ကံပေါက်တွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေ
Dawei Watch
February 3, 2025ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလနောက်ဆုံးအပတ်ကစ၍ ဝမ်းပျက်ဝမ်းလျှောလက္ခဏာဖြင့် ဆေးရုံ၊ ဆေးခန်းလာပြသူများလာကြောင်း ဒေသခံ ကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။ ဖျားပြီး ဝမ်းပျက်ဝမ်းလျှော၊ မူးဝေအော့အန်လက္ခဏာတို့ဖြင့် ဆေးခန်းလာပြသူများနေကြောင်း ဆေးခန်းများမှ ကျန်းမာရေးဝန်ထမ်းများက ပြောသည် ။ “ပထမတစ်ရက်ဖျားပြီး ဝမ်းပျက်တယ်၊ ပြီးတော့အန်တယ်။ သုံးရက်လောက်တော့ ခံစားရတယ်။ ပြီးရင် ပြန်ကောင်း သွားတယ်” ဟု ကိုယ်တိုင်ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့သည့် ဒေသခံတစ်ဦးက ဆိုသည် ။ ကံပေါက်တိုက်နယ် ဆေးရုံတွင်လည်း ယင်းသို့ လက္ခဏာဖြင့် ဆေးခန်းလာပြသူ တစ်ရက်လျှင် ပျမ်းမျှ နှစ်ဦးခန့်ရှိကြောင်း ဆေးရုံနှင့် နီးစပ်သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။ “တစ်နေ့ ၂ ယောက်လောက်တော့ ဝမ်းပျက်ဝမ်းလျှောလက္ခဏာနဲ့ လာပြနေကြတယ်။ ကံပေါက်အထဲက ရပ်ကွက်တွေရော၊ အခြားရွာတွေကရော လာပြကြတယ်။ ကလေးရော၊ လူကြီးရောဖြစ်နေတာပဲ” ဟု […]


