်လုပ်တဲ့လူတစ်ယောက်ကိုတော့ ခေါ်သွားတယ်။ ဒိုင်က တလိုင်းမရပ်ကွက်ကတော့ မဟုတ်ဘူး။ အခြားနေရာကလာပြီး ဝိုင်းလာလုပ်တာ” ဟု ၎င်းက ဆိုသည်။ အဆိုပါအန်ဂလုံဝိုင်းသည် ရပ်ကွက်အတွင်း နေရာအတည်တကျ ပြုလုပ်နေခြင်းမဟုတ်ဘဲ လူစည်းကားသည့် နေရာ၊ ပွဲများ တွင် ရွှေ့ပြောင်းလုပ်ဆောင်နေပြီး ဝိုင်းထောင်ထားသည်မှာ သုံးရက်ခန့်သာရှိသေးကြောင်း တလိုင်းမရပ်ကွက်နေသူများထံမှ သိရသည် ။ ဇန်နဝါရီလ ၂၉ရက် […]

ရွှေဂူစစ်ဆေးရေးဂိတ် PDF မီးရှို့ဖျက်ဆီး၊ စစ်ကောင်စီတပ် အင်အားရာချီသုံးပြီး စစ်ကြောင်းပြန်ထိုး

Dawei Watch

January 30, 2025

ထားဝယ်-သရက်ချောင်းကားလမ်းပေါ်ရှိ ရွှေဂူတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်က သိမ်းယူမီးရှို့ ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာပြီးနောက် အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ထိုးနေကြောင်း ဒေသခံအချို့က ပြောသည်။ ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တို့က ဇန်နဝါရီလ ၂၉ ရက် ညတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ ဇန်နဝါရီလ ၃၀ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အခု မနက်မိုးလင်းမှာ ရွှေဂူတံတားထက်မှာက တချို့၊ စော်ဝရွာထဲမှာ တချို့ စစ်တပ်ကပြန်ပြီးနေရာယူထားတာရှိတယ်” ဟု ၎င်းက ပြောဆိုသည်။ တော်လှန်ရေးတပ်တို့ကမူ ဇန်နဝါရီလ ၂၉ ရက်ညက စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။ ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကိုသိမ်းပြီး ဘန်ကာများကို မီးရှို့ဖျက်ဆီးထားသည့် ရုပ်သံမှတ်တမ်းကို သွားရောက်တိုက်ခိုက်ခဲ့သည့် ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားသည်။ […]

တနင်္သာရီတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနှင့် အမျိုးသမီးလေးဦးဒဏ်ရာရ

Dawei Watch

January 30, 2025

တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သလို ဒရုန်းဖြင့်တိုက်ခိုက်မှုများကြောင့် ဒေသခံအရပ်သားအချို့ ဒဏ်ရာရသွားပြီး နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်တွင် တနင်္သာရီမြို့ပေါ် ရှိ စစ်ကောင်စီတပ် အထိုင်စခန်းတစ်ခုက လက်နက်ကြီးဖြင့်ပစ်ခတ်ရာ လယ်တောင်ယာရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ပါ ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ကပြောသည်။ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် မချစ်ခွန်းချိုနှင့် ဒေါ်သန်းကြည်၊ မသီသီစိုး၊ ဒေါ်ချစ်၊ မသဲစုလှိုင်တို့ အရပ်သား ၅ ဦး ဒဏ်ရာရသွားကြောင်း လယ်တောင်ယာရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ “ဖွား(ဒေါ်)သန်းကြည်နဲ့ မသီသီစိုးက ခေါင်းထိဒဏ်ရာကြောင့် စိုးရိမ်ရတယ်။ အခု တနင်္သာရီမြို့က ဆေးရုံမှာ။ […]

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဆက်တိုက်ဖမ်းဆီးနေပြီး မနေ့က မြန်မာ ၁၅၀ ခန့် ဖမ်းဆီးခံရ

Dawei Watch

January 30, 2025

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ဖြစ်သော တာခ့်ခရိုင်နှင့် ကန်ချနဘူရီခရိုင်များတွင် တရားမဝင် ဝင်ရောက်လာသူများကို ဆက်တိုက်ဖမ်းဆီးနေပြီး မနေ့ (ဇန်နဝါရီ ၂၉) တစ်ရက်တည်း မြန်မာ ၁၅၀ နီးပါး ဖမ်းဆီးခံရကြောင်း သိရသည်။ ကန်ချနဘူရီခရိုင် ထိုးဖားဖမ်းဒေသ လှေဆိပ်အနီး တောထဲ ပုန်းနေကြသော မြန်မာ ၁၁၈ ဦးနှင့် တာခ့်ခရိုင် မဲဆောက်ဒေသ ပြောင်းဖူးကားပေါ် လိုက်လာသော မြန်မာ ၂၆ ဦး စုစုပေါင်း ၁၄၄ ဦးကို မနေ့က တစ်ရက်တည်း ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းများအရသိရသည်။ မနေ့ နံနက် ၆ နာရီအချိန်ခန့် ထိုးဖားဖမ်းဒေသ လှေဆိပ်အနီးက တောထဲတွင် ပစ်ကပ်ကား ၅ စီးနှင့်အတူ ခရီးဆက်ရန် စောင့်နေကြသော မြန်မာနိုင်ငံသား ၁၁၈ ဦးကို နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ […]

ကော့ဖငန်းကျွန်းက မြန်မာစာသင်ကျောင်းကို ထိုင်းရဲဝင်စစ်၊ မြန်မာဆရာလေးဦး ဖမ်းဆီးခံရ

Dawei Watch

January 29, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် ခရစ်ယာန်ဘုန်းကြီးကျောင်းဝင်းထဲက မြန်မာစာသင်ကျောင်းကို ထိုင်းရဲတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၉ ရက်တွင် ဝင်ရောက်စစ်ဆေးပြီး စာသင်ကြားပေးနေသော မြန်မာဆရာလေးဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ခရစ်ယာန်ကျောင်းထဲတွင် ခွင့်ပြုချက်မရှိဘဲ မြန်မာစာသင်ကျောင်းဖွင့်လှစ်ထားသည်ဟု တိုင်ကြားချက်ရရှိသဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ စာသင်ကျောင်းတွင် အသက် ၃ နှစ်မှ ၁၂ နှစ်အရွယ် မြန်မာကလေးငယ် ၁၉၀ ကျော် ပညာသင်ယူနေကြပြီး မြန်မာဆရာလေးဦးက သင်ကြားပေးနေခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကလေးများအား စာပေတတ်မြောက်ရန် မိဘများ အလုပ်သွားချိန်တွင် အဆိုပါမြန်မာကျောင်း၌ လာရောက်အပ်နှံကြခြင်း ဖြစ်ကြောင်း ဆရာများက ရဲတပ်ဖွဲ့သို့ ဖြေကြားသည်ဟု ဖော်ပြသည်။ ကျောင်းလခအနေဖြင့် ကလေးတစ်ဦးလျှင်လည်း ဘတ် ၃၀၀ မှ ၅၀၀ အတွင်း သတ်မှတ်ထားကြောင်း […]