ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ကျောင်းသားသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခု ဖမ်းသွားပြီး သုံးရက်ကြာအထိ အဆက်သွယ်မရ

Dawei Watch

June 28, 2025

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာတွင် ကျောင်းတက်နေသည့် ကျောင်းသားသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွား ပြီး သုံးရက်ကြာသည်အထိ အဆက်သွယ်မရကြောင်း ဒေသခံအချို့အပါအဝင် မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ ဇွန်လ ၂၆ရက် နံနက်စောစော ၂နာရီခန့်တွင် တုံးဗျောကျေးရွာရှိ ကြက်မောက်သီးခြံတွင် ခြံစောင့်၍အိပ်နေသည့် ကျောင်းသားသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “သူတို့က ကျောင်းသားတွေပဲ။ ခြံမှာ သူခိုး ခိုးမှာကြောင့် စောင့်အိပ်နေကြတယ်။ လက်နက်ကိုင်အဖွဲ့တစ်ခုက လာဖမ်း သွားပြီး အခုအထိ အဆက်အသွယ်မရသေးဘူး” ဟု အထက်ပါနီးစပ်သူက ပြောသည်။ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ကျောင်းသားများမှာ အသက် ၁၇ နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး တုံးဗျောရွာ အထက်တန်းကျောင်း တွင် Grade-10 တက်နေသူများဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ အဖမ်းခံရသည့် ကလေးတစ်ဦးသည် တုံးဗျောရွာရှိ ကျောင်းအုပ်ကြီး၏ […]

ကော့သောင်းတွင် ဆိုင်ကယ်ကယ်ရီဆွဲသည့် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

Dawei Watch

June 28, 2025

ကော့သောင်းမြို့ ၊ ၁၀မိုင် ကျေးရွာအုပ်စု၊ ချမ်းဖန်းရွာရှိ ဥယျာဉ်ခြံတစ်နေရာတွင် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း ကို တွေ့ရှိရကြောင်း ဒေသခံများနှင့် ပရဟိတအသင်းထံမှ သိရသည်။ ဥယျာဉ်ခြံ သွားသူတစ်ဦးမှ လဲကျသေဆုံးနေသည့် အမျိုးသား၏ ရုပ်အလောင်း ကိုတွေ့ရှိသဖြင့် ရွှေအဏ္ဏဝါ ပရဟိတအသင်းအား ဆက်သွယ်အကူအညီတောင်းခံရာ ရင်ခွဲစစ်ဆေးနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအသင်းကဆိုသည်။ “ကျွန်တော်တို့က ဒီနေ့နေ့လယ်ပိုင်းမှာ အလောင်းသွားသယ်ပြီး ဆေးရုံပို့ပေးခဲ့ပါတယ်။ အလောင်းမှာ ဒဏ်ရာများတယ်” ဟု ရွှေအဏ္ဏဝါ ပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။ သေဆုံးသူသည် လွန်ခဲ့သည့် သုံးရက်ခန့်က ဆိုင်ကယ် ကယ်ရီဆွဲရင်း ပျောက်ဆုံးသွားသဖြင့် ရဲစခန်းတွင် လူပျောက်တိုင်ထားသည့် ကော့သောင်းမြို့ခံ အမျိုးသားဖြစ်သည်ဟု မြို့ခံများထံသိရသည်။ ရုပ်အလောင်း ပြန်တွေ့သည့်နေရာတွင် သေဆုံးသူနှင့် အတူ ပျောက်ဆုံးသွားသည့် […]

ဘန်ကောက်ဆန္ဒပြပွဲ အနီးတွေ့သည့် မြန်မာ ၇ ဦးကို ထိုင်းရဲဖမ်း

Dawei Watch

June 28, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ် ရာထူးက နုတ်ထွက်ပေးရေး ဆန္ဒပြနေသည့် နေရာအနီးသို့ ရောက်ရှိလာသော မြန်မာနိုင်ငံသား ၇ ဦးနှင့် ကမ္ဘောဒီးယား ၁ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ် ရာထူးက နုတ်ထွက်ပေးရေး ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် ထိုင်းပြည်သူများက ဘန်ကောက်မြို့ အနုစာဝရီကျောက်တိုင် (Victory Monument) တွင် ချီတက်ဆန္ဒပြနေခြင်းဖြစ်သည်။ ယင်းအချိန် ဆန္ဒပြနေသော အနုစာဝရီကျောက်တိုင်အနီးသို့ ပစ်ကပ်ကားဖြင့် ရောက်ရှိလာသော မြန်မာနိုင်ငံသား ၇ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦးကို ရဲတပ်ဖွဲ့က မသင်္ကာဖြစ်၍ ဒင်းဒဲရဲစခန်းသို့ ခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများက လတ်ဖလောင်းဒေသရှိ ၎င်းတို့၏ […]

ထိုင်းတွင် ဆေးခြောက်ကို ဆရာဝန်ထောက်ခံချက်ပါမှ ရောင်းချရန် စတင်ကန့်သတ်

Dawei Watch

June 28, 2025

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို ဆရာဝန်ထောက်ခံချက်ပါမှသာ ရောင်းချရန် စတင်ကန့်သတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းနှင့် နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံသည် အာရှတွင် ဆေးခြောက်ကို ပထမဆုံး တရားဝင် သုံးစွဲခွင့်ပြုပြီး သုံးနှစ်အကြာ ယခု ဆေးခြောက်သုံးစွဲခွင့်ကို ပြန်လည်ကန့်သတ်လာခြင်းဖြစ်သည်။ ဆရာဝန်ထောက်ခံချက်ပါမှ ဆေးခြောက်ရောင်းချရမည့် စည်းမျဉ်းအသစ်ကို ကျန်းမာရေးဝန်ကြီး Somsak Thepsutin က လက်မှတ်ထိုးပြီးနောက် ထိုင်းတော်ဝင်ပြန်တမ်းက အတည်ပြုပြီး ဇွန်လ ၂၆ ရက်နေ့မှစ၍ အသက်ဝင်လာခြင်းဖြစ်သည်။ စည်းမျဉ်းအသစ်အရ ဆေးခြောက်ဆိုင်များက ဆရာဝန်ထောက်ခံချက် မပါသူများကို ရောင်းချခွင့် ရှိတော့မည်မဟုတ်ကြောင်း၊ လမ်းဘေးဈေးသည်များနှင့် အွန်လိုင်ဈေးသည်များလည်း ဆေးခြောက် ရောင်းချခွင့် ရှိတော့မည် မဟုတ်ကြောင်း‌ သတင်းတွင် ဖော်ပြထားသည်။ ဆေးခြောက်နှင့် ပတ်သက်၍ ကြော်ငြာများ အားလုံးကိုလည်း ပြန်လည်ရုတ်သိမ်းရမည်ဖြစ်သည်။ စည်းမျဉ်းကို ချိုးဖောက်ပါက ရောင်းချသူများသည် ထောင်ဒဏ် […]

ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရန် ဘန်ကောက်တွင် ဆန္ဒပြ

Dawei Watch

June 28, 2025

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ပေထုတ်တန် ရှင်နာဝပ် ရာထူးက နုတ်ထွက်ပေးရေး ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် ထိုင်းပြည်သူများက ဘန်ကောက်မြို့ အနုစာဝရီကျောက်တိုင် (Victory Monument) တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့၏ ဖုန်းပြောဆိုမှု မှတ်တမ်း ပေါက်ကြားလာပြီးနောက် ထိုင်းဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးရန် ပြည်သူများက ဆက်တိုက်ဆန္ဒပြနေခြင်းဖြစ်သည်။ ဆန္ဒပြသူများက တိုင်းပြည်အချုပ်အခြာအာဏာကို ကာကွယ်ကြရန်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ရာထူးက နုတ်ထွက်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။ Ref: The Reporter, AP

တနင်္သာရီတွင် စစ်ကောင်စီတပ် ဖမ်းထားသည့် လူငယ်နှစ်ဦး ငါးရက်ကြာအထိ ပြန်မလွတ်သေး

Dawei Watch

June 28, 2025

တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ဆိုင်ကယ်စီးလူငယ်အမျိုးသားနှစ်ဦး ငါးရက်ကြာသည်အထိ ပြန်လည်မလွတ်မြောက်သေးကြောင်း ဒေသခံအချို့၊ အဖမ်းခံရသူများ၏ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဇွန်လ ၂၄ ရက် ညဦးပိုင်းတွင် ဆိုင်ကယ်စီးလာသည့် အသက် ၂၀ ဝန်းကျင်အရွယ် အောက်ကင်းရွာသား အမျိုးသား တစ်ဦးကို လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါစစ်ကောင်စီတပ်သားများသည် အောက်ကင်းရွာအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းကဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ အဆိုပါလူငယ်အမျိုးသားကို ဖမ်းဆီး၍ ရိုက်နှက်စစ်ဆေးပြီး တနင်္သာရီမြို့ပေါ်ရှိ အချုပ်ခန်းကို ပို့လိုက်သည့်အတွက် ၎င်း၏အခြေအနေကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဖမ်းပြီးနောက်ပိုင်း ရိုက်ထားတာ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး လူတွယ် (တွဲခေါ်သူ) နဲ့ တွယ်သွားလို့ မြင်တဲ့သူတွေက ပြောတယ်။ တနင်္သာရီမှာ […]

မောင်မယ်ရှောင် ဘုရားမဲစစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်

Dawei Watch

June 28, 2025

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ၊ နည်းပညာတက္ကသိုလ်အနီးရှိ ဘုရားမဲ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယနေ့ ဇွန်လ ၂၈ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ နံနက် ၇ နာရီခန့်မှစ၍ မွန်းလွဲ ၂ နာရီခန့်အထိ ပစ်ခတ်သံများ ကြားနေရပြီး လက်နက်ကြီးပစ်ခတ်သံများလည်း ဆက်တိုက်ကြားရကြောင်း ဒေသခံများက ဆိုသည်။ “လက်နက်ကြီးအသံ ဆက်တိုက်ကြားရတယ်။ တိုက်ပွဲက ဘုရားမဲဂိတ်ဘက်မှာ ဖြစ်တာပါ။ တိုက်ပွဲဖြစ်နေတုန်း ကားလမ်းတော့ ခဏပိတ်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ တိုက်ပွဲနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ နှစ်ဘက်တိုက်ပွဲအခြေအနေနှင့် ထိခိုက်မှု အခြေအနေတို့ကို Dawei Watch က စုံစမ်းနေဆဲဖြစ်သည်။ ၂၀၂၄ နှစ်ဆန်းပိုင်းကစ၍ မောင်မယ်ရှောင်ရွာပတ်ဝန်းကျင်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်တို့အကြား […]

ဂျိုရှူအာဗန်ကြောင့် ချင်းဘုရားကျောင်းကိုတောင် နေ့ချင်းညချင်း လူသိများသွားပြီ

Dawei Watch

June 28, 2025

ချင်းဖိုက်တာလေး ဂျိုရှူအာဗန်ကြောင့် ချင်းခရစ်ယာန်ဘုရားကျောင်းကို လူသိများသွားခဲ့ပါပြီ။ ဂျိုရှူအာဗန်ရဲ့လှုပ်ရှားမှုတွေကို ရိုက်ကူးတင်ဆက်နေတဲ့ UFC ဟာ ချင်းခရစ်ယာန်ဘုရားကျောင်းအထိ သွားရောက်ပြီး ဂျိုရှူအာဗန်ရဲ့လှုပ်ရှားမှုတွေကို ရိုက်ကူးခဲ့တာပါ။ UFC က တင်ဆက်ပြသလိုက်ပြီးတဲ့နောက်မှာတော့ ဂျိုရှူအာဗန်ရဲ့ ပုံရိပ်နဲ့အတူ ချင်းခရစ်ယာန်ဘုရားကျောင်းကိုလည်း လူသိများသွားခဲ့ပါတယ်။ UFC ဟာ UFC 317 Embadded ရဲ့ Vlog Episode – 2 မှာ ချင်းခရစ်ယာန်ဘုရားကျောင်းဆီ ဂျိုရှူအာဗန် သွားရောက်နေတဲ့မြင်ကွင်းတွေကို ထုတ်လွှင့်ပြသခဲ့တာပါ။ ဒီအပိုင်းမှာ ဂျိုရှူအာဗန်ရဲ့ဘာသာတရားကိုင်းရှိုင်းပုံနဲ့ ချင်းလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကို စနစ်တကျ တင်ဆက်ထားတာ မြင်တွေ့ရပါတယ်။ UFC ဟာ UFC 317 Embadded ရဲ့ Vlog Episode – 1 မှာတုန်းက 4 oz Fight Club […]