ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကိုင်းတွင် အမျိုးသားတစ်ဦးကို အသက်ရှင်လျက်ကယ်ထုတ်၊ ရှာဖွေရာတွင် မလေးရှားအဖွဲ့ပါဝင်

Dawei Watch

April 2, 2025

စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ စွယ်တော်နန်းတော်တည်းခိုခန်း ငလျင်ကြောင့် ပြိုကျပျက်စီးမှုတွင် ပိတ်မိနေသည့် အမျိုးသားတစ်ဦးကို ယနေ့ ဧပြီလ ၂ရက် မွန်းလွဲပိုင်းတွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင် မလေးရှားနိုင်ငံက ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့ ပါဝင်သည်ကိုတွေ့ရသည်။ ငလျင် ဗဟိုချက်ဖြစ်ပြီး ထိခိုက်ပျက်စီးသေကြေမှု အလွန်များခဲ့သည့် စစ်ကိုင်းမြို့တွင် မလေးရှားနှင့် တရုတ်နိုင်ငံတို့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့များပါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။ ငလျင် ၆ ရက်မြောက်နေ့ဖြစ်သည့် ယနေ့ ဧပြီလ ၂ရက်တွင် နေပြည်တော်ရှိ အောင်ချမ်းသာဟိုတယ်တွင်လည်း ပိတ်မိနေသည့် အမျိုးသားနှစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်။

မစိုးရိမ်တိုက်သစ်တွင် ရဟန်းအလောင်း ၇ လောင်းထပ်မံ သယ်ထုတ်နိုင်ခဲ့

Dawei Watch

April 2, 2025

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မန္တလေးတိုင်း မစိုးရိမ်တိုက်သစ်တွင် ယနေ့(ဧပြီ ၂) မွန်းတည့် ၁၂ နာရီခွဲအထိ ရဟန်းအလောင်း ၇ လောင်းကို ထပ်မံသယ်ထုတ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။ ရုပ်အလောင်းများမှာ ပြိုကျသည့်အလွှာများ အထပ်ထပ်ဖိထားသဖြင့် အလွာတစ်လွှာခြင်းဖောက်၍ ခက်ခက်ခဲခဲ သယ်ထုတ်ယူခဲ့ကြရကြောင်း ကယ်ဆယ်ရေးတွင်ပါဝင်ဆောင်ရွက်နေသူ တစ်ဦးကပြောသည်။ “ဒီမနက် ရဟန်း Dead Body ခုနှစ်ခု ထုတ်ယူနိုင်တယ်။ ပျက်စီးတဲ့ရုပ်အလောင်းလည်း ပျက်စီးနေပြီ ခုတော့ငလျင်သတိပေးချက် တစ်ခုကြောင့် ကျွန်တော်တို့နားနေပါတယ်”ဟု ၎င်းကပြောသည်။ ငလျင်ဒဏ်ကြောင့် မစိုးရိမ်တိုက်သစ်တွင် ရဟန်း ၂၁ ပါးပျံလွန်တော်မူပြီး ၄၅ ပါး ဒဏ်ရာရရှိခဲ့ကြောင်း မစိုးရိမ်တိုက်သစ် ထုတ်ပြန်ချက်အရသိရသည်။ ဧပြီလ ၁ ရက်နေ့ကစပြီး ယနေ့ မွန်းလွဲချိန်ထိ ရဟန်းအလောင်း ၁၂ လောင်း နှင့် ကိုရင်အလောင်း […]

မွန်တွင် သင်္ကြန်ပွဲတော် ကျင်းပရန် စစ်ကောင်စီဆက်လုပ်

Dawei Watch

April 2, 2025

မြန်မာနိုင်ငံတွင် ငလျင်ဒဏ် ပြင်းထန်စွာခံစားနေရပြီး လူသေဆုံးမှုများရှိနေသော်လည်း စစ်ကောင်စီက မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရန် ပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေသည်။ သင်္ကြန်ပွဲတော်အတွက် ပြည်နယ်စစ်ကောင်စီက မော်လမြိုင်မြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာ မဏ္ဍပ်များကို ဧပြီလ ၁ ရက်နေ့ကစပြီး ဆောက်လုပ်နေကြသည်ဟု မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။ “ကမ်းနားတစ်လျှောက်မှာ ဗဟိုမဏ္ဍပ်ရော၊ ဌာနဆိုင်ရာ မဏ္ဍပ်တွေရော ဆောက်နေတယ်။ သင်္ကြန်အတွက် ပြင်ဆင်နေကြတာပေါ့။ ကြည့်ရတာ သင်္ကြန်ကို မစည်စည်အောင် သူတို့ လုပ်မယ့်သဘောပါ။ ငလျင်ကြောင့် လူတွေ ဒီလောက်ဒုက္ခတွေရောက်နေတာကို အပြင်အဆင်မပျက် လုပ်နေတာတွေ့တော့ ပြောစရာစကားတောင် မရှိတော့ဘူး” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ သင်္ကြန်ပွဲတော်ကာလ စည်ကားစေရန်အတွက် မော်လမြိုင်မြို့တွင် လမ်းလျှောက် သင်္ကြန်ပါထည့်သွင်း ကျင်းပသွားမည်ဟု စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြီးခဲ့သည့် […]

ထိုင်းတွင် လျှပ်စစ်မီတာခ စျေးနှုန်းများ လျှော့ပေးမည်

Dawei Watch

April 2, 2025

ထိုင်းနိုင်ငံတွင် သုံးစွဲနေသော လျှပ်စစ်မီတာခ ဈေးနှုန်းများကို လာမည့် မေလ ၁ ရက်နေ့မှစ၍ လျှော့ချသွားရန် အစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယခင်လျှပ်စစ်မီတာခ တစ်ယူနစ် ၄ ဒသမ ၁၅ ဘတ်မှ ၃ ဒသမ ၉၉ ဘတ်သို့ လျှော့ချရန် အတည်ပြုလိုက်ခြင်းဖြစ်သည်။ မီတာခလျှော့ချမှုသည် လာမည့် မေလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ လေးလတာ အကျုံးဝင်မည်ဖြစ်သည်။ အိမ်သုံးနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးလိုသော ရည်ရွယ်ချက်ဖြင့် မီတာခဈေးနှုန်းများကို လျှော့ချပေးခြင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်က ပြောသည်။ စွမ်းအင်ဝန်ကြီးဌာနက ဈေးနှုန်းများကို ၄ ရာခိုင်နှုန်းလျှော့ချပေးရန် အဆိုပြုသည့်အပေါ် ဝန်ကြီးချုပ်အဖွဲ့က မီတာခဈေးနှုန်းများ တစ်ယူနစ် ၃ ဒသမ […]

ငလျင်ဒဏ်သင့်သူများ၏ မိသားစုဝင်များကို ထိုင်းဝန်ကြီးချုပ် တွေ့ဆုံအားပေး

Dawei Watch

April 2, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူများကို စောင့်ဆိုင်းနေသည့် မိသားစုဝင်များအား ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်က ယနေ့တွင် ထပ်မံလာရောက်အားပေးခဲ့ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၂ ရက်နေ့ အဆောက်အအုံပြိုကျသော နေရာသို့ ထပ်မံရောက်လာချိန်တွင် မိသားစုဝင်များကို ကိုယ်တိုင်သွားရောက် အားပေးခဲ့ခြင်းဖြစ်သည်။ အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေသော အလုပ်သမား ၈၃ ဦး ရှိနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က နှစ်သိမ့်အားပေးခဲ့သည်။ မိသားစုဝင်များအား နေမကောင်းမဖြစ်စေပဲ အချိန်မှန်စားရန်၊ ကျန်းမာရေးဂရုစိုက်ရန် အားပေးခဲ့ပြီး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆိုသည်။ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၁၅ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၉ ဦးရှိကြောင်း နောက်ဆုံးအခြေအနေကို ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းတွင် ယခုလအတွင်း ရက်ရှည်မိုးရွာနိုင်ပြီး မိုးများနိုင်

Dawei Watch

April 2, 2025

စစ်ဘေးရှောင် ခုနစ်သောင်းခန့်ရှိနေသည့် တနင်္သာရီတိုင်းအတွင်း ဧပြီလ ပထမဆယ်ရက်ပတ်အတွင်း လေးရက်မှ ရှစ်ရက်ကြား မိုးရက်ရှည်ရွာနိုင်ခြေရှိကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဧပြီလထဲ နှစ်စဉ်ပုံမှန်ရွာသွန်းနေကျထက် မိုးပိုရွာနိုင်ကြောင်းလည်း ခန့်မှန်ထားသဖြင့် စစ်ဘေးရှောင်များအတွက် အခက်အခဲများ ကြုံလာရမည်ဖြစ်သည်။ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ကရင်၊ မွန် စသည့်တိုင်းနှင့်ပြည်နယ်တို့တွင်လည်း တနင်္သာရီတိုင်းနည်းတူ မိုးရွာသွန်းမည်ဖြစ်ပြီး ပုံမှန်ထက်မိုးပိုနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ငလျင်းဘေးသင့်ဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့တွင်လည်း မိုးရွာနိုင်သော်လည်း ဧပြီလတွင် ယခင်ရွာသွန်းနေကျ မိုးရေချိန်ထက်လျော့နည်းနိုင်ကြောင်း ဖော်ပြထားသည်။ တနင်္သာရီတိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအနီးဝန်းကျင်တစ်ခုလုံးကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသလို တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်များတွင်လည်း တိုက်ပွဲများ၊ စစ်ကြောင်းထိုးမှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ အများအပြားရှိနေသည်။ မိုးရွာသွန်းလာပါက အဆိုပါစစ်ဘေးရှောင်များအတွက် နေရေး၊ ထိုင်ရေးအခက်အခဲရှိလာမည့်အပြင် […]

ရေဖြူ၊ ဇာဒီရွာသို့ ရောက်နေသည့် စစ်ကြောင်းက ရွာသားအချို့ကိုဖမ်းဆီး

Dawei Watch

April 2, 2025

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုကို မတ်လ ၃၁ ရက်က ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဇာဒီရွာနှင့် ခေါင်ပြန်ရွာမှ ရွာသားအချို့ကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှသိရသည် ။ ခေါင်ပြန်ရွာမှ အသက် ၅ဝ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦး ၊ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့ အဖမ်းခံထားရပြီး ဇာဒီရွာတွင်လည်း ရွာသားအချို့ အဖမ်းခံထားရကြောင်း ဒေသခံများကပြောပြသည် ။ ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသဖြင့် ဇာဒီရွာတွင် အဖမ်းခံထားရသူဦးရေနှင့် အသေးစိတ်အချက်အလက်ကို မသိရသေးသဖြင့် မေးမြန်းအတည်ပြုနိုင်ရန် ကြိုစားနေဆဲဖြစ်သည် ။ စစ်ကောင်စီစစ်ကြောင်းသည် ဇာဒီအုပ်စုအတွင်း ဆက်ရှိနေပြီး ရေနက်ဆိပ်ကမ်းရှိရာ နဘုလယ်ဒေသဘက်သို့ ဆက်သွားပြီး ယင်းဒေသရှိ စစ်ကောင်စီ၏ နောက်ထပ်စစ်ကြောင်းတစ်ခုနှင့် သွားရောက်ပူးပေါင်းနိုင်ကြောင်း ဒေသခံတို့ကခန့်မှန်းနေကြသည် ။ ” အခုမနက်(ဧပြီ ၂) […]

ထားဝယ်ခရိုင်တစ်ခုလုံး ဧပြီတစ်လတာ အချိန်ပိုင်းလျှပ်စစ်မီးပြတ်မည်

Dawei Watch

April 2, 2025

ထားဝယ်ခရိုင်တွင် ဧပြီလတစ်လလုံး အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း ခရိုင်အတွင်းရှိ လျှပ်စစ်ဌာနက ထုတ်ပြန်ထားသည်။ ကံပေါက်ရှိ သဘာဝဓာတ်ငွေ့သုံး အင်ဂျင်နှစ်လုံးပြုပြင်နေရသဖြင့် လျှပ်စစ်အသုံးများဆုံး အချိန်ဖြစ်သော နံနက် ၄ နာရီ ၃၀ မိနစ်မှ ၉ နာရီ ၃၀ မိနစ်အထိကို လျှပ်စစ်ဝန်အားလျော့ချမည် ဖြစ်သည်။ ထို့သို့ လျှပ်စစ်ဝန်အားလျှော့ချသည့်အချိန်အတွင်း လျှပ်စစ်ပြတ်တောက်မည်ဖြစ်ပြီး ယင်းပြတ်တောက်မည့်အချိန်တွင် ထားဝယ်ခရိုင်သို့ အုပ်စုနှစ်စုခွဲပြီး အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတစ်ဦးက ပြောဆိုသည်။ “ကံပေါက်က အင်ဂျင်နှစ်လုံးပျက်နေတော့ အဲဒါပြင်မလို့ လျှပ်စစ်ဝန်အားလျှော့မှာ။ လုံးလုံးမီးပြတ်သွားမှာမဟုတ်ပါဘူး။ သူ့အချိန်နဲ့သူ တစ်ခရိုင်လုံးကရွာတွေကို ပေးမှာပါ” ဟု ၎င်းကပြောသည်။ ယမန်နှစ်ကလည်း ရာသီဥတု အပူပြင်းဆုံးဖြစ်သည့် ဧပြီလတွင် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်များပျက်သွားသဖြင့် ထားဝယ်ခရိုင်တွင် လချီကြာ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွားခဲ့ဖူးသည်။ ယင်းအချိန်ကလည်း လျှပ်စစ်ဓာတ်အားကို […]