ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေးနှင့် သံဖြူဇရပ်တွင် ရဲစခန်း၊ စစ်အာဏာရှင်တပ်စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ငါးကြိမ်တိုက်ခိုက်

Dawei Watch

March 4, 2026

မွန်ပြည်နယ် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ရဲစခန်းနှင့် စစ်အာဏာရှင်တပ်စစ်ကြောင်းတို့ကို မွန်-တနင်္သာရီ ညီနောင် ဒရုန်းတပ်ပေါင်းစုက ဖေဖော်ဝါရီလနှောင်းပိုင်းနှင့် မတ်လဆန်းတွင် ငါးကြိမ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ တပ်ပေါင်းစုထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၁ရက် ညပိုင်းတွင် ရေးမြို့နယ်၊ အနင်းရွာရှိ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး ယင်းနောက် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းကိုလည်း ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နှစ်ရက်ဆက်တိုက် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ အဆိုပါ သုံးရက်တိုက်ခိုက်မှုတွင် စစ်အာဏာရှင်တပ်ဘက်က ငါးဦးထက်မနည်း ဒဏ်ရာရကြောင်း မွန်-တနင်္သာရီ ညီနောင် ဒရုန်းတပ်ပေါင်းစုထံမှ သိရသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၂၈ရက်နှင့် မတ်လ ၁ ရက်တို့တွင် ရေးမြို့နယ်၊ အောင်သပြေရွာအနီး စစ်အာဏာရှင်တပ် စစ်ကြောင်း ယာယီစခန်းချနေသည့် နေရာနှင့် သံဖြူဇရပ်မြို့နယ်ရှိ […]

မဲဆောက်တွင် မြန်မာဘက်က ဆီလာဖြည့်သူ များနေဟု ထိုင်းသတင်းဌာနများဖော်ပြ

Dawei Watch

March 4, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြဝတီဘက်ခြမ်းမှ နယ်စပ်ဖြတ်ကျော်ပြီး ဆီလာတန်းစီဖြည့်သော ကားများဖြင့် ပြည့်ကျပ်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြနေကြသည်။ အမေရိကန်အပါအဝင် အစ္စရေး-အီရန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တင်းမာနေချိန် စက်သုံးဆီဈေးနှုန်း တက်လာမည်ကို စိုးရိမ်၍ မြဝတီဘက်ခြမ်းက မြန်မာနိုင်ငံသားများ မဲဆောက်ဘက်သို့ ကူး၍ ဆီဖြည့်သူ ပိုများလာနေခြင်းဖြစ်သည်။ မတ်လ ၃ ရက်နေ့မှစ၍ မြဝတီဘက်ခြမ်းမှ မဲဆောက်ဘက်ကူးပြီး ဆီလာဖြည့်သူ များနေသဖြင့် မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားပေါ်တွင် ကားများထောင်ချီ ပိတ်နေသလို မဲဆောက်မြို့အတွင်းရှိ ဆီဆိုင်များတွင်လည်း မြန်မာကားများ တန်းစီနေကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ အထူးသဖြင့် မြန်မာဘက်က အိမ်စီးကားနှင့် ဗန်ကားများသည် မဲဆောက်မြို့ရှိ ဆီဆိုင်များတွင် တစ်နေကုန် တန်းစီဆီဖြည့်နေကြသဖြင့် ကားပိတ်မှုများပါ ကြုံတွေ့နေရဟုဆိုသည်။ မတ်လ ၂ ရက်နေ့မှစ၍ ပြည်တွင်းစက်သုံးဆီ […]

တနင်္သာရီတိုင်းတွင် နိုင်ကျဥ်း ၁၅၀ ဝန်းကျင် လွတ်မြောက်

Dawei Watch

March 3, 2026

တနင်္သာရီတိုင်းတွင် မတ်လ ၂ရက်က လွတ်ငြိမ်းခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသား ၁၅၀ ဝန်းကျင်အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၁၇၂ ဦးလွတ်မြောက်ကြောင်း စုံစမ်းသိရသည်။ အကျဉ်းထောင် သုံးခု၊ ကုန်ထုတ်အကျဉ်းစခန်း နှစ်ခုတို့က အကျဉ်းသား၊ အကျဉ်းသူများ လွတ်မြောက်လာခြင်းဖြစ်သည်။ ထားဝယ်အကျဥ်းထောင်တွင် အမျိုးသား ၈ဝ ဦးနှင့် အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၁ဝ၈ ဦး လွတ်လာပြီး လွတ်လာသူ အများစုသည် နိုင်ငံရေးအကျဥ်းသူ၊ အကျဉ်းသားများဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) နှင့် လွတ်မြောက်လာသူများ၏ မိသားစုများထံမှ သိရသည်။ မြိတ်နှင့် ကော့သောင်း အကျဉ်းထောင်များနှင့် အကျဉ်းစခန်းများက အကျဉ်းသား၊ အကျဥ်းသူ စုစုပေါင်း ၆၄ ဦး လွတ်ငြိမ်းခွင့်ရကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။ မြိတ်အကျဉ်းထောင်က အမျိုးသား […]

ထားဝယ်အရှေ့တော ပခပ်ရွာတွင် စက်သုံးဆီဆိုင်မီးလောင်

Dawei Watch

March 3, 2026

ထားဝယ်အရှေ့တောဒေသ၊ ထားဝယ် – မေတ္တာကားလမ်းမပေါ်ရှိ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စု၊ ပခပ်ရွာတွင် ယနေ့ မတ်လ ၃ ရက် ညနေပိုင်းက စက်သုံးဆီဆိုင်တစ်ဆိုင် မီးလောင်ကြောင်း ဒေသခံများထံမှ သိရသည်။ စက်သုံးဆီ ဖြည့်နေစဥ် ဆီပန့် (Fuel Pump) ချို့ယွင်းရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးသွားရောက် ငြှိမ်းသတ်ပေးခဲ့သူများက ပြောသည်။ ညနေ ၄ နာရီခွဲဝန်းကျင်တွင် စတင်လောင်ကျွမ်းပြီး ၅ နာရီဝန်းကျင် ၌ မီးထိန်းနိုင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ မီးလောင်မှုကြောင့် စက်သုံးဆီဆိုင်အပြင် နေအိမ်တစ်လုံး၊ ကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီး မီးလောင်ပျက်စီးကြောင်း မီးသွားရောက် ငြှိမ်းသတ်ခဲ့သူများက ပြောဆိုသည်။ မီးလောင်မှုတွင် လူထိခိုက်သေဆုံးမှု မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ မီးလောင်မှုကို ရပ်ရွာနေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း ဆိုသည်။

သရက်ချောင်းမြို့နယ် ဘုတ်တောင်ကို စစ်အာဏာရှင်တပ်က ပေါင် ၂၅၀ ဗုံးတစ်လုံးကြဲဟုဆို

Dawei Watch

March 3, 2026

သရက်ချောင်းမြို့နယ် ဘုတ်တောင်တွင်ရှိသည့် စစ်ဆေးရေးဂိတ်နေရာကို စစ်အာဏာရှင်တပ်က မတ်လ ၂ ရက် ညနေပိုင်းတွင် ပေါင် ၂၅၀ ကလက်စတာဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က‌ ပြောသည်။ မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်က ဘုတ်တောင်ခြေတွင် KNLA စစ်ဆေးရေးဂိတ်နှင့် ဘုတ်တောင်ပေါ်တွင် စခန်းရှိပြီး ယင်းနေရာကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါနေရာတွင် KNLA စစ်ဆေးရေးဂိတ်နှင့် စခန်း တပ်ပြန်စွဲထားခြင်း ရှိ၊ မရှိ မသိရသေးပေ။ သို့သော်ယင်းနေရာကို မတ်လ ၂ ရက် (မနေ့က) ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် စစ်အာဏာရှင်တပ်က K-8W ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးတစ်လုံး […]

မြိတ် တက်လက်ငယ်ရွာတွင် စစ်မှုထမ်းကြေး မထည့်သူများကို မဲနှိုက်ခိုင်းမည်ဟု အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်

Dawei Watch

March 3, 2026

မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ တက်လက်ငယ်ရွာတွင် စစ်မှုထမ်းကြေးမထည့်သူများကို စစ်မှုထမ်းအတွက် မဲနိုက်ခိုင်းမည်ဟု အုပ်ချုပ်ရေးမှူးက အစည်းအဝေး‌ခေါ်ယူ၍ ခြိမ်းခြောက်ပြောဆိုကြောင်း ဒေသခံများထံမှ သိရသည်။ တက်လက်ငယ်ရွာတွင် ဖေဖော်ဝါရီလ ၂၈ရက်က အစည်းအဝေးခေါ်ယူကာ ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “တစ်ရွာလုံးကို ခေါ်ပြီးပြောတယ်။ ကြေးပြား (ငွေကြေး) ထည့်တာ မမှန်တဲ့သူတွေကို မဲနှိုက်ခိုင်းမယ်။ မဲပေါက်ရင် စစ်မှုထမ်းရမယ်လို့ ပြောတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ တက်လက်ငယ်ရွာတွင် ပြီးခဲ့သည့် ၂နှစ်မှစ၍ စစ်မှုထမ်းကြေးကို တစ်လလျှင် ၂၅၀၀၀ကျပ် လစဥ်ပေးဆောင်နေရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ စစ်မှုထမ်းကြေးကို လကုန်လျှင် အုပ်ချုပ်ရေးမှူး သို့မဟုတ် ဆယ်အိမ်မှူးက လာရောက်ကောက်ယူကြပြီး မထည့်သူများကို စာရင်းမှတ်သားထားကြောင်း ဒေသခံအမျိုးသမီးကြီးတစ်ဦးက ဆိုသည်။ “စစ်မှုထမ်းကြေးက မထည့်တာ မဟုတ်ဘူး။ ထည့်မနိုင်လို့ […]

ထိုင်းတွင် ကလေးထိန်းထံထားခဲ့သော မြန်မာလုပ်သား၏ အသက် ၂ နှစ်အရွယ်ကလေး သေဆုံး

Dawei Watch

March 3, 2026

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင် ဘန်းစောင်ထုံဒေသတွင် မြန်မာကလေးထိန်းတစ်ဦးထံ အပ်ထားခဲ့သော မြန်မာအလုပ်သမားတစ်ဦး၏ ကလေးမှာ မတော်တဆမှုကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ မတ်လ ၂ ရက်နေ့က မြန်မာကလေးငယ်သည် စမွတ်ပရကန်ဆေးရုံကြီးတွင် ဒဏ်ရာများကို ဆေးကုသနေရင်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ မြန်မာအလုပ်သမား မကြူကြူမွှေးက မြန်မာကလေးထိန်းဖြစ်သော မနီနီအေးထံတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်ကို အပ်ခဲ့၍ အလုပ်ဆင်းလေ့ရှိကြောင်း အဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မြန်မာကလေးထိန်း အမျိုးသမီးသည် ကြမ်းတိုက်ပြီး၍ ရေချိုးနေချိန် အပ်နှံထားသော အသက် ၂ နှစ်အရွယ် ကလေးငယ်ကို သားသမီးဖြစ်သူများနှင့်အတူ ထားရှိခဲ့ကြောင်း WAG အဖွဲ့ကထံမှ သိရသည်။ သားသမီးများနှင့် ထားရှိချိန် ကလေးငယ်သည် […]

ပုလောတွင် တိုက်ပွဲ ၁၀ကြိမ်ထက်မနည်းဖြစ်၊ နေရာသုံးခု သိမ်းယူခဲ့ကြောင်း တော်လှန်ရေးမဟာမိတ်များထုတ်ပြန်

Dawei Watch

March 3, 2026

ပုလောမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်အာဏာရှင်တပ်ကို တိုက်ခိုက်ခဲ့သည့် တစ်လကျော်ကာလအတွင်း တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားပြီး နေရာသုံးခုကို တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက သိမ်းယူနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) က ထုတ်ပြန်သည်။ အင်အား ၁၈၀ ခန့်ပါဝင်သည့် စစ်ကြောင်းကို ပလမြို့၊ ရှပ်ပုံရွာတွင် မြိတ်ခရိုင်တပ်ရင်း (၁) ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့က တစ်လကျော်ကြာ ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်က ၁၀ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် စစ်အာဏာရှင်တပ်တပ်သားတစ်ဦးကို ဖမ်းမိပြီး စစ်အာဏာရှင်တပ်သားတစ်ဦးမှာ လက်နက်နှင့်အတူ တော်လှန်ရေးတပ်များထံသို့ ခိုလှုံလာကြောင်း ဆိုသည်။ ခိုလှုံလာသည့် တပ်သားမှာ စစ်အာဏာရှင် အမှတ် ၁၇ […]