မီးလောင်မှုများ အဖြစ်များနေချိန် ထားဝယ်နှင့် လောင်းလုံး၌ တစ်ရက်တည်း ဆက်တိုက်မီးလောင်
Dawei Watch
January 12, 2025မီးလောင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့် တနင်္သာရီတိုင်းတွင် ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ထားဝယ်နှင့် လောင်းလုံးတို့တွင် မီးလောင်မှုဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့က ထားဝယ်မြို့ ဇဟာကျေးရွာရှိ ဘာသာပေါင်းစုံ သုသာန်နှင့် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာရှိ လယ်ကွင်းတို့တွင် မီးလောင်ခဲ့ကြောင်း ဒေသခံများနှင့် ဇမ္ဗူသီရိအဖွဲ့ ထံမှသိရသည်။ ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ထားဝယ်မြို့ ဇဟာကျေးရွာ၊ဘာသာပေါင်းစုံသုသာန်ရှိ တရုတ်သင်္ချိုင်း နှင့် ဟိန္ဒူသင်္ချိုင်းတို့တွင် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မီးငြှိမ်းသတ်ရာတွင်ပါဝင်သည့် ဇမ္ဗူသီရီအဖွဲ့မှ တာဝန်ရှိသူကပြောသ ည်။ “သင်္ချိုင်း နှစ်ခုထဲမှာ လောင်တာ သစ်ပင်တွေ ကုန်သွားတယ်။ ကျန်တာတော့ ကြီးကြီးမားမား ပျက်စီးတာမရှိဘူး။ ဆေးလိပ်တို ပစ်ချခဲ့လို့ လောင်တာလို့သိရတယ်။ နှစ်နာရီလောက် ငြှိမ်းသတ်ရတယ်” ဟု ၎င်းကပြောသည်။ အဆိုပါမီးလောင်မှုကို ဇမ္ဗူသီရိအဖွဲ့၊ […]


