ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ADB က ဒေါ်လာသန်း ၁၀၀ ကူမည်
Dawei Watch
June 18, 2025ငလျင်ဒဏ်ခံစားခဲ့ရသော မြန်မာနိုင်ငံသားများအတွက် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ကူညီထောက်ပံ့မည်ဖြစ်ကြောင်း ADB က ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်သည်။ ငလျင်ဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများနှင့် လူမှုဘဝများ ရေရှည်တည်ထောင်နိုင်ရေး အတွက် ရည်ရွယ်၍ အာရှဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ (ADF) အောက်က လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။ ပြီးခဲ့သော ဧပြီလ ၁ ရက်တွင် ADB က မြန်မာငလျင်ဒဏ်သင့် ပြည်သူများအား ဒေါ်လာသုံးသန်း အရေးပေါ်ထောက်ပံ့ လှူဒါန်းခဲ့ပြီးနောက် ယခုဒုတိယအကြိမ် ထပ်မံကူညီရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယခု ADB ၏ အကူအညီများကို ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)၊ ကုလသမဂ္ဂကလေးများရန်ပုံငွေ (UNCF) နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် […]


