ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတွင် စစ်အာဏာရှင်တပ် အင်အားဖြည့်ပြီးစစ်ကြောင်းထိုး၊ လမ်းတစ်လျှောက်‌ ဒေသခံများကို ဖမ်းဆီး

Dawei Watch

January 13, 2026

တနင်္သာရီမြို့နယ်၊ ဘန်လောရွာနှင့် ခြောက်မိုင်ရွာတို့ကို စစ်အာဏာရှင်တပ်က ကားသုံးစီးဖြင့် အင်အားဖြည့်တင်းပြီ‌နောက် စစ်ကြောင်းထိုးနေပြီး လမ်းတစ်လျှောက် တွေ့ရှိသည့် ဒေသခံများကို ဖမ်းဆီးသွားကြောင်း ဖမ်းခံရသူ မိသားစုဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၁၃ရက် နံနက်ပိုင်းတွင် တနင်္သာရီမြို့မှ စစ်အာဏာရှင်တပ်သားများသည် ဘန်လောရွာနှင့် ခြောက်မိုင် ရွာကို အင်အားဖြည့်တင်းပြီးနောက် ဘန်လောအနီးဝန်းကျင်ကို စစ်ကြောင်းထိုးနေကြောင်း ဖမ်းခံရသည့်ဒေသခံ၏ မိသားစုဝင်တစ်ဦးက ဆိုသည်။ “ကော်ပတ် (ရော်ဘာ) ခြစ်နေတဲ့ သူတွေလည်း ပါသွားကြတယ်။ ကိုယ်ဝန်သည်တွေ၊ ဖိုးကြီး၊ ဖွားကြီး တွေလည်း ဖမ်းတဲ့ထဲ ပါသွားတယ်။ ဘယ်နှစ်ယောက် အဖမ်းခံရဆိုတာတော့ အတိအကျ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။ ဖမ်းဆီးခံရသည့် ဒေသခံများကို စစ်ကြောင်းနှင့် အတူခေါ်ဆောင်သွားသည်ဟုသာ ကြားသိရပြီး လက်ရှိမည်သည့်နေရာတွင် ရှိနေသည်ကို […]

ထိုင်းနိုင်ငံသားများနှင့် ခိုက်ရန်ဖြစ်သော မြန်မာခြောက်ဦး ရဲစခန်းတွင် လာရောက်တောင်းပန်

Dawei Watch

January 13, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင် စားသောက်ဆိုင်ရှေ့တွင် ထိုင်းနိုင်ငံသား ပစ္စည်းပို့သမားများနှင့် ခိုက်ရန်ဖြစ်ခဲ့သော မြန်မာအလုပ်သမားခြောက်ဦးသည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ရဲစခန်းသို့ ရောက်လာပြီး ပစ္စည်းပို့သမားများနှင့် ထိုင်းပြည်သူများကို တောင်းပန်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၁ ရက် နေ့လယ်ပိုင်းက စမွတ်ပရကန်ခရိုင် ဘန်ဘိုဒေသ The One Bra & Restaurant ဆိုင်ရှေ့တွင် ထိုင်းနိုင်ငံသား ပစ္စည်းပို့သမားများနှင့် မြန်မာနိုင်ငံသားများကြား ခိုက်ရန်ဖြစ်ခဲ့သော ရုပ်သံမှတ်တမ်း ဆိုရှယ်မီဒီယာများပေါ် ပြန့်နှံ့လာခဲ့ခြင်းဖြစ်သည်။ လမ်းဆုံမီးပွိုင့်တွင် မြန်မာနိုင်ငံသား မောင်းလာသော ကားက လမ်းကြောင်းမှားပြီး ဝင်လာသဖြင့် ထိုင်းပစ္စည်းပို့သမားက ဟွန်းတီး၍ သတိပေးခဲ့ရာမှ နှစ်ဖက်တင်းမာခဲ့ပြီး ခိုက်ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ ၁၂ ရက်တွင် စားသောက်ဆိုင်သို့ အာဏာပိုင်များ လာရောက်စစ်ဆေးချိန် […]

ထားဝယ်အရှေ့တောဒေသကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်

Dawei Watch

January 13, 2026

ထားဝယ်အရှေ့တောဒေသကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ရက်ဆက်ပစ်ခတ်နေ၍ ဒေသခံများ သတိထားပြီးနေထိုင်နေကြရကြောင်း ဒေသခံအချို့က ပြောသည်။ ဇန်နဝါရီလ ၁၂ ရက်တွင် လက်နက်ကြီး နှစ်လုံး၊ ဒီကနေ့ ၁၃ ရက်တွင် လက်နက်ကြီး ၄ လုံး ဘဝပင်ရွာဝန်းကျင်နှင့် ဝကုန်းရွာဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “ဘဝပင်ရွာ ခဲလုပ်ကွက်နားမှာ လာကျလို့ ခဲရှာသူတွေ ပြန်ပြေးလာကြတယ်။ ဥယျာဉ်ခြံထဲမှာ တစ်လုံးကျတာ မီးလောင်လို့ ခြံရှင် မီးငြိမ်းသတ်နေရတယ်လို့ ပြောတယ်” ဟု ဘဝပင်ရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ထားဝယ်မြို့ ဇဟာရွာအခြေစိုက် အမတ (၃၀၂) အမြောက်တပ်ရင်းနှင့် ကျောက်မဲတောင်စခန်းတို့မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု ယူဆရပြီး လူနှင့် နေအိမ်ထိခိုက်မှု မရှိသေးဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။ “လက်နက်ကြီးက […]

ကော့သောင်းမြို့သို့ အိန္ဒိယသံအမတ် လာရောက်ဟု ထုတ်ပြန်

Dawei Watch

January 13, 2026

အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် ဇန်နဝါရီလ ၁၂ ရက်က ကော့သောင်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်သည်။ အိန္ဒိယသံအမတ်ကြီးသည် စစ်ကော်မရှင်၏ ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး၊ နယ်စပ်စစ်ဆေးရေးဂိတ်များအပြင် ဘုရင့်နောင်အငူကဲ့သို့ အထင်ကရနေရာများနှင့် ကော့သောင်းမြို့ရှိ အိန္ဒိယနွယ်ဖွားများထံ အလည်အပတ် သွားရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကော့သောင်းမြို့သည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိပြီး နှစ်နိုင်ငံကုန်သွယ်ရေး၊ ခရီးသွားလာရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် အရေးပါကြောင်း ကော့သောင်းမြို့ခရီးစဉ်အပြီးတွင် အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။ အိန္ဒိယသံအမတ်ကြီး၏ ယခုခရီးစဉ်သည် ၈ လအတွင်း ဒုတိယအကြိမ်မြောက် တနင်္သာရီတိုင်းခရီးစဉ်လည်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မေလကလည်း သံအမတ်ကြီးသည် ထားဝယ်မြို့သို့ လာရောက်ခဲ့ပြီး တနင်္သာရီတိုင်း စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးမြတ်ကို အပါအဝင် မြို့ခံစီးပွားရေးလုပ်ငန်းရှင်များနှင့် […]

လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်

Dawei Watch

January 13, 2026

လောင်းလုံးမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲ တစ်နာရီနီးပါးကြာ ဖြစ်ပွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လောင်းလုံးမြို့ပေါ် စစ်အာဏာရှင်တပ် တပ်စွဲထားသည့် နေရာများကို ယနေ့ ဇန်နဝါရီလ ၁၃ရက် နံနက် ၆နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့က လာရောက်ပစ်ခတ်ရာမှ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ နှစ်ဘက်ပစ်ခတ်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်သံများ ဆက်တိုက်ကြားရကြောင်း မြို့ခံအချို့က ဆိုသည်။ “အိပ်ရာကတောင် မနိုးကြသေးဘူး၊ တိုက်ပွဲ စဖြစ်တယ်။ အိမ်အောက်မှာ အားလုံးဆင်းဝပ်နေကြရတယ်။ လက်နက်ကြီးရော၊ လက်နက်ငယ်ရောပဲ နှစ်ဖက်စလုံး တော်တော်ပစ်ကြတယ်” ဟု အထက်ပါ မြို့ခံအမျိုးသမီးက ပြောဆိုသည်။ နှစ်ဘက်ပစ်ခတ်မှုဖြစ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားချိန် စစ်အာဏာရှင်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း မြို့ခံအချို့၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ […]

ထားဝယ်ရှိ ဘဏ်များတွင် ငွေထုတ်ရခက်ခဲလာ၍ လုပ်ငန်းရှင်များ အခက်တွေ့

Dawei Watch

January 13, 2026

ထားဝယ်မြို့ရှိ ဘဏ်များတွင် ငွေသားထုတ်ယူရန် ခက်ခဲနေသဖြင့် စီးပွားရေးလုပ်ငန်းများ လည်ပတ်ရန် အခက်အခဲ ဖြစ်ပေါ်နေကြကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှစကာ ဘဏ်တွင် အပ်ထားသည့်ငွေနှင့် လွှဲလိုက်သည့်ငွေကို တစ်လုံးတစ်ခဲတည်း ထုတ်ယူ၍မရတော့ဘဲ ဘဏ်အပေါ်မူတည်ကာ ကျပ်သိန်းဆယ်ဂဏန်းသာ ထုတ်ခွင့်ရနေကြောင်း လုပ်ငန်းရှင်အချို့က ဆိုသည်။ ဘဏ်အပေါ်မူတည်ကာ တစ်ရက်လျှင် ကျပ်ငါးသိန်း ထုတ်ပေးသည့်ဘဏ်ရှိသလို ကျပ်သိန်းနှစ်ဆယ်အထိ ထုတ်ပေးသည့် ဘဏ်များလည်း ရှိနေကြောင်း ၎င်းတို့က ပြောသည်။ အာဏာမသိမ်းမီက ဖွင့်ထားသည့် ဘဏ်အကောင့်များမှာ တစ်ပတ်လျှင် တစ်ကြိမ်သာ ငွေသားထုတ်ခွင့်ရပြီး ကျပ်သိန်း ၁၀၀ အထိ ထုတ်ခွင့်ရနေကြောင်း ထားဝယ်မြို့ရှိ ဘဏ်များတွင် အမြဲတမ်းငွေထုတ်နေရသည့် ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ထိုသို့ တစ်ကြိမ် ထုတ်ယူပြီးပါက တစ်ပတ်အတွင်း အကောင့်အချင်းချင်း ငွေလွှဲခြင်း၊ ငွေသွင်းခြင်း မလုပ်ဆောင်နိုင်တော့ကြောင်း […]

ဂရင်းလန်းက ရုရှားနှင့် ပူးပေါင်းနိုင်ကြောင်း ရုရှားအဆင့်မြင့်အရာရှိပြော

Dawei Watch

January 13, 2026

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်နိုင်ရေးအတွက် အလျှင်အမြန် မဆောင်ရွက်လျှင် ဂရင်းလန်းဒေသခံများအနေဖြင့် ရုရှားနိုင်ငံနှင့် ပူးပေါင်းရန် မဲခွဲဆုံးဖြတ်နိုင်ကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ်က ပြောကြားလိုက်ကြောင်း Interfax သတင်းဌာနက ဇန်နဝါရီ ၁၂ ရက်က ဖော်ပြခဲ့သည်။ “ထရမ့်အနေနဲ့ အလောတကြီး လုပ်ဖို့ လိုအပ်ပါတယ်။ ဂရင်းလန်းကျွန်းမှာ လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲ လူထုဆန္ဒခံယူပွဲတစ်ရပ် ရုတ်တရက် ပေါ်ပေါက်လာနိုင်တယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုတယ်။ လူဦးရေ ၅၅,၀၀၀ ရှိတဲ့ ဂရင်းလန်းတစ်ကျွန်းလုံးက ရုရှားနဲ့ပူးပေါင်းဖို့ မဲပေးကြပါလိမ့်မယ်” ဟု ရုရှားသမ္မတဟောင်းလည်းဖြစ်သူ မက်ဗီဒက်ဗ်က ပြောကြားကြောင်း Interfax သတင်းတွင် ဖော်ပြသည်။ “အဲဒီလိုသာဖြစ်သွားရင်တော့ ပြီးသွားပါပြီ။ အမေရိကန်အလံပေါ်မှာ ကြယ်ပွင့်အသစ်တွေ ထပ်တိုးလာစရာ အကြောင်းမရှိတော့ပါဘူး” ဒိန်းမတ်နိုင်ငံပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဂရင်းလန်းကျွန်းကို […]

တနင်္သာရီတွင် စစ်အာဏာရှင်တပ်လှည့်ကင်းကို တော်လှန်ရေးတပ် တိုက်ခိုက်

Dawei Watch

January 12, 2026

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် ယာယီတပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများ ရမ်းဖိုရွာလမ်းမကြီးတစ်လျှောက်ကို ခြေလျင် ကင်းလှည့်ထွက်လာစဥ် တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၁၂ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် တိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းနောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကြောင်း တော်လှန်‌ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “တိုက်ပွဲက လမ်းကင်းလှည့်တဲ့ သူတွေနဲ့ ဖြစ်ကြတယ်။ မိနစ် နှစ်ဆယ်လောက်‌တော့ ပစ်ခတ်မှုဖြစ်တယ်” ဟု ၎င်းက ပြောသည်။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရမ်းဖိုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းဖိုရွာ ဥယျာဥ်ခြံများဘက်သို့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ဥယျာဥ်ခြံထဲကို ပစ်တာတော့ ထိခိုက်မှုမရှိဘူး။ စစ်သားတွေဘက်ကတော့ သုံးဦး ထိခိုက်မှုရှိတယ်လို့ ကြားရတယ်” ဟု ၎င်းက […]