BREAKING
November 5, 2025

သတင်း

စစ်ကောင်စီစစ်ကြောရေး၌ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကြောင့် ထားဝယ်တွင် လူငယ်တစ်ဦးသေဆုံး

Dawei Watch

October 25, 2024

စစ်ကောင်စီတပ် စစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးစဥ် ရိုက်နှက်ထားသည့် ဒဏ်ရာများကြောင့် ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်မှ အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ဦး သေဆုံးသွားကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများထံက သိရသည်။ အောက်တိုဘာလ ၂၂ ရက်နေ့တွင် သေဆုံးသွားသည့် ယင်းလူငယ်မှာ ဝဲကျွန်း ထိန်ဟောင်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ပန်းရန်အလုပ်လုပ်သူ တစ်ဦးဖြစ်ကြောင်း၊ အောက်တိုဘာလဆန်းပိုင်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း ၎င်းတို့ကဆိုသည်။ ဖုန်းအတွင်း နိုင်ငံရေးအကြောင်း မျှဝေထားသည့် ပို့စ်များတွေ့သည်ဟုဆိုကာ ဖမ်းသွားခြင်းဖြစ်ပြီး စစ်ကြောရေးတွင် စစ်ဆေးနေသည်ကို မိသားစုက မသိရှိခဲ့ဟု ယင်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။ “ဖြစ်ကတည်းက နေရာစုံလိုက်မေးကြည့်နေကြတာပဲ။ ဘယ်(ရဲစခန်း)မှာမှမရှိဘူးလို့ပဲ ပြောကြတယ်” ဟု ၎င်းကပြောပြသည်။ အောက်တိုဘာ ၁၄ ရက်တွင် ထားဝယ်ဆေးရုံကြီး၌ ဆေးရုံတင်ထားသည်ဟု မိသားစုထံ ဆေးရုံက ဆက်သွယ်လာချိန်မှာသာ အဆက်အသွယ်ပြန်ရခဲ့ခြင်းဖြစ်ကြောင်း၊ ရိုက်နှက်ခံထားရသည့် […]

ထားဝယ်တွင် ကြက်သွန်နီဈေးတက်

Dawei Watch

October 25, 2024

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီဈေးနှုန်းမြင့်တက်နေကြောင်း ပွဲရုံနှင့် အိမ်ရှင်မများထံမှ သိရသည်။ စက်တင်ဘာလ ၂၇ရက်ကစပြီး တစ်ပိဿာ ၃၂၀၀ကျပ်ဖြင့် လေးပတ်ဆက်ဈေးငြိမ်နေသည့် ကြက်သွန်နီဈေးသည် အောက်တိုဘာလတတိယပတ်တွင် တရိပ်ရိပ်တက်လာကြောင်း ထားဝယ်မြို့ ရှိ စားသုံးကုန်စည်ရောင်းချသူများက ပြောသည်။ အောက်တိုဘာလ ၁၈ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ၃၂၀၀ ကျပ်ဈေးရှိရာမှ ယနေ့ အောက်တိုဘာလ ၂၅ရက်တွင် ၄၁၀၀ ကျပ်ဖြစ်လာသဖြင့် တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကိုးရာကျပ် ဈေးတက်သွား ကြောင်း ထားဝယ်မြို့ ရှိ စားသုံးကုန်ရောင်းချသူတစ်ဦးက ဆိုသည်။ “ကြက်သွန်ဟောင်းတွေ ကုန်ခါနီးတော့ ဈေးတက်နေတဲ့ သဘောပါ။ ဒီဇင်ဘာလောက်မှာ အသစ်က ထွက်လာမယ့် အသစ် ကလည်း ချက်ချင်း သုံးလို့မရဘူးလေ” ဟုအထက်ပါစားသုံးကုန်စည် ရောင်းချသူက ပြောသည်။ ကြက်သွန်နီဈေးမှာ ပြီးခဲ့သည်လပိုင်းက […]

စစ်ကောင်စီက နိုင်ငံခြားငွေရရန် ထိုင်းရောက် MOU လုပ်သားများကို အေဂျင်စီများမှတစ်ဆင့် ဖိအားပေး

Dawei Watch

October 25, 2024

နိုင်ငံခြားငွေရရှိရန် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသော စစ်ကောင်စီက ထိုင်းနိုင်ငံရောက် MOU မြန်မာအလုပ်သမားများကို အေဂျင်စီများမှတစ်ဆင့် ဖိအားပေးမှုများ စတင်လုပ်ဆောင်နေကြောင်း အလုပ်သမားများထံမှသိရသည်။ မြန်မာပြည်တွင်းရှိ မိသားစုဝင်များထံသို့ လစာ၏ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ဘဏ်နှင့် ငွေလွှဲလုပ်ငန်းများ မှတစ်ဆင့် ပြန်လွှဲကြရန် မြန်မာအလုပ်သမားများကို စေလွှတ်ခဲ့သော အေဂျင်စီများက ဖိအားပေးခိုင်းစေနေကြောင်း ချွန်ဘူရီခရိုင်ရှိ စက်ရုံတွင် လုပ်ကိုင်နေသော MoU အလုပ်သမားများက ဆိုသည်။ “စက်ရုံဘက်က အဲလောက်အထိ မတင်းကြပ်ဘူး။ အေဂျင်စီဘက်က ပိုတင်းကြပ်တာ။ ကျွန်တော်တို့ ပိုက်ဆံမလွှဲဘူးဆိုရင် စက်ရုံက ဝန (အလုပ်သမားခေါင်းဆောင်) နဲ့လာပြီး ပြောမယ်။ အလုပ်ထုတ်ပလိုက်မယ် ဆိုတာမျိုးပေါ့။ အဲလိုပုံစံမျိုးနဲ့ ခြိမ်းခြောက်တာမျိုးတော့ ရှိတယ်” ဟု MoU အလုပ်သမားတစ်ဦးက ဆိုသည်။ မိသားစုများထံသို့ ငွေလွှဲပေးပို့ပြီးပါက လွှဲပြီးကြောင်းပြေစာများကို သက်ဆိုင်ရာ […]

ပုလော-မြိတ်ကားလမ်းပြန်ဖွင့်လိုက်၍ ခရီးသည်တင်ကားအချို့ ပြန်လည်ပြေးဆွဲ

Dawei Watch

October 24, 2024

နှစ်ဖက်တိုက်ပွဲကြောင့် ရက်ရှည်ပိတ်ထားသည့် ပုလော-မြိတ်ကားလမ်းကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြန်ဖွင့်ပေးလိုက်သဖြင့် ခရီးသည်တင်ကားအချို့ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။ “ပိတ်မိနေတဲ့ကားတွေက အကုန်ရှေ့ဆက်နေကြပြီ၊ ဂိတ်ကနေ ထွက်မယ့်ကားတွေတော့ မထွက်ကြသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြတယ်။ ဒီနေ့မှစပြီးလမ်းဖွင့်တဲ့ရက်ဆိုတော့ ထွက်တဲ့ကားလည်းနည်းတယ်။ လက်ရှိထွက်တဲ့ကားတွေကို နောက်ထွက်မယ့်ကားတွေက လှမ်းထောက်နေတုန်းပဲ” ဟု ထားဝယ်-မြိတ် ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ယနေ့ နံနက်တွင်ပြောသည်။‌ ပုလောမြို့နယ် ကြဲကျေးရွာအုပ်စုမှ ကြဲရွာနှင့် မီးလောင်ချောင်းရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ အောက်တိုဘာ ၁၄ ရက်ညနေပိုင်းကစပြီး နှစ်ဖက်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထားဝယ်-မြိတ် ပြည်ထောင်စုကားလမ်းပေါ်ရှိ ကြဲရွာနှင့် မီးလောင်ချောင်းရွာတွင် ဖြစ်ပွားနေသည့် ယင်းတိုက်ပွဲကြောင့် အောက်တိုဘာ ၁၅ ရက်မှ ၂၃ ရက်နေ့မနက်ပိုင်းအထိ ပုလော-မြိတ်ကားလမ်း ပိတ်ထားခြင်းဖြစ်ပြီး ရာနှင့်ချီသည့်ကားများ ရက်ရှည်ပိတ်မိနေခဲ့သည်။ […]

အွန်လိုင်း အရောင်းအဝယ်ကြောင့် ထိုင်းရဟန်းများ ဘတ်ငွေ ဘီလီယံချီ ဆုံးရှုံး

Dawei Watch

October 24, 2024

ပိရမစ်ပုံစံ ဆင့်ပွား စီးပွားရေးလုပ်ငန်းတစ်ခုတွင် စတော့ရင်းနှီးမြှုပ်နှံရန် ဖြားယောင်းသွေးဆောင်ခံရပြီးနောက် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှ ရဟန်းသံဃာများ ဘတ်ငွေ တစ် ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း Bangkok Post သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းကိစ္စကို စုံစမ်းစစ်ဆေးရန် နိုင်ငံအဆင့်ဗုဒ္ဓဘာသာဆိုင်ရာရုံး(NOB) ကို ထိုင်းအစိုးရက တာဝန်ပေးလိုက်ပြီ ဖြစ်သည်။ Ban Share Nong Carrot အမည်ရ ပိရမစ်ပုံစံ အွန်လိုင်း အရောင်းအဝယ် ကုမ္ပဏီသည် ရဟန်းသံဃာများနှင့် ကျေးလက်နေပြည်သူများကို ပစ်မှတ်ထား ဖြားယောင်းသွေးဆောင်ခဲ့သည်။ စည်းရုံးသိမ်းသွင်းခံရသူများကို ၎င်းတို့ ပြုလုပ်သည့် အွန်လိုင်း အရောင်းအဝယ် သင်တန်းများနှင့် နှီးနှောဖလှယ်ပွဲများ တက်ရောက်စေခဲ့သည်ဟု ထိုင်းမီဒီယာတွေက ဖော်ပြသည်။ အဖွဲ့ဝင်တစ်ယောက်ချင်းစီသည် အနည်းဆုံး ဘတ်သုံးသိန်း ထည့်ဝင်မြှုပ်နှံခဲ့ရသည်။ ကုမ္ပဏီဦးဆောင်သူများသည် တရားစခန်းအစီအစဉ်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓဘာသာရဟန်းသံဃာများကို ပစ်မှတ်ထား […]

ထိုင်းကုန်ပစ္စည်းများ ဖမ်းဆီးနေသဖြင့် မွန်တွင် ထိုင်းကုန်ပစ္စည်းအရောင်းရပ်လာ

Dawei Watch

October 24, 2024

မွန်ပြည်နယ်အတွင်း ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီက လိုက်လံစစ်ဆေးဖမ်းဆီးနေသည့်အတွက် ထိုင်းကုန်ပစ္စည်းကို အရောင်းရပ်ဆိုင်းလာကြကြောင်း ထိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချနေသူတို့ထံမှ သိရသည်။ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တရားမဝင်သွင်းကုန်များကို စစ်ဆေးအရေးယူရန် ညွှန်ကြားသည့် အောက်တိုဘာလ ၉ ရက်နောက်ပိုင်း ထိုင်းကုန်ပစ္စည်းများကို စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးဖမ်းဆီးလာသည့်အပြင် ပွဲရုံနှင့် ဈေးကွက်များထဲအထိပါ လိုက်လံဖမ်းဆီးမှု ပြုလုပ်လာကြောင်း ၎င်းတို့က ပြောသည်။ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် အခြေခံစားသောက်ကုန်များအပါအဝင် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကိုလည်း ဌာန ပေါင်းစုံ ပါဝင်သည့် စစ်ကောင်စီပူးပေါင်းအဖွဲ့တို့က လိုက်လံဖမ်းဆီးနေကြောင်း မော်လမြိုင်မြို့တွင် ထိုင်းစားသောက်ကုန်ပစ္စည်းများ ရောင်းချနေသူတစ်ဦးက ဆိုသည်။ “ထိုင်းက ဝင်လာတဲ့ ပစ္စည်းအကုန်လုံးကို လိုက်စစ်နေတယ်။ တွေ့ရင် ဖမ်းတယ်။ အကုန်လုံးပဲ ပွဲရုံတွေ၊ ဂိုဒေါင်တွေ စျေးကွက်ထဲအထိကို လိုက်ဖမ်းနေတာ အခုက။ ကျွန်မတို့ မွန်ပြည်နယ်မှာက ထိုင်းပစ္စည်းတွေပဲ အသုံးများတော့ ဖမ်းရင် […]

မြိတ်မြို့တွင် MPT ဖုန်းလိုင်းပြန်ရသော်လည်း အသုံးပြုရ အဆင်မပြေသေး

Dawei Watch

October 24, 2024

မြိတ်မြို့တွင် ငါးရက်အကြာပြတ်တောက်နေခဲ့သည့် MPT ဖုန်းလိုင်းများ ပြန်ရနေပြီဖြစ်သော်လည်း မကြာခဏ ပြန်လည် ပြတ်တောက်နေဆဲဖြစ်သဖြင့် အသုံးပြုရ အဆင်မပြေသေးကြောင်း မြို့ခံအချို့ထံမှ သိရသည်။ MPT ဖုန်းလိုင်းမှာ အောက်တိုဘာလ ၂၀ ရက် ညပိုင်းတွင် ပြန်လည်ရရှိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဖုန်းလိုင်း မကြာခဏ ပြန်လည်ပြတ်တောက်သည့်အပြင် အင်တာနက်လိုင်းသည်လည်း နှေးကွေးနေဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “တနင်္ဂနွေနေ့ ည၉နာရီခွဲလောက်က ပြန်ရတယ်။ အင်္ဂါနေ့ မနက်ပိုင်းတောင် ခဏလိုင်းပျောက်သွားသေးတာ” ဟု MPT အသုံးပြုသည့် မြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ MPT ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာကို Dawei Watch က ဆက်သွယ်မေးမြန်းရာ လတ်တလောတွင် တနင်္သာရီတိုင်းအတွင်း လိုင်းအဆင်မပြေမှုများဖြစ်ပေါ်နေသည့်အတွက် အချိန်စောင့်ဆိုင်းပြီး ပြန်လည်အသုံးပြုပေးရန် ပြန်လည်ဖြေကြားခဲ့သည်။ MPT ဖုန်းလိုင်းများ ပြန်လည်ရရှိပြီးနောက် […]

လီကွမ်ယု၏ သားငယ် ယူကေတွင် နိုင်ငံရေးခိုလှုံခွင့်ခံယူ

Dawei Watch

October 23, 2024

မိခင်တိုင်းပြည်၏ ဖိစီးနှိပ်စက်မှုမှ လွတ်မြောက်ရန် ယူကေနိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်ခံယူလိုက်ပြီဖြစ်ကြောင်း စင်္ကာပူနိုင်ငံကို တည်ထောင်သူနှင့် ခေါင်းကိုင်ဖခင်ကြီး အဖြစ်ထင်ရှားသော လီကွမ်ယု၏ သားငယ်ဖြစ်သူ လီရှန်ယန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။ သူ့အတွက် နောက်ဆုံးရွေးချယ်စရာတစ်ခု အနေနှင့် ၂၀၂၂ ခုနှစ်တွင် ယူကေအစိုးရထံ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပြီး ယခုနှစ် ဩဂုတ်လတွင် ယူကေအစိုးရက လက်ခံလိုက်ကြောင်း လီရှန်ယန်းက အသိပေးလိုက်သည်။ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုတွင် လီရှန်လွန်း (၇၂ နှစ်)၊ လီဝေလင်း (၆၉ နှစ်) နှင့် လီရှန်ယန်း (၆၇ နှစ်) တို့ မောင်နှမ သုံးဦး ထွန်းကားသည်။ ယခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် အစ်မဖြစ်သူ လီဝေလင်းနှင့် လီရှန်ယန်းတို့မောင်နှမသည် အစ်ကိုကြီးဖြစ်သူ စင်္ကာပူဝန်ကြီးချုပ်ဟောင်း […]