ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်ကျွန်းစုဒေသထွက် ငါးပိနှင့် ပုစွန်ခြောက် ရောင်းအားကျ

Dawei Watch

June 23, 2025

စစ်ရေးအခြေအနေနှင့် စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်ချက်များကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေ သည့်အတွက် မြိတ်ကျွန်းစုဒေသထွက်ရေထွက်ပစ္စည်းများ ရောင်းအားကျနေပြီး ဈေးကျနေကြောင်း ကုန်သည်အချို့ထံမှ သိရသည်။ ရန်ကုန်ကဲ့သို့ တိုင်းပြင်ပဒေသများကို ရေထွက်ကုန်ပစ္စည်းတင်ပို့ရာတွင် အချိန်ကြန့်ကြာခြင်း၊ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များက စစ်ဆေးပြီးသိမ်းဆည်းခြင်းစသည့်အခြေအနေများ ကြုံနေရကြောင်း ၎င်းတို့က ဆိုသည်။ “လမ်းခရီးတအားကြန့်ကြာ‌လာတော့ ဝယ်သူလက်ထဲရောက်ဖို့ မြို့ရွာအလိုက် တစ်လနီးပါးလောက်ကြာတယ်။ တချို့ကုန်တွေဆို ဝယ်သူတွေဆီရောက်ရင် ပေါက်ပြဲကုန်တယ်။ ပုစွန်ခြောက်၊ ငါးပိတွေဆို တချို့ဂိတ်တွေက ယူထားခဲ့တာမျိုးတောင်ရှိတယ်” ဟု မြိတ်မြို့နေ ရေထွက်ပစ္စည်းလက်လီ၊ လက်ကားရောင်းချနေသည့် ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိတွင် ပုစွန်ခြောက်နှင့် ငါးပိကဲ့သို့ ရေထွက်ပစ္စည်းများမှာ ဒေသတွင်းရောင်းအား‌ကိုသာ အားကိုးနေရပြီး တိုင်းပြင်ပရှိ မြို့နယ်များ၏ အမှာအော်ဒါ ထက်ဝက်ခန့်နည်းသွားကြောင်း ၎င်းက ပြောဆိုသည်။ ထို့ကြောင့် မိုးရာသီရောက်နေသော်လည်း မြိတ်ကျွန်းစုဒေသထွက်ရေထွက်ကုန်များ စျေးပိုမရသည်အပြင် […]

တနင်္သာရီဒေသရှိ ပဋိပက္ခဒဏ်ခံနေရသူများအတွက် စိတ်နှင့် လူမှုဆိုင်ရာပံ့ပိုးမှုသင်တန်းဖွင့်မည်

Dawei Watch

June 23, 2025

တနင်္သာရီဒေသရှိ ပဋိပက္ခကာလအတွင်း စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှု ခံစားနေရသူများအတွက် စိတ်နှင့် လူမှုဆိုင်ရာပံ့ပိုးမှုသင်တန်း (Psychosocial Support Training) ဖွင့်လှစ်မည်ဖြစ်ကြောင်း “The Ants-Tanintharyi” အဖွဲ့ထံမှ သိရသည်။ The Ants-Tanintharyi သည် ထားဝယ်ခရိုင်အတွင်း လူသားချင်းစာနာထောက်ထားရေးနှင့် အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။ စစ်ဘေး၊ သဘာဝဘေးနှင့် လူမှုပဋိပက္ခအကျိုးသက်ရောက်မှုများ ခံစားနေရသူများအတွက် ဦးစားပေး၍ ဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်းအမည်ကို “The Inner Shelter -ပတ်ဝန်းကျင်မှာ အန္တရာယ်များနေချိန် ကိုယ့်စိတ်ထဲမှာ ခိုလှုံရာ တည်ဆောက်ခြင်း” ဟု အမည်ပေးထားကြောင်း The Ants-Tanintharyi အဖွဲ့ထံမှ သိရသည်။ “စစ်ဘေးဒဏ် ခံစားရတာတစ်ခုတည်းထက် ကျွန်တော်တို့ရည်ရွယ်တာက အခုလက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခရဲ့ အကျိုးသက် ရောက်မှုကို ခံစားကြရသူတွေအတွက်ပါ ပါဝင်ပါတယ်” ဟု The Ants-Tanintharyi […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

June 22, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန် ၁၅ ရက်မှ ၂၁ ရက်အထိ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ ကန့်ကွက်ခံရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ပြဋ္ဌာန်းလိုက်တဲ့ ‘အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ’ဟာ ဒီမိုကရေစီစံနှုန်းတွေ၊လူ့အခွင့်အရေးစံနှုန်းတွေနဲ့ကွဲလွဲနေတယ်ဆိုပြီး ကန့်ကွက်ခံရပါတယ်။ ဇွန်လ ၁၃ရက်မှာ ပြဋ္ဌာန်းလိုက်တဲ့ အဲဒီဥပဒေဟာ CDM တွေကို ဂုဏ်ပြုချီးမြှင့်ဖို့၊ ပြန်လည်ကုစားပေးဖို့၊ အမှန်တရားနဲ့ တရား မျှတမှုရှာဖွေပေးဖို့ ရည်ရွယ်တယ်လို့ဆိုပြီး တခြားတစ်ဖက်မှာလည်း Non-CDMတွေကို အရေးယူမယ်လို့ပြဋ္ဌာန်းထားပါတယ်။ CDMတွေကို ဂုဏ်ပြုမယ်ဆိုတဲ့အပေါ်ထောက်ခံကြပေမယ့် Non-CDM တွေကို အရေးယူမယ်ဆိုတဲ့ပြဋ္ဌာန်းချက်ကိုတော့ ဝေဖန်ကြပါတယ်။ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူတွေကိုအကြမ်းဖက်ရာမှာပါဝင်သူတွေကို ကျူးလွန်တဲ့ ပြစ်မှုအလိုက် အရေးယူရမှာဖြစ်ပေမယ့် CDM မလုပ်သူတိုင်းကို အရေးယူမယ်လို့ သိမ်းကျုံးပြဋ္ဌာန်းလိုက်တဲ့အပေါ် […]

ထရမ့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုပေးရန် ပါကစ္စတန်ထောက်ခံ

Dawei Watch

June 22, 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုသွားမည်ဟု ပါကစ္စတန်အစိုးရက ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ မကြာသေးခင်က အိန္ဒိယနှင့် ပါကစ္စတန်အကြား ပဋိပက္ခတွင် သမ္မတထရမ့်၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ယင်းသို့ ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ပါကစ္စတန်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထရမ့်ကလည်း ၎င်းအနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို လိုချင်ကြောင်း ယခင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ အမေရိကန်အနေဖြင့် အစ္စရေးနှင့် ပူးပေါင်း၍ အီရန်ရှိ အဏုမြူစက်ရုံများကို တိုက်ခိုက်သွားရန် စဉ်းစားနေကြောင်း သတင်းထွက်ပေါ်လာချိန် ပါကစ္စတန်ဘက်က ယင်းသို့ ထုတ်ပြန်လာခြင်း ဖြစ်သည်။ ပါကစ္စတန်အစိုးရ၏ ထုတ်ပြန်ချက်က ထရမ့်အနေဖြင့် အစ္စရေးဘက်မှနေ၍ အီရန်ရှိ အဏုမြူစက်ရုံများကို ဝင်မတိုက်ရန် ဆွဲဆောင်နိုင်ခြေရှိသည်ဟု ပါကစ္စတန်ရှိ လေ့လာသုံးသပ်သူများက ဆိုသည်။ သို့သော် ယနေ့နံနက်ပိုင်းတွင် အီရန်ရှိအဏုမြူစီမံကိန်း နေရာများကို အမေရိကန်က […]

အီရန်၏ အဏုမြူစီမံကိန်းများကို အမေရိကန် စတိုက်

Dawei Watch

June 22, 2025

အမေရိကန်စစ်တပ်က အီရန်နိုင်ငံရှိ အဏုမြူစီမံကိန်းနေရာများကို စတင်တိုက်ခိုက်လိုက်ပြီဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၂၁ ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးရေးသားလိုက်သည်။ စနေနေ့ တိုက်ခိုက်မှုသည် အမေရိကန်က အီရန်အပေါ် ပထမဆုံးအကြိမ် တိုက်ရိုက်တိုက်ခိုက်မှု ဖြစ်သည်။ “အီရန်က ဖော်ဒို ၊ နေတန့်ဇ် ၊ အက်ရှ်ဖာဟန် အပါအဝင် အဏုမြူစီမံကိန်းနေရာ သုံးခုကို ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှု အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့ပြီးပါပြီ” ဟု ထရမ့်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ အမေရိကန်၏ ပါဝင်တိုက်ခိုက်မှုသည် ဇွန်လ ၁၃ ရက်နေ့ကတည်းက စတင်ခဲ့သည့် အစ္စရေးနှင့် အီရန်အကြား တိုက်ခိုက်မှုကို ပိုမိုဆိုးရွားလာစေပြီး ဒေသအတွင်း ပဋိပက္ခပိုမိုကျယ်ပြန့်လာမည့်အရေး စိုးရိမ်မှုများ မြင့်တက်လာစေသည်။ Source: NBC News

ကျောက်မီးသွေးစက်ရုံအပါအဝင် ထားဝယ်စီမံကိန်းကို အရှိန်မြှင့်မည်ဟု ရုရှားပြော

Dawei Watch

June 21, 2025

ရုရှားနှင့် မြန်မာစစ်ကောင်စီကြား ချုပ်ဆိုသည့် ရင်းနှီးမြှုပ်နှံမှုစာချုပ်အရ ကျောက်မီးသွေးစက်ရုံ အပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံ စီးပွားရေးဝန်ကြီးက ပြောသည်။ နှစ်နိုင်ငံကြား စွမ်းအင်ကဏ္ဍအပါအဝင် ရင်းနှီးမြုပ်နှံမှုဆိုင်ရာစာချုပ်ကို ဇွန်လ ၂၀ ရက်တွင် ရုရှားစီးပွားရေးဝန်ကြီး Maxim Reshetnikov နှင့် စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်တို့ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ဂ်မြို့တွင် လက်မှတ်ရေးထိုးကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ မြန်မာ့ကမ်းလွန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရန်၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ၊ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနဲ့ ဆက်သွယ်ရေးကဏ္ဍများအပါအဝင် နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါ သဘောတူညီချက်အရ မဂ္ဂါဝပ် ၆၆၀ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်နေသည့် ထားဝယ် အထူးစီးပွားရေးဇုန်ကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လည်း ပါဝင်သည်ဟု ရုရှားစီးပွားရေးဝန်ကြီးက […]

မြိတ်တွင် စစ်ကောင်စီတပ်မှ တပ်ကြပ်သုံးဦး တော်လှန်ရေးအင်အားစုများထံ ဘက်ပြောင်းခိုလှုံ

Dawei Watch

June 21, 2025

မြိတ်ခရိုင်တွင် တပ်ကြပ်အဆင့်ရှိသူ စစ်ကောင်စီတပ်သားသုံးဦး ယခုဇွန်လအတွင်း မြိတ်ခရိုင်တွင် စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများထံ ဘက်ပြောင်း ခိုလှုံလာကြောင်း သက်ဆိုင်ရာ တပ်ရင်းများက သတင်းထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၂၁ ရက်တွင် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဘုတ်ခြံရွာ အခြေစိုက် အမှတ် ၁၇ စစ်ကောင်စီ ခြေလျင်တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦးနှင့် တပ်ကြပ်ကြီး စာရေး (အကူ) တစ်ဦးတို့ လက်နက်များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ယင်းတပ်ရင်းက ထုတ်ပြန်သည်။ ၎င်းတို့နှစ်ဦးတွင် MA 1 သေနတ်တစ်လက်၊ MA 2 စက်ကလေးသေနတ်တစ်လက်၊ ဗုံးနှစ်လုံး၊ နင်းမိုင်း ၁ လုံး၊ ကျည်ဘောက် ၁၅ ခု၊ ကျည်ဆန် အတောင့် ရှစ်ရာနီးပါး […]

ပုလော တောင်ယာကမ်းရွာတွင် စစ်ကောင်စီ လက်နက်ကြီးကျည်ထိမှန်ပြီး နေအိမ်နှစ်လုံးပျက်စီး

Dawei Watch

June 21, 2025

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သလို ဒရုန်ဖြင့် ဗုံးချတိုက်ခိုက်သဖြင့် ပုလောမြို့နယ်၊ တောင်ယာကမ်း ကျေးရွာက နေအိမ်နှစ်လုံး ထိမှန်ပျက်စီးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇွန်လ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပုလောမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးကျည်တစ်လုံး ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးနှစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “ရွာသားတွေတော့ မရှိတော့ဘူး။ ရှောင်ကုန်ကြပြီ။ လက်နက်ကြီးထိလို့ နေအိမ်ပျက်စီးတာတွေတော့ ရှိပါတယ်” ဟု တောင်ယာကမ်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ ပျက်စီးသွားသည့် နေအိမ်နှစ်ဆောင်မှာ တိုက်အိမ်အမျိုးအစားဖြစ်ပြီး လက်နက်ကြီး ပေါက်ကွဲထိမှန်ထားသဖြင့် ‌လူနေထိုင်၍ မရသည်အထိ ထိခိုက်ပျက်စီးနေသည်ကို ဓာတ်ပုံမှတ်တမ်းထဲတွင် တွေ့ရသည်။ ထိုကဲ့သို့ လက်နက်ကြီးပစ်ခတ်သည့်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုသည်။ ဇွန်လ ၁၇ ရက်ကမူ […]