BREAKING
November 9, 2025

သတင်း

အီလွန်မတ်ခ်ဝယ်မည်ဆိုပါက လီဗာပူးအသင်းသာ ဖြစ်မည်ဟုဆို

Dawei Watch

January 8, 2025

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာသူဌေးကြီး အီလွန်မတ်ခ်၏ဖခင်က ၎င်း၏သားဖြစ်သူသည် ဘောလုံးအသင်းတစ်သင်းကို ဝယ်ယူရန် စိတ်ဝင်စားမှုရှိခဲ့မည်ဆိုပါက ဝယ်ယူမည့်အသင်းမှာ လီဗာပူးသာ ဖြစ်လိမ့်မည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Sky Sports က ရေးသားထားသည်။ လီဗာပူးကို ဝယ်ယူရန် အီလွန်မတ်ခ်ဘက်က ဆက်သွယ်ကမ်းလှမ်းမှု မရှိသေးသကဲ့သို့ လက်ရှိတွင် လီဗာပူးကို ပိုင်ဆိုင်ထားသည့် FSG စီးပွားရေးလုပ်ငန်းစုကလည်း အသင်းကိုရောင်းထုတ်ရန် အစီအစဉ် မရှိသေးကြောင်း Sky Sports က ဆက်လက် ရေးသားထားသည်။ အီလွန်မတ်ခ်၏ဖခင်သည် Times Radio နှင့်တွေ့ဆုံရာတွင် လီဗာပူးမြို့နှင့် ၎င်းတို့မိသားစု၏ဆက်နွယ်ပတ်သက်မှုများကို ထည့်သွင်းပြောကြားခဲ့ကာ အီလွန်မတ်ခ် ဝယ်ယူမည်ဆိုပါက ယင်းအသင်းမှာ လီဗာပူးကလွဲ၍ အခြားမဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသွားခဲ့ခြင်းဖြစ်သည်။ အီလွန်မတ်ခ် သည် လက်ရှိတွင် ပေါင် ၃၄၀ ဘီလျံ ကြွယ်ဝနေပြီဖြစ်ကာ လီဗာပူးအသင်း၏တန်ကြေးမှာ ဈေးကွက်ပေါက်ဈေးအရ […]

တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ် ဘန်းချောင်းဒေသကို လေယာဉ်ဖြင့်ဗုံးကြဲ၊ ဒေသခံနှစ်ဦးဒဏ်ရာရ

Dawei Watch

January 7, 2025

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဘန်းချောင်းဒေသ ကွမ်းချောင်းကြီးရွာကို ယနေ့ ဇန်နဝါရီလ ၇ ရက်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။ ထားဝယ်အရှေ့တောဒေ မေတ္တာမြို့၏တောင်ဘက်ရှိ ကွမ်းချောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်း ၁၁နာရီ ၄၅မိနစ်ခန့်တွင် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “ဘာကြောင့်ဗုံးလာကြဲလဲဆိုတော့ ကျွန်တော်တို့သုံးသပ်တာ မေတ္တာစခန်းနဲ့ ကျောက်မဲတောင်စခန်းက စစ်တပ်က လုံခြုံရေး အတွက် တော်တော်စိုးရိမ်တယ်လေ။ အဲဒါကြောင့်သူတို့က တစ်ခုခုထင်ပြီးတော့ ကျွန်တော်တို့လှုပ်ရှားတဲ့နေရာမှာ ကြိုပြီး တော့ ဗုံးကြဲသလိုမျိုး ဖြစ်နိုင်တာပေါ့နော်။ ဒါပေမဲ့သူတို့ကြဲတာက ကျွန်တော်တို့အဖွဲ့နေတဲ့စခန်း မဟုတ်ဘူး။ ရွာအလယ် တည့်တည့်ကြဲတာ” ဟု ၎င်းက […]

ထားဝယ်မြို့ဝင် ကမြောကင်းတံတားဂိတ် အစစ်အဆေးတင်းကျပ်

Dawei Watch

January 7, 2025

‌လောင်းလုံးမြို့ အနီး စစ်ရေးတင်းမာနေချိန်တွင် ထားဝယ်မြို့ အဝင်အထွက်ဂိတ်ဖြစ်သည့် ကမြောကင်းတံတား စစ်ဆေးရေး ဂိတ်တွင် ယခုရက်ပိုင်းအတွင်း အစစ်အဆေးတင်းကျပ်နေကြောင်း ဒေသခံခရီးသွားများထံမှ သိရသည်။ ထားဝယ်နှင့် လောင်းလုံးမြို့နယ်တို့ကို ဆက်သွယ်ထားသည့် အဆိုပါဂိတ်တွင် စက်ဘီး၊ ဆိုင်ကယ်နှင့် ကားများဖြင့်သွားလာသည့် ဒေသခံများမှာ မှတ်ပုံတင် ဆင်းပြရန် မလိုသော်လည်း ယနေ့ ဇန်နဝါရီလ ၇ရက်တွင် မှတ်ပုံတင်ပြပြီး စစ်ဆေးခံရကြောင်း ဒေသခံခရီးသွားများထံမှ သိရသည်။ “ကားပေါ်က အားလုံးဆင်းရတယ်။ မှတ်ပုံတင်ပြရတယ်။ အရင်က မဆင်းရဘူး။ ကားသမားက နား (ကားရပ်) ပေးပြီး စစ်ဆေးခံရရုံပဲ” ဟု ယနေ့ ထားဝယ်မြို့သို့ ကားဖြင့်သွားသည့် ခရီးသွားဒေသခံတစ်ဦးက ပြောသည်။ ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းကလည်း ဆိုင်ကယ်၊ ကားများဖြင့် သွားလာသူများကိုပါ ရှာဖွေစစ်ဆေးခြင်းများလုပ်‌ နေကြောင်း […]

အာဏာသိမ်းကာလ အကျဉ်းသားတစ်သိန်းကျော်လွှတ်ပေးရာတွင် နိုင်ကျဉ်း ရှစ်ထောင်ကျော်သာပါဝင်

Dawei Watch

January 7, 2025

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသားတစ်သိန်းကျော်ကို လွှတ်ပေးခဲ့ပြီး ယင်းအနက် နိုင်ငံရေးအကျဉ်းသား ရှစ်ထောင်ကျော်သာပါဝင်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က ဇန်နဝါရီလ ၆ရက်တွင် ထုတ်ပြန်သည်။ စစ်တပ်အာဏာသိမ်းထားသည့် ကာလအတွင်း လွတ်ငြိမ်းခွင့် ၁၆ ကြိမ် ပြုထားခဲ့ပြီး အကျဉ်းသား၊ အကျဉ်းသူ တစ်သိန်းနှစ်ထောင်နီးပါး (၁၀၁,၇၂၉ ဦး) ကို လွှတ်ပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၈၇၆၂ ဦးသာ ပါဝင်ကြောင်း ဖော်ပြသည်။ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုမှာ ရာခိုင်နှုန်းအနေဖြင့်ဆိုလျှင် ၈ ဒသမ ၆ရာခိုင်နှုန်းခန့်သာ ရှိကြောင်း ဆိုသည်။ စစ်အာဏာသိမ်းမှုကို လက်မခံခြင်း၊ ဆန့်ကျင်ခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသား ၂၁,၄၉၉ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ISP Myanmar ထံမှ သိရသည်။ ယင်းအနက် တစ်သောင်းနီးပါးမှာ ထောင်ဒဏ်တစ်နှစ်မှ […]

မဟာချိုင် ဘုရားပွဲတွင် ထိုင်းလူငယ်ကို ဝိုင်းရိုက်သည်ဟုဆိုကာ မြန်မာလူငယ်ခြောက်ဦးဖမ်းဆီးခံရ

Dawei Watch

January 7, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသရှိ ဘုရားပွဲတွင် ထိုင်းလူငယ်တစ်ဦးကို လက်နက်များဖြင့် အုပ်စုဖွဲ့ ဝိုင်းရိုက် ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာလူငယ်ခြောက်ဦး ဇန်နဝါရီလ ၇ရက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသည့် မြန်မာများသည် အသက် ၁၉ နှစ်မှ ၂၁နှစ်ကြား အရွယ်များဖြစ်ပြီး ၎င်းတို့နှင့်အတူ ဓါးရှည်နှစ်လက်၊ တုတ်များနှင့် အခင်းဖြစ်သောနေ့က ဝတ်ဆင်ခဲ့သောအဝတ်အစားများကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။ မဟာချိုင်‌ဒေသ ထိုင်းယူနစ်နေရာရှိ ခွန်ခုဘုန်းကြီးကျောင်းဘုရားပွဲတွင် ပြီးခဲ့သော ဒီဇင်ဘာလ ၂၂ရက်က အသက် ၂၈နှစ် အရွယ် ထိုင်းနိုင်ငံသားကို တုတ်၊ ဓါး လက်နက်များဖြင့် အုပ်စုဖွဲ့ ဝိုက်ရိုက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ရိုက်နှက်ခံရသည့် ထိုင်းနိုင်ငံသားသည် ဒဏ်ရာများဖြင့် […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

January 7, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ထားဝယ်နှင့် မေတ္တာကြားရှိ ရှစ်မိုင်တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

Dawei Watch

January 7, 2025

ထားဝယ်မြို့နှင့် မေတ္တာမြို့အကြားရှိ မဲချောင်း(ရှစ်မိုင်) စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီစခန်းကုန်းတွင် ဇန်နဝါရီလ ၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲတွင် ဦးဆောင်ပါဝင်သည့် ဒူရကစစ်ကြောင်းက ယနေ့ (ဇန်နဝါရီ ၇) ထုတ်ပြန်သည်။ ရှစ်မိုင်ဂိတ်နှင့် စခန်းကုန်းတွင် စစ်ကောင်စီတပ်သားအင်အား ၃ဝ ခန့် နေထိုင်တပ်စွဲပြီး ယင်းဂိတ်သည် တနင်္သာရီတိုင်း စစ်ကောင်စီခန့်တိုင်းအစိုးရအဖွဲ့ ရုံးစိုက်သည့် ထားဝယ်မြို့နှင့် ရှစ်မိုင်သာကွားဝေးသည်။ အဆိုပါ မဲချောင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ငါးဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ကြောင်း ဒူရကစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကပြောသည်။ ယင်းအပြင် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းစဥ် ကျည်ဘောက် ၄ ခု ၊ စကားပြောစက် ၃ လုံး ၊ ကျည်ဆန် နှစ်ရာ့ခြောက်ဆယ်ကျော်နှင့် ကျည်ကာဝတ်စုံတစ်စုံ သိမ်းဆည်းရမိသည်ဟု သတင်းထုတ်ပြန်သည်။ တိုက်ပွဲဖြစ်နေစဥ်အတွင်း သပြေချောင်း(စစ်ကောင်စီ)တပ်နယ်နှင့် ပကာရီ […]

မြိတ်၊ တောင်ပုလဲရွာတွင် ပျူစောထီးများက လစဉ်ဆက်ကြေးကောက်ခံ

Dawei Watch

January 7, 2025

မြိတ်မြို့နယ် တောင်ပုလဲကျေးရွာတွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများက စောင့်ရှောက်ခဟုဆိုကာ လစဉ်ဆက်ကြေး ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းကျေးရွာရှိ နေအိမ်တစ်ဆောင်လျှင် ငွေကျပ်တစ်သောင်းခွဲမှ ကျပ်နှစ်သောင်းအထိ လစဉ်‌ကောက်ခံနေကြောင်း ဒေသခံအချို့က ဆိုသည်။ အဆိုပါရွာရှိ ပျူစောထီးများက ကျေးရွာကိုစောင့်ရှောက်ပေးနေရသည့်အတွက်ဟုဆိုကာ ပြီးခဲ့သည့် ခြောက်လခန့်ကတည်းက လစဉ်ပေးနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒီလိုပဲ မရှိ ရှိအောင် ရှာပေးရတာပေါ့။ မပေးရင် သူတို့မှာက လက်နက်တွေနဲ့ အသက်အန္တရာယ်ကလည်း ရှိသေးတယ်”ဟု ၎င်းကပြောသည်။ လစဉ်ငွေမပေးနိုင်သည့် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေပေးမှ ပြန်လွှတ်ပေးလေ့ရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “လကုန်ရင် ရေဖိုး၊ မီးဖိုးအပြင် ဒီအတွက်လည်း ပူနေရတယ်။စီးပွားရေး ကျပ်တည်းပြီး ကုန်ဈေးနှုန်းကြီးနေတဲ့ကာလမှာ တစ်ပူပေါ်နှစ်ပူဆင့် နေတယ်”ဟု ၎င်းက ပြောသည်။ တောင်ပုလဲ ကျေးရွာသည် […]