ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော ဆင်ထိုးကြီးရွာသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံး

Dawei Watch

April 4, 2025

ပုလောမြို့နယ် မြိတ်-ထားဝယ်ကားလမ်းရှိ ဆင်ထိုးကြီးရွာက အမျိုးသားတစ်ဦး ဧပြီ ၃ ရက်တွင် မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၆၇ နှစ်ခန့်ရှိ ဦးသိန်းသိန်းသည် ဧပြီလ ၃ရက် နံနက်ပိုင်းတွင် တစ်ဦးတည်း ငါးဖမ်းပိုက်ထောင်ပြီးအပြန်တွင် ၎င်း၏ ဥယျာဉ်ခြံအတွင်း သီဟိုဠ်စေ့ ဝင်ကောက်ရာမှ မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဆင်ထိုးကြီးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “သူ့မိန်းမလည်းပေါ့တယ်။ သူ့ယောင်္ကျားပြန်မလာတာကို လာမပြောဘူး။ ညနေမှ လာပြောတော့ KNLA အဖွဲ့တွေက ဝင်ရှာပေးတာမှာ လဲနေပြီဆိုပြီးပြောတယ်။ အဲဒီမှာ ရွာကလူတွေဝင်ယူပြီး ဝိုင်းကူပေးလိုက်တယ်” ဟု အထက်ပါ အမျိုးသားက ပြောဆိုသည်။ ဦးသိန်းသိန်းသည် မိုင်းနင်မိပြီး ခြေကျင်းဝတ်အထက်ပိုင်းပြတ်တောက်ခဲ့ကာ နာရီပေါင်းများစွာ ကူညီပေးမည့်သူ မရှိသဖြင့် သွေးထွက်လွန် သေဆုံးခဲ့ခြင်းကြောင်း ဒေသခံများက ပြောသည်။ ယင်းကျေးရွာတွင် […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

April 4, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၂၈ ရက်နေ့မှ ဧပြီ ၄ ရက်နေ့အထိ Amazon က TikTok ကို ဝယ်ယူရန် ကမ်းလှမ်း Amazon စီးပွားရေးလုပ်ငန်းကနေ တရုတ်ကုမ္ပဏီဆီက TikTok ကို ဝယ်ယူနိုင်ဖို့ အိမ်ဖြူတော်ဆီ ကမ်လှမ်းချက် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ Amazon ကုမ္ပဏီဘက်က ဒုသမ္မတ ဂျေဒီဗန့်စ်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝက် လတ်နစ် တို့ကို အဆိုပြုလွှာ တင်သွင်းခဲ့တာပါ။ အိမ်ဖြူတော်ကလည်း ဧပြီ ၅ ရက် နောက်ဆုံးထားပြီး TikTok ကို အမေရိကန်ပြည်တွင်းမှာ အပိတ်မခံရဖို့အတွက် တရုတ်ကုမ္ပဏီမဟုတ်တဲ့ ဝယ်ယူသူကို ရှာဖွေနေတာ ဖြစ်ပါတယ်။ အဲဒီနောက် မိုဘိုင်းလ်နည်းပညာကုမ္ပဏီ […]

မြန်မာ့ငလျင်ဘေးကူညီရန် ထိုင်းနှင့် မြန်မာပူးပေါင်းပြီး ရန်ပုံငွေတေးဂီတပွဲ ချင်းမိုင်တွင် လုပ်မည်

Dawei Watch

April 4, 2025

ငလျင်ဘေးသင့် မြန်မာပြည်သူများကို ကူညီရန် ထိုင်းနိုင်ငံသားဂီတပညာရှင်များနှင့် မြန်မာနိုင်ငံသားဂီတပညာရှင်များ ပူးပေါင်း၍ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။ အဆိုပါပွဲကို North Gate Jazz bar အဖွဲ့ ၊ River Catchers အဖွဲ့နှင့် Do One Thing အဖွဲ့တို့က အဓိကပါဝင် ပူးပေါင်းစီစဉ်ကြခြင်းဖြစ်ကြောင်း သိရသည်။ “ဒီပွဲကို စလုပ်ဖို့ စဉ်းစားတဲ့အချိန်မှာ ထိုင်းနိုင်ငံမှာအခြေစိုက်နေတဲ့ ထိုင်းနိုင်ငံသား ဒီဂီတပညာရှင်တွေကလည်း ကူညီချင် တယ်။ စိတ်အားထက်သန်မှုကို ပြတယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ အတူတူပေါင်းလုပ်ကြမလားဆိုပြီးတော့ တိုင်ပင်ဖြစ်ရာ ကနေ ကျွန်မတို့ စပြီးတော့ အကောင်အထည်ဖော်ဖြစ်တာ ဖြစ်ပါတယ်” ဟု ပွဲစီစဉ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။ အဆိုပါ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို လာမည့် […]

မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြသော ထိုင်းကျောင်းသားပြန်လွတ်၊ မြန်မာနှစ်ဦး ပြန်မလွတ်သေး

Dawei Watch

April 4, 2025

ထိုင်းနိုင်ငံတွင် BIMSTEC အစည်းအဝေးတက်ရောက်နေသော မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြသော ထိုင်းကျောင်းသားကို ပြန်လွှတ်ပေးလိုက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း Milk Tea Alliance Thailand တွင် ဖော်ပြသည်။ ဘန်ကောက်မြို့ရှိ Shangri-La ဟိုတယ်တွင် အစည်းအဝေး တက်ရောက်နေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယနေ့ ဧပြီလ ၄ရက် ညနေပိုင်းတွင် ထာ့မဆက်တက္ကသိုလ် ပထမနှစ်ကျောင်းသားတစ်ဦးက ဆန္ဒပြခဲ့သည်။ အဆိုပါကျောင်းသားကို လုံခြုံရေးဝန်ထမ်းများက ထိန်းသိမ်းခဲ့ပြီး ရဲတပ်ဖွဲ့များက ရာဝလတ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယင်းသို့ ဖမ်းဆီးပြီး နာရီပိုင်းအကြာတွင် ပြန်လွှတ်ပေးလိုက်ကြောင်း Milk Tea Alliance Thailand တွင် ဖော်ပြထားသည်။ ထို့အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြသဖြင့် မြန်မာနိုင်ငံသား ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့နှစ်ဦးသည်လည်း မတ်လ ၃ […]

မြန်မာစစ်ခေါင်းဆောင်ကို ဘန်ကောက်တွင် ဆန္ဒပြ

Dawei Watch

April 4, 2025

ထိုင်းနိုင်ငံတွင် BIMSTEC အစည်းအဝေးတက်ရောက်နေသော မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လက်မခံကြောင်း ဘန်ကောက်မြို့တွင် ထိုင်းပြည်သူအချို့ ယနေ့ ဧပြီလ ၄ရက် ညနေပိုင်းတွင် ဆန္ဒပြကြသည်။ မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများကို သတ်ဖြတ်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘန်ကောက်ရှိ ပြည်သူများက မကြိုဆိုကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ “မင်းအောင်လှိုင်ကို မကြိုဆိုဘူး။ ထိုင်းဝန်ကြီးချုပ်က ဖိတ်ကြားလို့ မြန်မာကိုယ်စားပြုအနေနဲ့ လာတက်တာ။ သူက မြန်မာနိုင်ငံအတွက်လည်း ကိုယ်စားမပြုသလို လူသတ်သမားသာ ဖြစ်တယ်” ဟု ဆန္ဒပြရရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း သရုပ်ဖော်၍လည်း ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ ယနေ့ည ဆန္ဒပြပွဲကို လူငယ်၊ လူကြီး ၅၀ ဝန်းကျင်က ပါဝင်ခဲ့ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။

K-9 ခွေးလေးများအတွက် အလှူလက်မခံ ဟု ထိုင်းအစိုးရ ပြော

Dawei Watch

April 4, 2025

ထိုင်းနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် အပျက်အစီးများကြားတွင် ပိတ်မိသွားသူများကို ကယ်တင်ရာတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ပေးနေသော K-9 ခွေးလေးများအတွက် ပြည်သူများက အလှူငွေ ထည့်ဝင်လှူဒါန်းလိုသော်လည်း အစိုးရနှင့် ထိုင်းစစ်တပ်က ခွေးလေးများအတွက် အလှူလက်ခံမည်မဟုတ်ဟု ထုတ်ပြန်အသိပေးလိုက်ပြီဖြစ်ကြောင်း The Nation က ဖော်ပြထားသည်။ ထိုင်းအစိုးရ၏လက်ထောက်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ကာရွမ်း ပေါလ်ပွန်းကလန်း က K-9 တပ်ဖွဲ့ဝင် ခွေးလေးများကို အကြောင်းပြ၍ အလှူမခံရန် သတိပေးစကားပြောကြားလိုက်ပြီး အစိုးရနှင့် ထိုင်းစစ်တပ်ဘက်က ခွေးလေးများအတွက် ပြီးပြည့်စုံစွာ စီစဉ်ပေးထားကြောင်းလည်း ၎င်းက ဆက်လက် ရှင်းပြသွားခဲ့သည်။ သရုပ်ဆောင် အဆိုတော် မာရှာ က ငလျင်ဘေးသင့်ပြည်သူကို ကယ်ဆယ်ရာတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ပေးနေသော K-9 အဖွဲ့ဝင် ခွေးလေးများအတွက် အလှူငွေထည့်ဝင် မ,တည်ကာ သူမ၏ပရိသတ်များကို လှုံ့ဆော်တိုက်တွန်းမှုများ ဆောင်ရွက်လာခဲ့ပြီးသည့်နောက်၌ […]

တနင်္သာရီ ဘန်းလမွတ်ရွာတွင် စစ်ကောင်စီတပ်လမ်းကင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

Dawei Watch

April 4, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုတွင် လမ်းကင်းယူနေသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ဧပြီလ ၃ ရက်တွင် ဘန်းလမွတ်ကျေးရွာအုပ်စု ညောင်ပင်ကုန်းရွာတွင် အင်အား ၅၀ ဝန်းကျင်ဖြင့် လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်သားများကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့က မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက် ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ မြိတ်ဘက်မှလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းနှင့် တနင်္သာရီဘက်မှ လာမည့် စစ်ကောင်စီယာဉ်တန်းအတွက် လမ်းကင်း လာယူထားသည့် စစ်ကောင်စီတပ်သားများဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “စကစဘက်က စစ်ရေးလှုပ်ရှားမှုတွေက ရှိနေလို့ ကျွန်တော်ဘက်ကလည်း နေ့တိုင်းလိုလို ကင်းထောက်လိုက် ဗုံးချတိုက်ခိုက်လိုက် လုပ်တယ်။ သူတို့ (စကစ) တွေကလည်း ပြည်ထောင်စုလမ်းပိုင်းတစ်လျှောက်စိုးမိုးနိုင်ဖို့ အမြဲကြိုးစားနေတယ်” ဟု ၎င်းက ပြောဆိုသည်။ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများတွင် စစ်ကောင်စီသားများ […]

BIMSTEC အစည်းအဝေးလုပ်သည့်နေရာတွင် မြန်မာစစ်ခေါင်းဆောင်ကို ထိုင်းကျောင်းသားတစ်ဦးဆန္ဒပြ

Dawei Watch

April 4, 2025

ထိုင်းနိုင်ငံတွင် BIMSTEC အစည်းအဝေး တက်ရောက်နေသော မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ ဧပြီလ ၄ရက်တွင် ဆန္ဒပြသော ဘန်ကောက်မြို့က ကျောင်းသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာန Prachatai က ဖော်ပြသည်။ ယနေ့ ညနေ ၄ နာရီခွဲခန့်က ဘန်ကောက်မြို့၊ ဘန်ရတ်နယ်မြေရှိ Shangri-La ဟိုတယ်တွင် အစည်းအဝေး တက်ရောက် နေသည့် မင်းအောင်လှိုင်ကို ဆန္ဒပြသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။ အရပ်သားပြည်သူများကို သတ်ဖြတ်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံက မကြိုဆိုကြောင်း လုံခြုံရေး ဝန်ထမ်းများက ၎င်းကို လာဖမ်းစဉ်တွင် အော်ဟစ်ဆန္ဒပြခဲ့သည်ကို ရုပ်သံမှတ်တမ်းအရ သိရသည်။ ယနေ့ပြုလုပ်သော အစည်းအဝေးကလည်း မြန်မာပြည်သူပေါင်း ၆၀၀၀ ကျော်၏ သွေးများနှင့် ပြုလုပ်ခြင်းဖြစ်ကြောင်း စစ်အာဏာသိမ်း ကာလအတွင်း […]