ရေဖြူတွင် ရွာငါးရွာက ဒေသခံများ စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်
Dawei Watch
April 24, 2025ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးတင်းမာနေသည့် မင်းသားကျေးရွာ အုပ်စုအနီးပတ်ဝန်းကျင်ရှိ ကျေးရွာငါးရွာက ဒေသခံများ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ်တွင်ရှိသည့် ဆင်စွယ်၊ ရေငံကြီး၊ ကျောက်တစ်လုံး၊ စိန်ဘုံနှင့် ဘုရားသုံးဆူရွာတို့က ဒေသခံများ စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “ကျွန်တော်တို့ဆီကို ရောက်နေတာက ရွာငါးရွာက အိမ်ထောင်စုတစ်ရာကျော်၊ လူဦးရေအားဖြင့် ငါးရာကျော်ရှိတယ်။ အခြားပတ်ဝန်းကျင်ရွာတွေကတော့ ဆွေမျိုးသားချင်းတွေရှိတဲ့ ကံပေါက်ဘက်ကို ရှောင်ကြသူတွေလည်း ရှိကြတယ် ” ဟု စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းအိမ်ထောင်စုတစ်ရာကျော်အတွက် စားနပ်ရိက္ခာနှင့် ခြင်ထောင်များအပြင် ငှက်ဖျားရောဂါအတွက် ဆေးဝါးနှင့် အရေးပေါ်သုံး ဆေးဝါးများလည်း လိုအပ်နေကြောင်း ၎င်းက ဆိုသည်။ ဧပြီလ ၂၀ ရက်က တိုက်ပွဲစဖြစ်ခဲ့သည့် မင်းသားရွာတွင်မူ […]


