ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြန်ကျင်းပရန် အတိုက်အခံပါတီ တိုက်တွန်း
Dawei Watch
June 19, 2025ထိုင်းနိုင်ငံ၏ လွှတ်တော်ကို တရားဝင် ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြန်ကျင်းပရန် အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီ (ယခင် Move Forward ပါတီဝင်များ) ခေါင်းဆောင် Nattapong Ruangpanyawut က ယနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။ ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက လွှတ်တော်ထဲတွင် အရေးပေါ်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အတိုက်အခံပါတီဖြစ်သာ ပြည်သူ့ပါတီဘက်က ပြောကြားလာခြင်းဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်အနေဖြင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် အငြင်းပွားဖွယ်ရာ ဖုန်းပြောဆိုခဲ့မှုအတွက် တာဝန်ယူပေးရန် လွှတ်တော်ကို ဖျက်သိမ်းဖို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့နှစ်ဦး ဖုန်းပြောဆိုမှု မှတ်တမ်းတစ်ခု ဇွန်လ ၁၈ ရက်နေ့က ပေါက်ကြားခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်အပေါ် ဖိအားများ […]


