ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အနိုင်ရရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို သိမ်းပိုက်ရန် ထရမ့်က ရီပတ်ဘလီကန်ပါတီကို တိုက်တွန်း

Dawei Watch

February 4, 2026

ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီ ရှုံးနိမ့်ခြင်းမှ ကာကွယ်ရန် ပြည်နယ် ၁၅ ခုရှိ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ရီပတ်ဘလီကန်ပါတီဝင် ပြည်နယ်အရာရှိများက သိမ်းပိုက်ရယူပြီး နိုင်ငံတော်ပိုင်လုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြောဆိုလိုက်သည်။ ယင်းမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ မဲမပေးနိုင်စေရန် တားဆီးသည့် နည်းလမ်းတစ်ခုအနေဖြင့် ထရမ့်က ကွန်ဆာဗေးတစ်ယိမ်း ပေါ့ကတ် (Podcast) အစီအစဉ်တစ်ခုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံသားမဟုတ်သူများက ရွေးကောက်ပွဲရလဒ်ကို ထိခိုက်စေနိုင်လောက်သည့် ပမာဏဖြင့် မဲပေးနေကြကြောင်း စွပ်စွဲပြောဆိုချက်မှာ မမှန်မကန် လုပ်ကြံပြောဆိုမှုသာ ဖြစ်ကြောင်း The Guardian သတင်းစာက ဖော်ပြသည်။ သို့သော် ယင်းလုပ်ကြံပြောဆိုချက်များသည် နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွင် ထရမ့်က မဲမသမာမှုပြုရန် ကြိုးပမ်းလာနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများကို မြင့်တက်လာစေကြောင်းလည်း ဖော်ပြသည်။ […]

စပိန်တွင် ၁၆ နှစ်အောက် ကလေးများ ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်မည်

Dawei Watch

February 4, 2026

အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ ဆိုရှယ်မီဒီယာသုံးစွဲခွင့် ပိတ်ပင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြောသည်။ ကလေးသူငယ်များအား ညစ်ညမ်းရုပ်ရှင်နှင့် အကြမ်းဖက်မှုကဲ့သို့သော ဘေးဥပဒ်ဖြစ်စေသည့် အကြောင်းအရာများမှ ကာကွယ်ရန်အတွက်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ်က ဆိုသည်။ “ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေအနေနဲ့ အမှန်တကယ် ထိရောက်တဲ့ အသက်အရွယ် စိစစ်ရေးစနစ်တွေကို ကျင့်သုံးရပါလိမ့်မယ်။ အမှန်ခြစ်လေးတစ်ခု ခြစ်ရုံတင်မဟုတ်ဘဲ လက်တွေ့အလုပ်ဖြစ်မယ့် တားဆီးပိတ်ပင်မှုတွေ ဖြစ်ရပါမယ်” ဟု ၎င်းက ပြောသည်။ “ဒီကနေ့ခေတ်မှာ ကျွန်တော်တို့ရဲ့ ကလေးငယ်တွေဟာ သူတို့တစ်ယောက်တည်း မထိတွေ့သင့်တဲ့ နယ်ပယ်တစ်ခုနဲ့ ထိတွေ့နေရပါတယ်။ အဲဒါကတော့ စွဲလမ်းစေမှုတွေ၊ အလွဲသုံးစားလုပ်မှုတွေ၊ ညစ်ညမ်းရုပ်ရှင်တွေ၊ လှည့်ဖျားမှုတွေနဲ့ အကြမ်းဖက်မှုတွေ ပြည့်နှက်နေတဲ့ နယ်ပယ်တစ်ခုပါပဲ။ ဒါကို ကျွန်တော်တို့ ဆက်ပြီး လက်ခံမှာ […]

ရွေးကောက်ပွဲအပြီး ပုလောတွင် စစ်အာဏာရှင်တပ် ငါးရက်အတွင်း နေအိမ်နှစ်ရာကျော်ကိုမီးရှို့

Dawei Watch

February 4, 2026

ပုလောမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပပြီးနောက် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးပြီး ငါးရက်အတွင်း နေအိမ် နှစ်ရာကျော်ကို မီးရှို့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ပုလောမြို့၏ ချောင်းတစ်ဖက်ကမ်းတွင် တည်ရှိသည့် ရှပ်ပုံရွာနှင့် ပုလောမြို့နယ် ပလမြို့တို့တွင် စစ်အာဏာရှင်တပ်က မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပုလောမြို့နယ်သည် ဇန်နဝါရီလ ၂၅ရက်က ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည်။ ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာ ဇန်နဝါရီလ ၂၇ ရက်တွင် ပုလောမြို့နယ်၊ ပလမြို့ အမှတ် (၄) ရပ်ကွက် ဒေသအခေါ် ဆားဖိုဆိပ်ရပ်ကွက်ကို ထိတွေ့တိုက်ပွဲ တစ်စုံတစ်ရာမရှိဘဲ စစ်အာဏာရှင်တပ်က မီးရှို့ရာ နေအိမ် ၇၈ဆောင် လောင်ကျွမ်း ပျက်စီးကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ နောက်တစ်ရက် ဇန်နဝါရီလ ၂၈ […]

ရေးတွင် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးအဖွဲ့တိုက်ခိုက်

Dawei Watch

February 3, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက်ပိုင်းက စစ်အာဏာရှင် ခမရ ၅၉၁ တပ်ကို ဒေသတွင်းလှုပ်ရှားနေသည့် ရေးပြောက်ကျားတပ် YGF က တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ကျောင်းရွာကျေးရွာရှိ စစ်အာဏာရှင်တပ် ခမရ ၅၉၁ တပ်ရင်းကို ရေးပြောက်ကျားတပ် YGF တပ်ဖွဲ့က ယနေ့ နံနက် ၅ နာရီ ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ပြောသည်။ လက်နက်ကြီးကျည်အချို့ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးခဲ့ကာ လူထိခိုက်မှု မရှိကြောင်း ဒေသခံများက ဆိုသည်။ “လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော ကြားရတယ်။ သေနတ်သံတွေ နာရီဝက်လောက်ရှိမယ် ကြားရတယ်။ ရွာထဲမှာဖြစ်ကြတာ […]

မြိတ်-ထားဝယ် ခရီးသည်တင်အမြန်ရေယာဉ် ပစ်ခတ်ခံရပြီး လေးဦးထက်မနည်း ဒဏ်ရာရ

Dawei Watch

February 3, 2026

မြိတ်-ထားဝယ် ပြေးဆွဲနေသည့် ခရီးသည်တင်အမြန်ရေယာဉ် စပိတ်ဘုတ်တစ်စီးသည် ယနေ့ နံနက်ပိုင်းက ထားဝယ်မြစ်အတွင်း ပစ်ခတ်ခံရပြီး အမြန်ရေယာဉ်မောင်းနှင့် ခရီးသည် သုံးဦးထက်မနည်း ဒဏ်ရာရကြောင်း ဒေသခံများနှင့် အမြန်ရေယဉ် လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။ မြိတ်မြို့မှ ထားဝယ်မြို့သို့ ခရီးသည် ၁၀ကျော်ဖြင့် ထွက်ခွာလာသည့် စပိဘုတ်အား သရက်ချောင်းမြို့နယ် ဆင်းကျန်းနှင့် ကျွဲစပ်ကျေးရွာကြားရှိ ထားဝယ်မြစ်အတွင်း ယနေ့ ဖေဖော်ဝါရီလ ၃ရက် နံနက် ၁၁ နာရီခန့်တွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ပစ်ခတ်ကြောင်း အမြန်ရေယာဉ်လုပ်ငန်းနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။ “ကမ်းစပ်က ဓနိတောထဲကနေ လှေငယ်နဲ့ ထွက်လာပြီး ရှေ့ကနေ ပစ်တယ်။ ပဲ့နင်းက ထိသွားလို့ လှေမောင်းလို့ မရတော့ဘူး” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ ပစ်ခတ်ခဲ့ရပြီးနောက် စပိဘုတ်မှာ ထားဝယ်မြစ်ထဲ […]

လောင်းလုံး ဒေသခံတစ်ဦး ထောက်ပို့ထီ ပထမဆု ကျပ်သိန်းတစ်ထောင် ကံထူး

Dawei Watch

February 3, 2026

၂၅ ကြိမ်မြောက်အဖြစ် ဖေဖော်ဝါရီလ ၂ရက်က ဖွင့်လှစ်သည့် ထောက်ပို့ထီတွင် လောင်းလုံးမြို့နယ်က ဒေသခံတစ်ဦး ပထမဆု ကျပ်သိန်းတစ်ထောင် ကံထူးကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) ထံမှ သိရသည်။ လောင်းလုံးမြို့နယ်အခြေစိုက် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ထံမှ ကိုယ်စားလှယ်ယူရောင်းထားသည့်အနက် ဒေသခံတစ်ဦးက 0009791 နံပါတ်ထီလက်မှတ်ဖြင့် ကံထူးခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ “ကံထူးတာက အရပ်သားပါဗျ။ ပထမဆု အပါဝင် ဆုပေါင်း ၉၀ကျော်လည်း ကံထူးပါတယ်။ ဆုကြီးက အခုတစ်ခါ ပထမဆုံးပေါက်တာပါ။ အသေးစိတ်ကိုတော့ ကျွန်တော် တို့pageကထုတ်ပြန်ပေးမှာပါ ” ဟု ယင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထောက်ပို့ထီ ရောင်းချခဲ့သည့် သက်တမ်းတစ်လျှောက် တနင်္သာရီတိုင်းမှ ထီကိုယ်စားလှယ် အဖွဲ့များထံတွင် ထီဆု အမြင့်ဆုံးအဖြစ် ပထမဆု လေးကြိမ် ၊ ဒုတိယဆု တစ်ကြိမ် […]

ထားဝယ်အထူးစီးပွားရေးဇုန်တွင် တိုက်ပွဲဖြစ်နေပြီး ဒေသခံများ ထိခိုက်ဒဏ်ရာရ

Dawei Watch

February 3, 2026

ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာရှိ ပုဂေါဇွန်းကျေးရွာသို့ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပုဂေါဇွန်းကျေးရွာသို့ စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီ ၂ ရက် ညပိုင်းတွင် စစ်ကြောင်းထိုးလာခဲ့ပြီး ရွာတွင် တစ်ညအိပ်စခန်းချခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယနေ့ ဖေဖော်ဝါရီ ၃ ရက်၊ နံနက် ၁၁ နာရီခန့်တွင်မူ ပုဂေါဇွန်းရွာ အရှေ့ဘက်ခြမ်းတွင် တော်လှန်ရေးတပ်များနှင့် ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ၎င်းတို့ကဆိုသည်။ တိုက်ပွဲအတွင်း အနည်းဆုံး ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရထားကြောင်းလည်း ဒေသခံအချို့က ပြောဆိုသည်။ “အခုထိလည်း (စစ်အာဏာရှင်တပ်က) လက်နက်ကြီးနဲ့ပစ်တာတွေ ရွာထဲလာကျနေသေးတယ်။ ကျွန်တော်တို့သိသလောက်ကတော့ ရွာထဲမှာ သုံးယောက်လောက် ဒဏ်ရာရထားတယ်။ လူကြီးပိုင်းတစ်ယောက်ကတော့ ထိတာများတယ်လို့တော့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ […]

ပုလော ဆင်ထိုးကြီးရွာတွင် မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီးကြီးတစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရ

Dawei Watch

February 3, 2026

ပုလောမြို့နယ် မြိတ်-ထားဝယ် ကားလမ်းဘေးရှိ ဆင်ထိုးကြီးရွာ အရှေ့ကမ်းတွင် အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်ခြံဝန်းအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရကြောင်း ယင်းကျေးရွာမှ ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၇နာရီကျော်တွင် အထက်ဖော်ပြအမျိုးသမီးသည် အခြားအမျိုးသမီးနှစ်ဦး၊ အသက် ၁၀အရွယ် မိန်းကလေးတစ်ဦးတို့နှင့်အတူ သူငယ်ချင်းဖြစ်သူ၏ အိမ်ကို လာစဉ် နေအိမ်ခြံဝန်းနောက်ဘက်ရှိ မရမ်းသီး ခူးရန်ပြင်စဉ် မြေမြှုပ်မိုင်းနင်းမိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့ သူငယ်ချင်းခြံဆိုတော့ လန်ဂေါ်ရွက် (တညင်ရွက်) ဝင်ရောက်ခူးဆွတ်ပြီးနောက်တွေ မရမ်းသီးတွေ့လို့ ဝင်ခူးစား ကြတာ။ မရမ်းသီးတွေလည်း သီးနေတာမြင်တော့ ခူးဖို့သွားရင်း အပင်အောက်မှာ မိုင်းနင်းမိတာ” ဟု ၎င်းက ပြောဆိုသည်။ မိုင်းနင်းမိသဖြင့် အသက် ၆၆ နှစ်အရွယ် ဒေါ်စိန်သန်းကြည် […]