ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူ၊ နဘုလယ်ဒေသတွင် စစ်အာဏာရှင်တပ်က နေအိမ်မီးရှို့

Dawei Watch

December 12, 2025

ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာဖြစ်သော ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ထိန်ကြီးရွာရှိ နေအိမ်တစ်ဆောင်ကို စစ်အာဏာရှင်တပ်က လာရောက်မီးရှို့သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာတွင်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်မှ တပ်သားများ ယနေ့ (ဒီဇင်ဘာ ၁၂) မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် ထိန်ကြီးကျေးရွာသို့ ရောက်ရှိလာပြီး နေအိမ်တစ်ဆောင် ကို မီးရှို့သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ထိန်ကြီးရွာပြင်မှာရှိတဲ့ ဆိုင်ပါ။ မိသားစု သုံးယောက်တည်းနေတာ၊ ကုန်ခြောက်တွေလည်း ရောင်းတယ်”ဟု ၎င်းကပြောသည်။ စစ်အာဏာရှင်တပ်မီးရှို့မှုကြောင့် ကုန်ခြောက်ဆိုင်တစ်ဆိုင် မီးလောက်ပျက်စီးသွားခဲ့ပြီး မီးလောင်မှုကြောင့် ကုန်ပစ္စည်းများ ဆုံးရှံးသွားခဲ့ကြောင်း ဒေသခံတို့ကပြောသည်။ နေအိမ်မီးရှို့ပြီးနောက် စစ်အာဏာရှင်တပ်သည် ရေနက်ဆိပ်ကမ်းရှိ ယာယီစစ်စခန်းအတွင်းသို့ ပြန်သွားကြောင်း ဒေသခံများကဆိုသည်။ မည့်သည့်အကြောင်းယင်းကြောင့် နေအိမ်မီးရှို့သွားသည်ကိုမူ မသိရသေးပေ။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် ရေနက်ဆိပ်ကမ်းယာယီစစ်စခန်းရှိ စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့က […]

၂၀၂၆ မတ်လကုန်တွင် အစိုးရအပြောင်းအလဲဖြစ်မည်ဟု စစ်ခေါင်းဆောင်ပြော

Dawei Watch

December 12, 2025

၂၀၂၆ ခုနှစ် မတ်လကုန်ပိုင်းတွင် အစိုးရအပြောင်းအလဲဖြစ်မည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၁ ရက်တွင် ပြောသည်။ ရန်ကုန်တိုင်း စစ်ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံသည့်အခမ်းအနားတွင် စစ်ခေါင်းဆောင်က ယင်းသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။ စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီ ဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်၊ ၂၀၂၄ ခုနှစ်တွင် ယာယီသမ္မတ၊ ၂၀၂၅ ခုနှစ်တွင် စစ်ကော်မရှင် ဥက္ကဋ္ဌ စသည့် ရာထူးများကို လက်ရှိအချိန်အထိ ၎င်းကိုယ်တိုင် ခန့်အပ် ရယူထားသူ ဖြစ်သည်။ စစ်အုပ်စုက ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်း ပိုင်းကာ […]

ရေဖြူ ဇာဒီအုပ်စုတွင် စစ်အာဏာရှင်တပ် တပ်စွဲပြီး ကုန်းလမ်း၊ ရေလမ်း အဝင်အထွက်တင်းကျပ်

Dawei Watch

December 12, 2025

ရေဖြူမြို့နယ်၊ ဇာဒီရွာတွင် ဒီဇင်ဘာလဆန်းကတည်းက ရောက်ရှိတပ်စွဲနေသော စစ်အာဏာရှင်တပ်သားများသည် ဇာဒီရွာနှင့် ကျောက်ထရံတို့တွင် ကုန်းလမ်း၊ ရေလမ်း အဝင်အထွက်ကို တင်းကျပ်စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။ ဇာဒီရွာနှင့် ကပ်လျက်ရှိသည့် ငါးဖမ်းတံငါလုပ်ကိုင်သော ကျောက်ထရံရွာတွင်လည်း ရေတပ်စစ်သင်္ဘော နေရာယူထားသည့် အပြင် စစ်အာဏာရှင်တပ်သားအချို့ထားရှိပြီး ငါးဖမ်းလှေ အဝင်အထွက်စာရင်းကောက်ယူနေကြောင်း ဒေသခံများက ဆိုသည်။ ဇာဒီရွာနှင့် ကံပေါက်ဒေသကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းများပေါ်ရှိ ပယရွာစစ်ဆေးရေးဂိတ်နှင့် မော်ကြီးရွာ စစ်ဆေးရေးဂိတ်တို့တွင်လည်း ဇာဒီရွာသားများအား ဖြတ်သန်းခွင့် မပြုသလို အခြားရွာသားများလည်း ဇာဒီရွာဘက်သို့ သွားခွင့်မပြုကြောင်း ဇာဒီဒေသခံများက ပြောဆိုသည်။ “အစကဆိုရင် ကျောက်ထရံမှာ အသား၊ ငါး သွားဝယ်စားလို့ရသေးတယ်။ အခုက ကျောက်ထရံရွာအထိ (စစ်အာဏာရှင် တပ်သားများ) လာနေနေတော့ သွားလာပြီး ဝယ်ရစားရ ခက်သွားတယ်။ ကံပေါက်ဘက်ကိုက လုံးဝ […]

မြောက်ဦးဆေးရုံတိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေ ချိုးဖောက်ခြင်းဟု EUနှင့် UK ပြော

Dawei Watch

December 12, 2025

မြောက်ဦးဆေးရုံတိုက်ခိုက်မှုသည် မြန်မာစစ်အုပ်စုက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဥရောပသမဂ္ဂ တာဝန်ရှိသူတစ်ဦးနှင့် ယူကေလွှတ်တော်အမတ်တို့က ပြောကြားလိုက်သည်။ “ရခိုင်က ဆေးရုံတစ်ခုကို မြန်မာစစ်အုပ်စုက တိုက်ခိုက်ခဲ့တာဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်။ အရပ်သားတွေ ၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ဘယ်လိုအခြေအနေမျိုးမှာမဆို အကာအကွယ်ပေးရမယ်”ဟု ဥရောပသမဂ္ဂ(EU)၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒ ပြောခွင့်ရပုဂ္ဂိုလ် Anitta Hipper က သူမ၏ X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က ရေးသားထားသည်။ “ထိခိုက်သေဆုံးခဲ့ရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေနဲ့ ကျွန်မတို့ အတူတကွ ရပ်တည်တယ်ဆိုတာကို ထုတ်ဖော်ပြသလိုက်ပါတယ်” ဟု သူမက ဆိုသည်။ ယူကေအမျိုးသမီးပါလီမန်အမတ်တစ်ဦးကလည်း မြောက်ဦးတိုက်ခိုက်မှုနှင့် ပတ်သက်၍ ယနေ့ ဒီဇင်ဘာလ ၁၂ […]

ဘင်္ဂလားဒေ့ရှ်တွင် နောက်လရွေးကောက်ပွဲ ကျင်းပမည်

Dawei Watch

December 12, 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပါလီမန်ရွေးကောက်ပွဲကျင်းပမည် ဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ဖော်ပြောကြားလိုက်သည်။ ပြီးခဲ့သည့်နှစ်က ကျောင်းသားဆန္ဒပြပွဲများနောက်ပိုင်း ပထမဆုံး ကျင်းပသည့် ပြည်လုံးကျွတ် ရွေးကောက်ပွဲဖြစ်သည်။ ကျောင်းသားဆန္ဒပြပွဲများကြောင့် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာအစိုးရ ပြုတ်ကျသွားချိန်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နိုဘယ်ဆုရှင်မိုဟာမက်ယူနွတ်ဦးဆောင်သည့် ကြားကာလအစိုးရက အုပ်ချုပ်နေခြင်းဖြစ်သည်။ သို့သော် ယူနွတ်အစိုးရသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ နှေးကွေးခြင်းကြောင့် ဆန္ဒပြမှုအသစ်များနှင့် ရင်ဆိုင်လုံးပန်းနေရသည်။ ယခုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသည့် ဟာဆီနာ၏ ပါတီဘက်မှ ရွေးကောက်ပွဲကာလအတွင်း မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်နိုင်ကြောင်း သတိပေးချက်များလည်း ထွက်ပေါ်နေသည်။ ဘင်္ဂလားဒေ့ရှ်သမ္မတမိုဟာမက်ရှာဟာဘူဒင်ကလည်း ရွေးကောက်ပွဲအပြီးတွင် ၎င်း၏ သက်တမ်းတစ်ဝက်၌ ရာထူးမှ ဆင်းပေးမည်ဟု ပြောကြားထားသည်။ ယူနွတ်အစိုးရကြောင့် ၎င်း၏ ဂုဏ်သိက္ခာထိခိုက်ခဲ့ရသည်ဟု သမ္မတရှာဟာဘူဒင်က Reuters သတင်းဌာနကို ပြောကြားခဲ့သည်။ လာမည့် ရွေးကောက်ပွဲအတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူမဲဆန္ဒရှင်များ၏ […]

ရေဖြူမြို့ အနောက်ဘက်ကမ်းတွင် တိုက်ပွဲပြင်းထန်၊ စစ်အာဏာရှင်တပ်က မြို့အဝင်အထွက်ဂိတ်များပိတ်

Dawei Watch

December 12, 2025

ရေဖြူမြို့အနောက်ဘက်ကမ်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ အပြင်းထန်ဖြစ်ပွားနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်မြစ်အနောက်ကမ်းတွင်ရှိသော ရေဖြူမြို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ရေဖြူမြို့မ ရဲစခန်းတို့ကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၉ နာရီ ခွဲ အချိန်မှစ၍ တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ “လက်နက်ကြီးတွေ တရစပ်ပစ်နေကြတယ်။ ကျောင်းလည်းဖွင့်နေတော့ ကျောင်းသားတွေပဲ စိတ်ပူနေရတယ်။ ဖုန်းတွေလည်း ဆက်မရကြဘူး”ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ တိုက်ပွဲအတွင်း ရေဖြူမြို့နယ် အနီးရှိ အမှတ် ၄၀၆၊၄၀၇ စစ်အာဏာရှင်တပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း မြို့ခံများထံမှသိရသည်။ နှစ်ဘက်ပစ်ခတ်မှုများအတွင်း ရေဖြူမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြိုမရဲစခန်း မီးလောင်နေကြောင်း ဒေသခံများထံမှသိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ “အခုတိုက်ပွဲဖြစ်နေတဲ့နေရာမှာ ထွေအုပ်ရုံးရှိတယ်၊ ရဲစခန်းရှိတယ်။ အဲဒီနေရာကနေ […]

လွှတ်တော်ဖျက်သိမ်းရန် ထိုင်းဘုရင်လက်မှတ်ထိုး၊ ရက် ၆၀ အတွင်း ရွေးကောက်ပွဲလုပ်ရန် ညွှန်ကြား

Dawei Watch

December 12, 2025

ဥပဒေပြုလွှတ်တော်ကို ဖျက်သိမ်းရန် ထိုင်းဘုရင်က လက်မှတ်ထိုး အတည်ပြုလိုက်သည့် တော်ဝင်အမိန့်ကို ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံ၏ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီဟု ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာပြီးနောက် ထိုင်းဘုရင်လက်မှတ်ထိုးရန် တင်ပြခဲ့ခြင်းဖြစ်သည်။ ယနေ့ နံနက်ပိုင်းတွင် ထိုင်းဘုရင်က လွှတ်တော်ဖျက်သိမ်းရန် အတည်ပြုလိုက်ပြီး လာမည့် ၄၅ ရက်နှင့် ၆၀ ရက်ကြားတွင် ရွေးကောက်ပွဲ ကျင်းပရန် ညွှန်ကြားထားသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၆/၂၈ ကို ပြင်ဆင်သည့် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ထဲ မဲပေးဆုံးဖြတ်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် တိုက်ရိုက်ခန့်ထားသော အထက်လွှတ်တော်အမတ်များ၏ သုံးပုံတစ်ပုံက ထောက်ခံရမည်ဟူသောအချက်အစား အထက်နှင့် အောက်လွှတ်တော်အမတ်များ၏ တစ်ဝက်ကျော်က […]

ဆိုရှယ်မီဒီယာပိတ်ပင်သည့် ဩစတြေးလျအစိုးရကို Reddit တရားစွဲ

Dawei Watch

December 12, 2025

အသက် ၁၆ နှစ်အောက် ကလေးသူငယ်များအား ဆိုရှယ်မီဒီယာပိတ်ပင်ထားသည့် ဩစတြေးလျအစိုးရကို Reddit ဆိုရှယ်မီဒီယာကုမ္ပဏီက ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တရားစွဲဆိုလိုက်သည်။ အသက် ၁၆ နှစ်အောက် ကလေးများအတွက် ဩစတြေးလျအစိုးရက ပိတ်ပင်ထားသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများစာရင်းတွင် ၎င်းတို့အား ပယ်ဖျက်ပေးရန် Reddit ကုမ္ပဏီဘက် တောင်းဆိုကာ တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ ဩစတြေးလျအစိုးရ၏ ပိတ်ပင်မှုမှာ နိုင်ငံရေးအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ကုမ္ပဏီဘက်က ဆိုသည်။ Reddit ကုမ္ပဏီဘက်မှ ရှေ့နေများ၏ တရားရုံးတင်စာရွက်စာတမ်းတွင် ဩစတြေးလျအစိုးရ၏ အဆိုပါ ပိတ်ပင်မှုသည် နိုင်ငံရေးဆိုင်ရာ လွတ်လပ်စွာ ဆက်သွယ်ပြောဆိုမှုကို ပိတ်ပင်ချိုးဖောက်သောကြောင့် တရားမဝင်ကြောင်း ဖော်ပြထားသည်။ အဆိုပါ တရားစွဲဆိုမှုတွင် ဩစတြေးလျဓနသဟာယအဖွဲ့နှင့် ဆက်သွယ်ရေးဝန်ကြီး Anika Wells […]