ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သိန်ခွန်းတိုက်ပွဲအတွင်း ဒဏ်ရာရစစ်ကောင်စီတပ်သားများကို ကားသုံးစီးဖြင့် ပြန်သယ်နေဟုဆို

Dawei Watch

April 3, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာဝန်းကျင်တွင် ရက်ဆက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ကားသုံးစီးဖြင့် ပြန်သယ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ တိုက်ပွဲအတွင်း ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို တင်ဆောင်ပြီး ကားသုံးစီးဖြင့် တနင်္သာရီမြို့ဘက်သို့ ဦးတည်၍မောင်းသွားကြောင်း ဧပြီလ ၁ ရက်‌နေ့ နံနက်စောစောက တွေ့ခဲ့ရသည်ဟု မျက်မြင်တွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးကဆိုသည်။ ”စစ်ကားတွေနဲ့ပဲ ဆင်းသွားကြတယ်။ သူတို့ ကားထဲမှာ ထိုင်လိုက်သွားကြတာက သွေးသံတရဲရဲနဲ့ပဲ။ နာနေသူတွေက ၂၀ ကျော်လောက်ရှိတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ အဆိုပါစစ်ကားသုံးစီးက တနင်္သာရီမြို့ဘက်ကိုဆက်မသွားဘဲ ကမ္မလိုင်းရွာအခြေစိုက် ခမရ ၅၅၈ တပ်တွင် ခေတ္တစခန်းချထားပြီး ဧပြီလ ၃ ရက်(ယနေ့)တွင် မြိတ်မြို့ဘက် ဆက်လက်ထွက်ခွာသွားကြောင်း အသက်၄၄ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ”သူတို့(စကစ) […]

မြန်မာ့ငလျင်ဘေးအတွက် တရုတ်အကူအညီ ဒုတိယအသုတ် ထပ်မံရောက်ရှိ

Dawei Watch

April 3, 2025

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် တရုတ်အစိုးရ၏ အရေးပေါ်အကူအညီ ဒုတိယအသုတ်မှာ ယနေ့ (ကြာသပတေးနေ့)တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသည်။ တရုတ်အစိုးရ၏ အဆိုပါ ဒုတိယအသုတ် အကူအညီပစ္စည်းများတွင် ရွက်ဖျင်တဲ ၈၀၀ ၊ ခြုံစောင်အထည် ၂၀၀၀ ၊ ဘီစကစ်မုန့်ဖာ ၃၀၀၀ ၊ ဓာတ်ဆားရည်ဖာ ၂၀၀၀ နှင့် အခြားအရေးပေါ်လိုအပ်သည့် ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ အဆိုပါ အရေးပေါ်လူသားချင်းစာနာမှု အထောက်အပံ့ပစ္စည်းများကို ဘေဂျင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေကြောင်းခရီးစဉ်ဖြင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်အစိုးရ၏ အပြည်ပြည်ဆိုင်ရာဖွံဖြိုးရေး သမဝါယမအေဂျင်စီ(CIDCA) က ထုတ်ပြန်ထားသည်။ ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် တရုတ်အစိုးရ၏ အကူအညီ ပထမအသုတ်မှာ မတ်လ ၃၁ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံသည် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားနိုင်ရန် […]

ဂျပန်လက်ဝှေ့ကော်မရှင်က မြန်မာ့ငလျင်ဘေးအတွက် ရန်ပုံငွေကောက်ခံပေးဟုဆို

Dawei Watch

April 3, 2025

ဂျပန်လက်ဝှေ့ကော်မရှင်သည် မြန်မာ့ငလျင်ဘေးအတွက် ရန်ပုံငွေ ကောက်ခံပေးနေကြောင်း Letwei Japan ၏ ဖော်ပြထားချက်အရသိရသည်။ ဂျပန်လက်ဝှေ့ကော်မရှင်က ဦးဆောင်ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက် လက်ဝှေ့ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်သည့် အခမ်းအနားတွင် မြန်မာ့ငလျင်ဘေးအတွက် ရန်ပုံငွေများ ကောက်ခံပေးခြင်းဖြစ်သည်ဟု Letwei Japan က အသိပေးထားသည်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားဆီသို့ နာမည်ကြီး ကစ်ဘောက်ဆင်ဖိုက်တာ အများအပြား တက်ရောက်လာခဲ့ကြပြီး တန်းရှင်းနာဆူဂါဝါနှင့် နာအိုရာတို့လည်း ဆုအသီးသီးရရှိခဲ့ကြသည်။ မြန်မာ့ငလျင်ဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတကာက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အားထည့်ဆောင်ရွက်နေသော်လည်း လိုအပ်ချက်များမှာ မြင့်တက်နေဆဲဖြစ်ပြီး ငလျင်ဒဏ်သင့်ဒေသများဆီသို့ WHO က တန်ချိန် ၆၀ ကျော်ရှိသည့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပို့ဆောင်ထားပြီလည်းဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကိုင်းမြို့တွင် အစားအသောက်နှင့် ရေပြတ်လပ်မှုများ […]

သင်္ကြန်ကာလ အတာအိုးရောင်းအားကျ

Dawei Watch

April 3, 2025

နေရပ်စွန့်ခွာစစ်ဘေးရှောင်ရသည့်ရွာ များလာခြင်းကြောင့် သင်္ကြန်အတာအိုးရောင်းအား ဆက်တိုက်ကျလာကြောင်း ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှ အိုးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ စစ်မှုထမ်းအတွက် အဓမ္မဖမ်းဆီးနေမှုအပါအဝင် အကြောင်းအမျိုးမျိုးပြပြီး စစ်ကောင်စီက ဖမ်းဆီးနေမှုကြောင့် လူငယ်လူရွယ်များ ပြည်ပထွက်ခွာမှု ပိုများလာသလို စစ်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာမှုမှာလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်တက်လာခြင်းကြောင့် အတာအိုးရောင်းအားကျလာခြင်းဖြစ်သည်ဟု အိုးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ ကိုဗစ်မတိုင်ခင်က တစ်နှစ်လျင် သင်္ကြန်အတာအိုး အလုံးရေ ခုနှစ်သောင်းခန့်ရောင်းအားရှိသော်လည်း ယင်းနောက်ပိုင်းတွင် တစ်နှစ်ထက် တစ်နှစ်ရောင်းအား သိသိသာသာလျော့ကျလာသည်ဟု အိုးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “အရင်တုန်းကနဲ့တော့ ဘာမှမဆိုင်ဘူး၊ သုံးချိုး နှစ်ချိုးလောက်တော့လျော့ကျသွားတယ်။ အခုက တစ်ချိုးလောက်ပဲကျန်ပြီ။ မောင်မယ်ရှောင်ရွာဆို တစ်ရွာလုံးမရှိတော့ဘူးလေ၊ ကနက်သီရိဆိုလည်း ရွာမှာလူတွေသိပ်မရှိကြဘူးလေ၊ အရင်တုန်းက ထောင်ချီယူနေတဲ့ နေရာမှာ ဖောက်သည်တွေက ရာဂဏန်းပဲယူကြတော့တယ်လေ”ဟု ၎င်းက ဆိုသည်။ ယခုနှစ်တွင် […]

ကန့်ကွက်နေသော်လည်း BIMSTEC အစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တက်ရောက်

Dawei Watch

April 3, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်ရက်ကြာ ကျင်းပမည့် BIMSTEC အစည်းအဝေးကို အာဆီယံ လွှတ်တော်များအဖွဲ့နှင့် အရပ်ဘက်အဖွဲ့များက ဝေဖန်နေသည့်ကြားက စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေအား တက်ရောက်ခွင့်ပြုခဲ့သည်။ ဆွေးနွေးပွဲတွင် ရေကြောင်းပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်အတွက် ဦးသန်းဆွေအပါအဝင် အဖွဲ့ဝင်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများ လက်မှတ်ရေးထိုးနေသော ပုံများကိုလည်း နိုင်ငံတကာသတင်းဌာနများတွင် တွေ့မြင်ရသည်။ ဘင်္ဂလားပင်လယ်အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟု လူသိများသော ခြောက်ကြိမ်မြောက် BIMSTEC အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်သည်။ အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါနှင့် ဘူတန်နိုင်ငံများက တက်ရောက်လာခြင်းဖြစ်သည်။ BIMSTEC အစည်းအဝေးတွင် စစ်ကောင်စီကို ပါဝင်တက်ရောက်ခွင့် မပေးရန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်များအဖွဲ့ […]

သိန်ခွန်းရွာတိုက်ပွဲတွင် စစ်မှုထမ်းအသစ်များ ပိုအသုံးပြုလာဟုဆို

Dawei Watch

April 3, 2025

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာဝန်းကျင်တွင် ရက်ရှည်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များ ပိုမိုအသုံးပြုလာသည်ကို တွေ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ မျက်မြင်တွေ့သူများထံမှ သိရသည်။ မတ်လ ၂၈ ရက်နေ့တွင် ရေဖြူရွာရှိ စစ်ကောင်စီဗျူဟာကုန်းမှတစ်ဆင့် သိန်ခွန်းရွာဘက်သို့ စစ်ကူသွားသည့် စစ်ကြောင်းတွင် စစ်ကောင်စီ တပ်သားသစ်တစ်ရာကျော်ပါလာသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရသည့် အသက် ၂၇ နှစ်အရွယ် ခရီးသွားအမျိုးသမီးတစ်ဦးက ဆိုသည်။ “အဲနေ့က တက်လာတာ ကားတစ်စီးမှာ အယောက် ၂၀ လောက်ရှိတယ်။ ရုပ်တွေက သန့်သန့်လေးနဲ့ ဆံပင်တွေလည်း သင်တန်းက ခုမှဆင်းထားလားမသိဘူး အရှည်တွေသိပ်မရှိဘူး။ အသက်တွေလည်း ၂၀ ကျော် ၃၀ ကျော်တွေက များကြတယ်”ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ထို့အပြင် ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သားများ၏ ပြောဆိုချက်အရလည်း သိန်ခွန်းရွာတိုက်ပွဲတွင် သင်တန်းဆင်းတပ်သားသစ်များ […]

ငလျင်ဒဏ်သင့် ဒေသများအပါအဝင် နိုင်ငံအနှံ့ အချိန်အခါမဟုတ် မိုးရွာနိုင်

Dawei Watch

April 3, 2025

ငလျင်ဒဏ်သင့်သည့် တိုင်းနှင့် ပြည်နယ်များအပါအဝင် မြန်မာနိုင်ငံအနှံအပြား အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဧပြီလ ၂ရက်တွင် ထုတ်ပြန်သတိပေးသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသ မှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ခြင်းဖြစ်ကြောင်း ဆိုသည်။ ဧပြီလ ၂ ရက်မှ ၅ ရက်အတွင်း တနင်္သာရီတိုင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာ စိပ်စိပ် မိုးရွာမည်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်သည်။ ငလျင်ဒဏ်ခံရသည့် နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တို့အပြင် ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကယား၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် […]

ထွန်းထွန်းမင်းနှင့် ညီများက ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်း ၄၀၀ အထိရရှိထားဟုဆို

Dawei Watch

April 3, 2025

မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းနှင့် ညီများ အပါအဝင် သရုပ်ဆောင် ခရစ္စတီးနားတို့က ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီရန်အတွက် အလှူငွေများ ကောက်ခံပေးနေရာ ကျပ်သိန်း ၄၀၀ အထိရရှိနေပြီဖြစ်ကြောင်း Tun Tun Min ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ ထွန်းထွန်းမင်းတို့ ညီအစ်ကိုသည် ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီရန်အတွက် အလှူငွေပမာဏ သိန်း ၄၀၀ ကောက်ခံရရှိထားပြီဖြစ်ပြီး အလှူငွေ ပေးအပ်လှူဒါန်းလိုသူများအနေနှင့် Viber 09778888833 ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း အသိပေးထားသည်။ လက်ရှိတွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် လုံးချောလက်ဝှေ့ပရိုမိုးရှင်းကလည်း ငွေကျပ် သိန်း ၅၀ မတည်လှူဒါန်းပေးလိုက်ပြီဖြစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် အဓိကလိုအပ်သည်မှာ သောက်သုံးရေ ရေသန့်နှင့် စားနပ်ရိက္ခာသာဖြစ်သည်ဟု မန္တလေးတွင်နေထိုင်သူတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားခဲ့သော ပြင်းအား ရစ်ချ်တာစကေး […]