ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အစ္စရေး၏ အပစ်ရပ်သဘောတူညီချက်လိုက်နာမှုကို မယုံကြည်ကြောင်း အီရန်ပြော

Dawei Watch

June 30, 2025

၁၂ ရက်ကြာ အစ္စရေး – အီရန် စစ်ပွဲကို အဆုံးသတ်စေခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် အစ္စရေး၏ လိုက်နာမှုကို ယုံကြည်မှုမရှိသလောက် နည်းပါးကြောင်း အီရန်ဘက်က ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ အစ္စရေးကို ရည်ညွှန်း၍ အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲဖြစ်သူ Abdolrahim Mousavi က “ကျွန်တော်တို့က စစ်ပွဲကို စတင်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ကျူးကျော်တိုက်ခိုက်လာတဲ့သူကို ကျွန်တော်တို့မှာ ရှိသမျှ စွမ်းပကားအားလုံးနဲ့ ကျွန်တော်တို့ ပြန်တုံ့ပြန်ခဲ့တယ်” ဟု ပြောဆိုသည်။ “အပစ်ရပ်သဘောတူညီချက်အပါအဝင် သူတို့ရဲ့ ကတိကဝတ်တွေကို ရန်သူက လိုက်နာလိမ့်မယ်ဆိုတာ ကျွန်တော်တို့မှာ သံသယကြီးကြီးမားမား ရှိတယ်။ ကျွန်တော်တို့ကို နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ရင် ကျွန်တော်တို့ကလည်း ပြန်တိုက်ခိုက်ဖို့ အသင့်ရှိတယ်” ဟု ၎င်းက […]

ကော့သောင်းထောင်က နိုင်ကျဥ်းတစ်ဦးသေဆုံး

Dawei Watch

June 30, 2025

ကော့သောင်းအကျဥ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦး နာမကျန်းဖြစ်၍ ဆေးကုသမှု ခံယူ နေစဉ် သေဆုံးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ယနေ့ ဇွန်လ ၃၀ရက်တွင် သတင်းထုတ်ပြန်သည်။ နိုင်ငံရေးအကျဉ်းသား အသက် ၅၄ နှစ်အရွယ် ဦးအေးလွင် ကော့သောင်းဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ နာမကျန်းဖြစ်နေသည့်အချိန်တွင် ထောင်တွင်းမှ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အချိန်နှင့်တပြေးညီ လုံလောက်သော ဆေးဝါးကုသမှု မရရှိဘဲ သေဆုံးခဲ့ရသည်ဟု PPNM က စုံစမ်း သိရှိရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ဦးအေးလွင်က ထောင်ထဲကနေ အရေးပေါ် အခြေအနေမှာ ပြင်ပဆေးရုံကိုထွက်ခဲ့တယ်။ အချိန်နောက်ကျခဲ့တယ်။ အချိန်နဲ့ တပြေးညီမထုတ်နိုင်ခဲ့လို့ဆုံးသွားတယ်။ ဒါပေမဲ့ ဦးအေးလွင်နဲ့ပတ်သက်တဲ့ကိစ္စကို အကျဥ်းဦးစီးဌာနကရော၊ စစ်တပ်က ရော လုံခြုံရေးအပြည်နဲ့ […]

သရက်ချောင်းတွင် လက်နက်ကြီးကျ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Dawei Watch

June 30, 2025

သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာတွင် ယနေ(ဇွန် ၃၀) နေ့လယ်ပိုင်းတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများကပြောသည်။ ယင်းအမျိုးသမီးမှာ ခင်ပွန်းဖြစ်သူနှင့်အတူ နေအိမ်၌ရှိနေချိန် နေအိမ်အနီးလက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့ရာမှ ကျည်စထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ လက်နက်ကြီး ကျည်စထိမှန်ခြင်း‌ကြောင့် အဆိုပါအမျိုးသမီး၏လက်တွင် ဒဏ်ရာရရှိခဲ့ပြီး၊ ထားဝယ် ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း ၎င်းကဆိုသည်။ “ထမင်းစားဖို့လုပ်နေတုန်းမှာ အိမ်နားလာကျတဲ့ လက်နက်ကြီး အစစင်သွားတာ အိမ်လည်းနည်းနည်းပျက်စီးသွားတယ်”ဟု ၎င်းဒေသခံကပြောသည်။ ယနေ့ နေ့လယ်ပိုင်း၌ ရန်တောင်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ယင်းလက်နက်ကြီးကျည်ဆန်မှာ မည်သည့်အဖွဲ့က ပစ်ကြောင်းမသိရသေးပေ။ ယင်းသို့တိုက်ပွဲဖြစ်နေချိန်တွင် ထားဝယ်မြိုပေါ်ရှိ အမြောက်တပ်နှင့် သရက်ချောင်းမြို့ရှိ ရွှေဂူတောင် စစ်ဆေးရေးဂိတ်တို့မှနေ၍ စစ်ကောင်စီတပ်က ရန်တောင်ရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ […]

တနင်္သာရီတိုင်းသို့ ရွေးကောက်ပွဲ အီလက်ထရွန်နစ်မဲပေးစက်များ ရောက်ရှိ

Dawei Watch

June 30, 2025

အွန်လိုင်းစနစ်ဖြင့် မဲပေးရမည့် အီလက်ထရွန်နစ်မဲပေးစက်များ တနင်္သာရီတိုင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းစစ်ကောင်စီက ဇွန်လ ၂၉ ရက်‌တွင် ထုတ်ပြန်သည်။ Myanmar Electronic Voting Machin (MEVM) ဟု အမည်ပေးထားသည့် အဆို မဲပေးစက်များသည် တနင်္သာရီတိုင်းသို့ ရောက်ရှိနေပြီဖြစ်ကာ စနစ်တကျထိမ်းသိမ်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုင်းအဆင့် အီလက်ထရောနစ် မဲပေးခြင်းဆိုင်ရာကြီးကြပ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ထိုအဖွဲ့၏ ဥက္ကဋ္ဌမှာ စစ်ကောင်စီ တနင်္သာရီတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး တာဝန်ယူထားသူ ဦးအောင်ဇော်လှိုင်ဖြစ်သည်။ အီလက်ထရွန်နစ်မဲပေးစက်( MEVM) စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းကိုလည်း တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အလိုက်သင်တန်းပေးရန် စီစဉ်နေကြသည်။ မဲပေးစက်အားကိုင်တွယ်အသုံးပြုနည်းသင်တန်းအတွက် အထောက်အပံ့ပေးမည့် နည်းပညာဆိုင်ရာ အထောက်အကူအဖွဲ့ ကိုလည်း ဖွဲ့စည်းသွားရန်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီလက်ထရွန်နစ်မဲပေးစက် (MEVM) များ အခြေအနေ အသေးစိတ်သိရှိရန် Dawei Watch […]

ကမ္ဘောဒီးယားက တရုတ်ထုတ်လက်နက်တွေနဲ့ ဘန်ကောက်မြို့ကို တိုက်ခိုက်နိုင်သလား

Dawei Watch

June 30, 2025

ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံကို တိုက်ခိုက်ရင် တရုတ်နိုင်ငံထုတ်လက်နက်တွေ အသုံးပြုနိုင် ပေမယ့် အဆိုပါလက်နက်တွေက ဘန်ကောက်မြို့တော်အထိ မရောက်ရှိနိုင်ဘူးလို့ တရုတ် စစ်အရာရှိဟောင်းတစ်ဉီးက ဆိုလိုက်ပါတယ်။ နှစ်နိုင်ငံ နယ်စပ်တင်း မာမှုတွေက စစ်ရေးပဋိပက္ခဖြစ်လာရင် တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံဘက်မှ ရပ်တည်ဖွယ်မရှိဘူး သူက ဆိုပါတယ်။ “တရုတ်နိုင်ငံက လက်နက်တင်ပို့တာ ခုခံကာကွယ်ဖို့ဖြစ်ပြီး တရုတ်စစ်လက်နက်တွေကို ဝယ်ယူ ပြီးရင် ပိုင်ဆိုင်မှုနဲ့ အသုံးပြုပိုင်ခွင့်ကို လက်နက်ရရှိတဲ့တိုင်းပြည်က အပြည့်အဝ ပိုင်ဆိုင်ပါတယ်” လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ စစ်ဘက်သရုပ်ပြဟောင်း ဆောင်ကျောင်ပင်က ပြော ပါတယ်။ “ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေနဲ့ပတ်သက်လို့ အစဉ်အလာ မိတ်ဆွေနှစ်နိုင်ငံ စစ်မက်ဖြစ်ပွားတာကို တရုတ်နိုင်ငံက မမြင်တွေ့လိုပါဘူး။ တရုတ်နိုင်ငံက စေ့စပ်ညှိနှိုင်းမှုတွေနဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်အောင်ဆောင်ရွက်ဖို့ ကြိုးပမ်းပါမယ်။ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အစဉ်အလာ […]

ထိုင်းတွင် စက္ကူစက်ရုံမီးလောင်၊ လုပ်သားခြောက်ဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရ

Dawei Watch

June 30, 2025

ထိုင်းနိုင်ငံအလယ်ပိုင်း စာရာဘူရီခရိုင်၊ နွန်းခေးဒေသရှိ ဟေမာရတ်စက်မှုဇုန်ထဲက တစ်ရှူး-စက္ကူစက်ရုံကြီးသည် ယနေ့ ဇွန်လ ၃၀ ရက် နေ့လယ်ပိုင်းမှစတင်၍ မီးလောင်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မီးလောင်မှုကြောင့် သေဆုံးသည့် အလုပ်သမား ခြောက်ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားပြီး အလုပ်သမား ၂၂ ဦးလည်း ဒဏ်ရာရကြောင်းမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းအပြင် ပျောက်ဆုံးသူ နှစ်ဦးရှိနေသေးကြောင်း သတင်းများတွင် ဖော်ပြသည်။ မီးလောင်ဒဏ်ရာရရှိသူများအနက် လေးဦးမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း ဆိုသည်။ မီးလောင်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူများနှင့် ပျောက်ဆုံးသူများမှာ မည်သည့်နိုင်ငံသားများဖြစ်သည်ကို သတင်းဌာနများတွင် ဖော်ပြထားခြင်း မရှိသေးသဖြင့် မြန်မာအလုပ်သမား ပါဝင်ခြင်းရှိမရှိကိုမူ မသိရသေးပေ။ မီးသတ်သမားများနှင့် ကယ်ဆယ်ရေးအဖွဲ့များက မီးကို ထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေသည်မှာ နှစ်နာရီခန့်ကြာလာပြီဖြစ်ပြီး လက်ရှိအချိန်အထိ ထိန်းချုပ်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ […]

သရက်ချောင်းမြို့နယ် ရန်တောင်ရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

June 30, 2025

သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်ကားလမ်းပေါ်ရှိ ရန်တောင်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ ဇွန်လ ၃၀ ရက် နေ့လယ်ပိုင်းတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း PDF တပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ ဇွန်လ ၂၉ ရက် မနက်ပိုင်းက ထားဝယ်မြို့ဘက်မှ ကားဖြင့်ရောက်လာသည့် စစ်ကောင်စီတပ်သည် ရန်တောင်ရွာလယ် ဘုန်းကြီးကျောင်းနှင့် ဒေသခံပြည်သူများ၏ နေအိမ်အတွင်း ဝင်ရောက်တပ်စွဲထားသည်ဟု ယင်းကျေးရွာမှ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ “ပစ်ခတ်မှုကတော့ ပစ်လိုက်နားလိုက်ပဲ၊ မိန်းမကြီးတစ်ယောက် လက်နက်ကြီးစမှန်ပြီး သေတယ်လိုလိုလည်း သတင်းတွေကြားတယ်။ အစ်မတို့က မနေ့တည်းက စစ်တပ်လာစွဲကတည်းက ထွက်ပြေးလာကြတာ ရွာထဲမှာလည်း လူတွေမရှိကြဘူးဆိုတော့ သတင်းအတိအကျ မသိရသေးဘူး” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။ ရန်တောင်ရွာလယ်ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို […]

ဟောင်ကောင်ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အတိုက်အခံပါတီ ဖျက်သိမ်း

Dawei Watch

June 30, 2025

ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားသည့် ဆိုရှယ်ဒီမိုကရက်အဖွဲ့ချုပ်ပါတီ(LSD) ကို နိုင်ငံရေးဖိအားကြောင့် ဖျက်သိမ်းလိုက်ကြောင်း ဇွန်လ ၂၉ ရက်နေ့တွင် ပါတီက ကြေညာလိုက်သည်။ ယင်းမှာ ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသည့် အတိုက်အခံများကို တရုတ်ပြည်မကြီးအစိုးရ၏ နှစ်ပေါင်းများစွာ ဖိနှိပ်မှုအတွင်း ယခုပါတီဖျက်သိမ်းရမှုလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ဟောင်ကောင်ကျွန်း၌ တရုတ်ပြည်မအစိုးရကို ဆန့်ကျင်သည့် အကြီးစားဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ ယင်းနောက် တရုတ်ပြည်မအစိုးရက ၂၀၂၀ ခုနှစ် အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းကာ ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသည့် တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တော်တော်များများကို ဖမ်းဆီးထောင်ချခဲ့သည်။ အရပ်ဘက်အဖွဲ့အစည်း ဒါဇင်ပေါင်းများစွာလည်း ဖျက်သိမ်းခံရသည့်အပြင် တရုတ်ပြည်မကြီးအစိုးရကို ဝေဖန်သည့် ဟောင်ကောင်အခြေစိုက် မီဒီယာများလည်း ပိတ်သိမ်းခံခဲ့ရသည်။ ယင်းတို့အနက် LSD ပါတီသည် လမ်းပေါ်လျှပ်တပြက်ဆန္ဒပြပွဲအသေးစားများကို အန္တရာယ်ကြားတွင် မကြာခဏ ပြုလုပ်ခဲ့သည့် တစ်ခုတည်းသော ပါတီဖြစ်သည်။ LSD ပါတီသည် ပြီးခဲ့သည့် […]