စစ်အာဏာရှင်တပ်က ထားဝယ်အထူးစီးပွားရေးဇုန်ရှိ နေအိမ် ၄၀ ကျော်ကို ဆက်တိုက်မီးရှို့
Dawei Watch
February 5, 2026ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရလိုင်ကျေးရွာနှင့် သစ်တိုထောင့်ကျေးရွာတို့တွင် စစ်အာဏာရှင်တပ်က နှစ်ရက်အတွင်း နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ရေဖြူမြို့နယ်ရှိ ရလိုင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့က နေအိမ် ၄၀ ခန့်နှင့် သစ်တိုထောင့်ကျေးရွာ၌ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နေအိမ် ၅ လုံးတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “လမ်းကနေ ရေကြည့်ရသလောက် ရလိုင်မှာ မီးရှို့ခံရတဲ့အိမ် ၄၀ နီးပါးရှိတယ်။ တစ်ရွာလုံး အသေးစိတ်တော့ မကြည့်ရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များက ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းနောက် […]


