ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် ပစ်ခတ်မှုစဖြစ်၊ ထိုင်းအရပ်သားနှစ်ဦးသေဆုံး
Dawei Watch
July 24, 2025ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ယနေ့ (ဇူလိုင် ၂၄) နံနက်ပိုင်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်နေပြီး ထိုင်းအရပ်သား နှစ်ဦးသေဆုံးသွားကာ နယ်စပ်အနီးနေထိုင်သူများလည်း ဘေးလွတ်ရာ စစ်ဘေးရှောင် ထွက်ပြေးနေကြရသည်။ ကမ္ဘောဒီးယားဘက်က BM-21 ရော့ကတ်ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ စီစက်ခရိုင်၊ စူရင်းခရိုင်နှင့် အခြားနယ်စပ်ခရိုင်များတွင် လူနေအိမ်များ၊ PTT ဓါတ်ဆီဆိုင်များနှင့် 7-Eleven စတိုးဆိုင်များ လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ထိုင်းဘက်ကထုတ်ပြန်ထားသည်။ လက်နက်ကြီးထိမှန်မှုကြောင့် ထိုင်းဘက်က ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ဒေသခံသောင်းချီကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ထိုင်းအရှေ့မြောက်ပိုင်းခရိုင်ဖြစ်သော စူရင်းခရိုင် ဖနုံဒွန်ရက်ဒေသရှိ နှစ်နိုင်ငံ အငြင်းပွားနေသော တမုံထွန်းဘုရားကျောင်းရှေ့တွင် ပစ်ခတ်သံများ ဆက်တိုက် ကြားခဲ့ရကြောင်း […]


