ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းဝန်ကြီးချုပ် ရာထူးမှ ဆိုင်းငံ့ခံရ

Dawei Watch

July 1, 2025

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်သည် ဝန်ကြီးချုပ်တာဝန်က ဆိုင်းငံ့ခံလိုက်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဖုန်းပြောမှတ်တမ်း ပေါက်ကြားမှုနှင့် ပက်သက်၍ အထက်လွှတ်တော်အမတ်များက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်သွင်းထားခြင်း ဖြစ်သည်။ အထက်လွှတ်တော်အမတ်များ၏ စွဲချက်များကို လက်ခံစဉ်းစားရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သဘောတူလိုက်သဖြင့် ဝန်ကြီးချုပ်ကို ရာထူးက ဆိုင်းငံ့ထားရန် အမိန့်ချလိုက်ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ကို ရာထူးက ဆိုင်းငံ့ထားရန် ခုံရုံးက မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၇ မဲ၊ ကန့်ကွက်မဲ ၂ မဲရှိ ခဲ့သည်။ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောဆိုမှု မှတ်တမ်း ပေါက်ကြားလာပြီးနောက် ထိုင်းဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးရန် ပြည်သူများကလည်း ဆန္ဒပြနေကြခြင်းဖြစ်သည်။ လက်ရှိတွင် ဒုတိယဝန်ကြီးချုပ် […]

စစ်ကောင်စီပိတ်ဆို့မှုကြောင့် တနင်္သာရီရှိကျေးရွာအချို့တွင် အိမ်သုံးဆေးဝါးစျေးတက်ပြီး ဝယ်ရခက်ခဲ

Dawei Watch

July 1, 2025

စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုများကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အိမ်သုံးဆေးဝါးဈေးတက်ပြီး ဝယ်ယူရခက်ခဲနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မြိတ်မြို့မှ တနင်္သာမြို့နယ်ဘက်သွားသည့် လမ်းပိုင်းရှိ ကြေးနန်းတိုင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဆေးဝါး၊ရိက္ခာသယ်သူခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ကန့်သတ်ထားသည်။ ယခုနှစ် မတ်လ ၁၇ ရက်နေ့ကစပြီး ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် ဆေးဝါးသယ်ဆောင်ခွင့် တင်းကျပ်ပြီး စစ်ဆေးဖမ်းဆီးမှုများရှိလာပြီးနောက် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် အိမ်သုံးဆေးဝါး နှစ်ဆဝန်းကျင်စျေးတက်လာကြောင်း ကမ်းတိုရွာနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ဆိုသည်။ “ကိုယ်ဝန်ဆောင် အားတိုးဆေးလည်း လုံးဝဝယ်လို့မရဘူး။ ကျွန်မအခု ဗိုက်(ကိုယ်ဝန်) ၆လမှာ တစ်ကဒ်ပဲ သောက်ရသေးတယ်။စျေးကြီးပေးပြီး ရှာဝယ်တောင်မရှိဘူး”ဟု ၎င်းက ပြောသည်။ ထို့အပြင် ပါရာစီတမော အလုံးတစ်ရာပါ တစ်ဘူးလျှင် ၄၅၀၀ ကျပ်မှ ကျပ် ၈၀၀၀ အထိလည်းကောင်း၊ ဗီတာမင်စီ အလုံးတစ်ရာပါ တစ်ဘူးလျှင် ၄၀၀၀ […]

USAID အကူအညီရပ်ဆိုင်းမှုကြောင့်၂၀၃၀ မကုန်ခင် လူ ၁၄ သန်းကျော် သေဆုံးနိုင်

Dawei Watch

July 1, 2025

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)၏ အကူအညီများကို ထရမ့်အစိုးရက ဖျက်သိမ်းလိုက်မှုကြောင့် ၂၀၃၀ ခုနှစ်မကုန်ခင် ကမ္ဘာ့အထိခိုက်အလွယ်ဆုံး လူဦးရေ ၁၄ သန်းကျော် သေဆုံးနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ သေဆုံးသူများအနက် သုံးပုံတစ်ပုံမှာ ကလေးသူငယ်များ ဖြစ်နိုင်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ တွေ့ရှိချက်ကို ဂုဏ်သိက္ခာကြီးမားသည့် Lancet ဂျာနယ်၌ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ဖော်ပြထားခြင်း ဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တက်မလာမီအချိန်အထိ အမေရိကန်အစိုးရ၏ နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီအေဂျင်စီ(USAID) သည် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှုအကူအညီများ၏ ၄၀ ရာခိုင်နှုန်းကျော်ကို ရန်ပုံငွေထောက်ပံ့ပေးနေခဲ့သည်။ ထရမ့် သမ္မတဖြစ်လာပြီးနောက် နှစ်ပတ်အကြာတွင် ၎င်း၏ အနီးကပ်အကြံပေးဖြစ်သူ ဘီလျံနာသူဌေးအီလွန်မတ်က USAID ကို ဖျက်သိမ်းနိုင်ခဲ့ပြီဟု ဂုဏ်ယူစွာ ပြောဆိုခဲ့သည်။ အဆိုပါ […]

ဆီရီးယားအပေါ် အမေရိကန်အရေးယူပိတ်ဆို့မှု ဖယ်ရှား

Dawei Watch

July 1, 2025

ဆီးရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားရန် သမ္မတအမိန့်အာဏာကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။ ဘာရှာအာဆတ် ပြုတ်ကျပြီးနောက် ဆီးရီးယားနိုင်ငံ၏ ရုန်းကန်နေရသည့် စီးပွားရေးကို အထောက်အကူပြုရန်နှင့် ဆီးရီးယားအစိုးရသစ်ကို ကူညီပေးရန် ရည်ရွယ်ကာ ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဆီးရီးယားအပေါ် ချမှတ်ထားသည့် အကြီးစားအရေးယူပိတ်ဆို့မှုများကို ဖယ်ရှားမည့် ထရမ့်၏ အဆိုပါ သမ္မတအမိန့်အာဏာသည် ယနေ့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်အသက်ဝင်မည် ဖြစ်သည်။ သို့သော် ဆီးရီးယားသမ္မတဟောင်း ဘာရှာအာဆတ်နှင့် ၎င်း၏ မဟာမိတ်များ၊ လူ့အခွင့်အရေးချိုးဖောက်သူများ၊ မူးယစ်ဆေးမှောင်ခိုကုန်ကူးသူများ၊ ဓာတုလက်နက်နှင့် ပတ်သက်ဆက်နွယ်သူများ၊ ISIS အဖွဲ့ အပြင် ယင်းအဖွဲ့နှင့် ဆက်နွယ်သူများ၊ အီရန်က ထောက်ပံ့ပေးထားသည့် လက်ဝေခံလက်နက်ကိုင်အဖွဲ့များကိုမူ အရေးယူပိတ်ဆို့မှု ဆက်လက်ထားရှိမည် ဖြစ်ကြောင်း […]

ကော့သောင်းတွင် ကျောင်းသားချင်းရိုက်သည့်အမှု ကျေအေး

Dawei Watch

July 1, 2025

ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ အထက်တန်းကျောင်း၌ ကျောင်းသားအချင်းချင်းရိုက်နှက်သည့်အမှုတွင် အရိုက်ခံရသည့် ကျောင်းသား၏ မိဘအုပ်ထိန်းသူများက ကျေအေးပေးလိုက်ကြောင်း မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ဇွန်လ ၅ ရက်က ‌G – 9 ကျောင်းသားတစ်ဦးကို ၎င်း၏အတန်းဖော်တစ်ဦးက ‌ဦးခေါင်းကို ပေါက်တူးရိုး (သစ်သားတုတ်) ဖြင့် အနောက်မှ ဝင်ရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာရကြောင်း ရိုက်ခံရသည့် ကျောင်းသား၏မိသားစုနှင့် နီးစပ်သူများက ပြောဆိုထားသည်။ အရိုက်ခံရသည့် ကျောင်းသား၏ ဒဏ်ရာမှာ ပြင်ထန်းသဖြင့် ကော့သောင်းဆေးရုံ (၄ မိုင်ဆေးရုံ) မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းဆေးရုံကြီးသို့ သွားရောက်ဆေးကုသမှုခံယူခဲ့ပြီး ဇွန်လ ၈ ရက်တွင် ဆေးရုံဆင်းခွင့်ရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ လက်ရှိတွင် ဒဏ်ရာသက်သာသွားသဖြင့် အမှုကို ပြီးခဲ့သည့်အပတ်က ကျေအေးလိုက်ကြောင်း ၎င်းက ပြောဆိုသည်။ […]

ဘင်္ဂလားဒေ့ရှ်တွင်အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရသည့် ဗီဒီယိုဖိုင်ပျံ့နှံ့ကာ ဆန္ဒပြပွဲများဖြစ်ပွား

Dawei Watch

July 1, 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အမျိုးသမီးတစ်ဦး မုဒိမ်းမှုကျူးလွန်ခဲ့ရသည့် မှတ်တမ်းဗီဒီယို အွန်လိုင်းပေါ်တွင် ပျံ့နှံသွားခဲ့ပြီးနောက် နိုင်ငံအနှံ့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ မုဒိမ်းမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအလယ်ပိုင်း ကုမိလာခရိုင်တွင် ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကျူးလွန်ခံရသည့်အမျိုးသမီးက သူမဖခင်၏ နေအိမ်သို့ သွားရောက်စဉ် အိမ်နီးနားချင်းတစ်ဦးက အိမ်တွင်းသို့ ဖောက်ထွင်းဝင်ရောက်ကာ မုဒိမ်းကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ မုဒိမ်းမှုဖြစ်စဉ်ကို ရုပ်သံရိုက်ကူးကာ အွန်လိုင်းတင်ခဲ့ပြီး ယင်းရုပ်သံတွင် အခင်းဖြစ်ပွားချိန်၌ အဆိုပါ အိမ်ထဲတွင် လူအချို့ ရှိနေခဲ့ကြောင်း တွေ့ရသည်။ လက်ရှိတွင် မုဒိမ်းမှုကျူးလွန်သူ သံသယတရားခံနှင့်အတူ ရုပ်သံရိုက်ကူးရာတွင် ပါဝင်သူစုစုပေါင်း ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ အဆိုပါ အမှုကို အင်မတန် အလေးအနက်ထားကာ စုံစမ်းစစ်ဆေးသွားမည်ဟု အာဏာပိုင်များက ဆိုသည်။ အဆိုပါ ဗီဒီယိုဖိုင်ပျံ့နှံ့လာခဲ့ပြီးနောက် […]

ရန်ကုန်မှထားဝယ်သို့ပို့မည့် မူးယစ်ဆေးပြား ကိုးသိန်း ညောင်ခါးရှည်တွင်ဖမ်းမိ

Dawei Watch

June 30, 2025

ရန်ကုန်မှ ထားဝယ်သို့လာသည့် ကုန်တင်ကားတစ်စီးထံမှ မူးယစ်ဆေးဝါး (စိတ်ကြွရူးသွပ်ဆေးပြား) အပြားရေ ကိုးသိန်း ပဲခူးတိုင်း ၊ ဝေါမြို့နယ် ၊ ညောင်ခါးရှည်ရွာ အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ဟု ထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၂၉ ရက်တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC Myanmar) က ယင်းသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ Nissan အမျိုးအစား ၆ ဘီး ကုန်တင်ကားတစ်စီး တွင် ဇွန်လ ၂၆ ရက် နံနက်အစောပိုင်းက ဖမ်းမိခဲ့ခြင်းဖြစ်ပြီး CCDAC ၏ ထုတ်ပြန်ချက်အရ ယင်းဆေးပြားများမှာ ရန်ကုန်မှတစ်ဆင့် ထားဝယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ဟုဆိုသည်။ ယာဥ်မောင်းအပါအဝင် အမျိုးသား ၃ ဦးကို အမှုဖွင့် အရေးယူထားသည်ဟု […]

ထိုင်းက မြန်မာတစ်ရာနီးပါး စစ်ကောင်စီထံထပ်လွှဲ

Dawei Watch

June 30, 2025

စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား တစ်ရာနီးပါးကို ယနေ့ ဇွန်လ ၃၀ ရက်တွင် ကော့သောင်းဘက်သို့ လွှဲပြောင်းပေးလိုက်ကြောင်း ရနောင်း‌ခရိုင် လဝကရုံးက ထုတ်ပြန်သည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၉၈ ဦးကို ယနေ့ နံနက် ၁၁ နာရီခွဲက ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းခဲ့သည်။ ယခုဇွန်လအတွင်း ဒုတိယအကြိမ်မြောက် လွှဲပြောင်းခြင်းဖြစ်ပြီး ယခု ၂၀၂၅ခုနှစ်အတွင်း ခုနစ်ကြိမ်မြောက် လွှဲပြောင်းခံရခြင်းလည်းဖြစ်သည်။ ယခုနှစ်ထဲတွင် နေရပ်ပြန်ပို့ခံရသူ ၁၁၁၇ ဦးအထိ ရှိလာပြီ ဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ […]