ဘန်ကောက်အနီးတွင် သေနတ်ပစ်ခတ်မှုဖြစ်၊ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
Dawei Watch
April 4, 2025ဘန်ကောက်မြို့အနီးရှိ စမွတ်ပရကန်ခရိုင်တွင် ယနေ့ နေ့လယ်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နံနက် ၁၂ နာရီခွဲခန့်က ဖပဲဒင်ဒေသ ဘန်ယွန်ဈေးအနီးတွင် သေနတ် ၁၀ ချက်ခန့် ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် လူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ ဒဏ်ရာရရှိသူနှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးကုသမှုပေးပြီးနောက် ဆေးရုံသို့ ပို့ဆောင်ပေးထားသည်။ ဈေးထဲက အလှူတစ်ခုတွင် အချင်းချင်းစကားများ ရန်ဖြစ်ပြီးနောက် သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဖြစ်ပြီး သေနတ်သမားများ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ကျည်ဆန်အခွံများသည် ပုံစံမတူသည်ကို ရဲတပ်ဖွဲ့များ စစ်ဆေးတွေ့ရှိခဲ့သဖြင့် သေနတ်ပစ်ခတ်သူသည် နှစ်ဦးနှင့် အထက် ရှိနိုင်သည်ဟု ကနဦး ကောက်ချက်ချထားကြောင်း သတင်းတွင် ဖော်ပြသည်။ လက်ရှိတွင် အနီးဒေသနေပြည်သူများကို သတိထားနေထိုင်ကြရန်လည်း ရဲတပ်ဖွဲ့က သတိပေးထားကြောင်း ဖော်ပြသည်။ […]


