အိန္ဒိယနှင့် ပါကစ္စတန်အကြား စစ်ရေးတင်းမာ၊ အိန္ဒိယက အာရေဗျပင်လယ်သို့ စစ်ရေယာဉ်စေလွှတ်
Dawei Watch
April 25, 2025အိန္ဒိယပိုင် ဂျမူးနှင့် ကက်ရှမီးယားဒေသတွင် ခရီးသွား ၂၆ ဦး အကြမ်းဖက်သတ်ဖြတ်ခံရပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်အကြား စစ်ရေးတင်းမာမှု မြင့်တက်လာနေပြီး အိန္ဒိယရေတပ်၏ လေယာဉ်တင်သင်္ဘော INS Vikrant ကို အာရေဗျပင်လယ်အတွင်း စေလွှတ်ထားလိုက်ပြီ ဖြစ်သည်။ ပါကစ္စတန်ဘက်ကလည်း အာရေဗျပင်လယ်အတွင်း မစ်ဆိုင်းဒုံးစမ်းသပ်ပစ်ခတ်မှုကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းကြောင့် အိန္ဒိယနှင့် ပါကစ္စတန်အကြား နောက်ထပ်စစ်ရေးပဋိပက္ခ ပေါ်ပေါက်လာမည့်အရေး စိုးရိမ်မှုများ မြင့်တက်လျက် ရှိသည်။ စမ်းသပ်ပစ်ခတ်မည့် မစ်ဆိုင်းဒုံးအမျိုးအစားကိုမူ ပါကစ္စတန်ဘက်က ထုတ်ပြန်ထားခြင်း မရှိပေ။ အာရေဗျပင်လယ်အတွင်း အိန္ဒိယရေတပ်သင်္ဘောစေလွှတ်မှုမှာ ပါကစ္စတန်၏ မစ်ဆိုင်းဒုံး စမ်းသပ်ပစ်ခတ်မှုကို တုံ့ပြန်သည့်အနေဖြင့် ပေါ်ထွက်လာခြင်း ဖြစ်သည်ဟု လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများက ဆိုသည်။ ယင်းစမ်းသပ်ပစ်ခတ်မှုထုတ်ပြန်ချက်ကြောင့် ဒေသတွင်းနိုင်ငံများမှ ပင်လယ်ရေကြောင်း သွားလာရေးအာဏာပိုင်များကလည်း သက်ဆိုင်ရာ […]


