BREAKING
November 11, 2025

သတင်း

ကာကွယ်ရေး အသုံးစရိတ် တဟုန်ထိုး မြှင့်တင့်ရန် ဥရောပဆုံးဖြတ်

Dawei Watch

March 7, 2025

ဥရောပကော်မရှင်ထိပ်သီးအစည်းအဝေးတွင် ဥရောပလုံခြုံရေးအတွက် ကာကွယ်ရေးအသုံးစရိတ် တဟုန်ထိုး မြှင့်တင်ရန် သဘောတူခဲ့ကြပြီး ယူကရိန်းအတွက် ခိုင်ခိုင်မာမာ ဆက်လက်ထောက်ခံ အားပေးမှုကို ပြသနိုင်ခဲ့သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တက်လာပြီးနောက် အမေရိကန်၏ ကာလရှည်မဟာမိတ်ဖြစ်သည့် ဥရောပနှင့် ဆက်ဆံရေးပြိုကွဲလာချိန် ၊ ရုရှား၏ ပိုမိုရဲတင်းလာသည့် ခြိမ်းခြောက်မှုများကြောင့် ဥရောပခေါင်းဆောင်များက ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်ခဲ့သည့် ဥရောပကော်မရှင်ထိပ်သီးဆွေးနွေးပွဲတွင် ယူကရိန်း၏ လွတ်လပ်ခွင့်၊ လွတ်လပ်ရေးနှင့် နယ်နိမိတ်ကို ကာကွယ်သည့် ကြေညာချက်တစ်စောင်ကို ဥရောပခေါင်းဆောင် ၂၆ ဦးက လက်မှတ်ရေးထိုးခဲ့သည်။ ရုရှားနှင့် နီးစပ်သည့် ဟန်ဂေရီတစ်နိုင်ငံတည်းကသာ ယင်းဆုံးဖြတ်ချက်ကို ကြားနေမဲ ပေးခဲ့သည်။ ဥရောပနိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်ရန်အတွက် ယူရို ၁၅၀ ဘီလီယံအထိ ထုတ်ချေးပေးမည့် ဥရောပကော်မရှင်ဥက္ကဋ္ဌ၏ အစီအစဉ်ကိုလည်း ဆွေးနွေးခဲ့ကြသည်။ […]

ထားဝယ်အရှေ့တောဒေသတွင် ထားဝယ်ခရိုင် PDF တပ်ရင်း (၁) စခန်းမီးရှို့ခံရ

Dawei Watch

March 7, 2025

ထားဝယ်အရှေ့တောဒေသ အညာဖျားရွာအနီးရှိ ထားဝယ်ခရိုင် PDF တပ်ရင်း (၁) စခန်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ ရေဝိုင်းရွာမှ ပကာရီရွာဘက်သို့ အင်အားရာနှင့်ချီသုံးကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် သင်္ကန်းတုံးရွာ၊ ရမ္မဇူရွာဘက်သို့ တောလမ်းအတိုင်း စစ်ကြောင်းနှစ်ကြောင်း၊ ဥယျာဉ်ကြီးရွာနှင့် အညာဖျားရွာဘက်သို့ စစ်ကြောင်း နှစ်ကြောင်း ဖြန့်ကျက်ထိုးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ မတ်လ ၇ ရက် ယနေ့ နံနက် ၈ နာရီခန့်တွင် အညာဖျားရွာအနီးရှိ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း (T1) စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး နံနက် ၁၀ နာရီဝန်းကျင်တွင် စခန်းကို မီးရှို့ဖျက်ဆီးကြောင်း ၎င်းတို့က ပြောဆိုသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာစဉ်ကတည်းက T1 စခန်းက တပ်ဖွဲ့ဝင်များ အခြားသို့ရွှေ့ထားသဖြင့် […]

နှစ်နိုင်ငံ လုံခြုံရေးသဘောတူစာချုပ်ကြောင့် ဂျပန်ကသာ အကျိုးအမြတ်ရနေဟု ထရမ့်ဆို

Dawei Watch

March 7, 2025

အမေရိကန်က ယခင်သဘောတူထားသည့် ဂျပန်-အမေရိကန် လုံခြုံရေးစာချုပ်မှ ဂျပန်နိုင်ငံက အကျိုးအမြတ်များစွာရနေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က စောဒကတက်ပြောဆိုလိုက်သည်။ ယင်းစာချုပ်အရ အမေရိကန်က ဂျပန်ကို ကာကွယ်ပေးရမည် ဖြစ်သော်လည်း ဂျပန်က အမေရိကန်ကို ကာကွယ်ပေးရန် မလိုအပ်ကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။ နေတိုးအဖွဲ့ထဲရှိ ဥရောပနိုင်ငံများ၏ အသုံးစရိတ်နှင့် ပတ်သက်၍ သတင်းထောက်များကို ပြောကြားနေချိန်တွင် သမ္မတထရမ့်က အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ သမ္မတထရမ့်က ၎င်းအနေဖြင့် ဂျပန်နိုင်ငံကို နှစ်သက်သဘောကျကြောင်း ၊ ဂျပန်နှင့် အမေရိကန်အကြား ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း သို့သော်လည်း နှစ်နိုင်ငံအကြား စိတ်ဝင်စားစရာကောင်းသော သဘောတူညီချက် တစ်ခုရှိပြီး ယင်းသဘောတူညီချက်အရ အမေရိကန်က ဂျပန်ကို ကာကွယ်ပေးရမည် ဖြစ်သော်လည်း ဂျပန်က အမေရိကန်ကို ကာကွယ်ပေးစရာမလိုကြောင်း ထရမ့်က ထောက်ပြဝေဖန်သည်။ “ဒီသဘောတူညီချက်ကို […]

မဟာချိုင်တွင် မြန်မာလုပ်သားတစ်ဦး မျက်စိလှူဒါန်း

Dawei Watch

March 7, 2025

ထိုင်းနိုင်ငံ မဟာချိုင်ဒေသက စမွန်စခွန်ဆေးရုံကြီးတွင် ဆေးကုသနေသော မြန်မာအလုပ်သမားတစ်ဦး၏ မျက်စိတစ်စုံကို လိုအပ်သည့် လူနာများ ကုသနိုင်ရန် မတ်လ ၆ ရက်နေ့က ဇနီးဖြစ်သူက ပေးလှူခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့နှင့် စမွတ်စခွန်ဆေးရုံကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။ အသက် ၄၂ နှစ်အရွယ် ကိုသက်ချိုသည် မဟာချိုင်ဒေသရှိ စက်ရုံတွင် ဇနီးနှင့်အတူ အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့က ရေးသားသည်။ ပြီးခဲ့သော မတ်လ ၃ ရက်နေ့က အပြင်ထွက်စဉ် ၁၈ ဘီးတပ် ကုန်တင်ကားနှင့် တိုက်မိကြောင်း ဖော်ပြသည်။ မတော်တဆဖြစ်ပြီး စမွတ်စခွန်ဆေးရုံကြီးတွင် အရေးပေါ်ကုသမှု ခံယူနေစဉ် လူနာသည် မတ်လ ၆ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း ဆေးရုံကြီးက ထုတ်ပြန်သည်။ လူနာမသေဆုံးမီ ဆေးရုံအတွင်းရှိ အမြင်အာရုံကုသရန် လိုအပ်နေသော […]

ယူကရိန်းတွင် ဥရောပတပ်များထားမည့်ကိစ္စမျိုး ခွင့်မပြုဟု ရုရှားသတိပေး

Dawei Watch

March 7, 2025

ဥရောပငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များ ယူကရိန်းတွင် ထားရှိသွားမည်ဆိုပါက စစ်ပွဲတွင် နေတိုးအဖွဲ့၏ တိုက်ရိုက်ပါဝင်ပတ်သက်မှုဟု မှတ်ယူပြီး ယင်းကို ရုရှားဘက်က ခွင့်ပြုသွားမည်မဟုတ်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က ကြာသပတေးနေ့က သတိပေးပြောဆိုလိုက်သည်။ ရုရှားရန်မှ ဥရောပကို ကာကွယ်ရေးအတွက် အဏုမြူလက်နက် အသုံးပြုရေး အလားအလာကို ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်က အဆိုပြုလာသည့်အပေါ် ၎င်းက ယင်းသို့ဝေဖန်ပြောဆိုခဲ့သည်။ ပြင်သစ်သမ္မတ၏ အဆိုပြုချက်မှာ အန္တရာယ်များပြီး လက်ရှိတင်းမာမှုများကို ပိုမိုဆိုးရွား သွားစေလိမ့်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ နှစ်ဘက်စလုံး၏ သဘောတူညီချက်ရပြီးမှသာ ဥရောပငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များ ထားခွင့်ရှိမည်ဟု ၎င်းက ပြောသည်။ ယူကရိန်းစစ်အပစ်ရပ်ရေး သဘောတူညီချက်ရပြီးလျှင် ယူကရိန်းတွင် ဥရောငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များကို ထားရှိသွားရန် ဥရောပခေါင်းဆောင်အချို့က အဆိုပြုလိုက်ပြီးနောက်တွင် ရုရှားဘက်က ယင်းသို့ တုံ့ပြန်လာခြင်း ဖြစ်သည်။ အမေရိကန်နှင့် ဗြိတိန်၏ ထောက်လှမ်းရေးအကူအညီသာ […]

စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦး ဒေါနတပ်ရင်းထံ ထပ်မံ ဘက်ပြောင်းခိုလှုံ

Dawei Watch

March 7, 2025

စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဥ် ၁ နှင့် အပတ်စဥ် ၆ သင်တန်းဆင်း တပ်သားနှစ်ဦး မွန်နှင့် တနင်္သာရီတို့တွင် စစ်ရေးလှုပ်ရှားနေသည့် ဒေါနတပ်ရင်းထံသို့ ထပ်မံ၍ ဘက်ပြောင်းခိုလှုံကြောင်း ယင်းတပ်ရင်းထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ရေးမြို့နယ်အတွင်း လမ်းကင်းဆောင်ရွက်နေစဉ် ထွက်ပြေးလာခြင်းဖြစ်ပြီး ဒေသခံများအား ဆက်သွယ်မေးမြန်း၍ ဒေါနတပ်ရင်း၏ တပ်ခွဲ ၃ ၊ ရေးပြောက်ကျားတပ်ဖွဲ့ ထံသို့ မတ်လ ၆ ရက်တွင် ရောက်ရှိလာကြောင်း ဒေါနတပ်ရင်းမှ ဒုတပ်ရင်းမှူးက ပြောသည်။ ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် ရန်ကုန်နှင့် ပဲခူးဒေသခံများဖြစ်ပြီး အဓမ္မစစ်သားစုဆောင်းခံရခဲ့သူများဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၎င်းတို့နှစ်ဦးအနက်တစ်ဦးမှာ ရှမ်းပြည်နယ်၊ ဗထူးတပ်မြို့ ၊ အမှတ် ၁ အရာခံနှင့်တပ်ကြပ်ကြီးလေ့ကျင့်ရေး သင်တန်းကျောင်းတွင် အပတ်စဥ် (၁) စစ်မှုထမ်းသင်တန်းတက်ခဲ့ရပြီး […]

နှစ်ထပ်ကွမ်း ဂရင်းနစ်စံချိန်ရှင် အချိန်အကြာဆုံး နမ်းနိုင်သော ထိုင်းစုံတွဲကွာရှင်း

Dawei Watch

March 6, 2025

ကမ္ဘာ့ဂရင်းနစ်စံချိန်တင် အချိန်အကြာဆုံး နမ်းနိုင်ကြသူများဖြစ်သော ထိုင်းစုံတွဲသည် နှစ်ဦးသား ကွာရှင်းလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ၎င်းတို့နှစ်ဦးသည် ကမ္ဘာပေါ်တွင် အချိန်အကြာဆုံး နမ်းနိုင်သူများအဖြစ် ဆယ်စုနစ်တစ်ခုကြာအောင် စံချိန်တင်ထားသူများဖြစ်သည်။ အေကချိုင်နှင့်လက်စနတို့နှစ်ဦးသည် လွန်ခဲ့သော ၂၀၁၃ ခုနှစ်က ပတ္တယားတွင် ကျင်းပခဲ့သော မာရသွန်အနမ်းပွဲတွင် နှုတ်ခမ်းချင်း ၅၈ နာရီ ၃၅ မိနစ်ကြာအောင် နမ်းနိုင်ခဲ့ပြီး ကမ္ဘာ့ဂရင်းနစ်စံချိန်ကို ထပ်မံတင်ထားနိုင်သူများဖြစ်သည်။ ၂၀၁၁ ခုနှစ်က အချိန် ၄၆ နာရီ ၂၄ မိနစ်ကြာအောင် နမ်းနိုင်သော ၎င်းတို့၏ စံချိန်ကိုပင် ထပ်မံချိုးဖျက်ထားခြင်းဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်တွင် ၎င်းတို့နှစ်ဦးသား ကွာရှင်းလိုက်ပြီဖြစ်ကြောင်း အေကချိုင်က ပြီးခဲ့သောဖေဖော်ဝါရီလက အတည်ပြုလိုက်သည်။ ၎င်းတို့နှစ်ဦးသည် အချိန်ကြာကြာ အတူတူဖြုန်းခဲ့ကြပြီး ဘဝတွင် တစ်ကြိမ်သာရရှိခဲ့သော အတွေ့အကြုံအတွက် ဂုဏ်ယူမိကြောင်း အေကချိုင်က […]

အဏုမြူလက်နက်ဖြင့် ဥရောပတိုက်ကို ရုရှားရန်မှကာကွယ်နိုင်ရေး ပြင်သစ်ကြိုးပမ်း

Dawei Watch

March 6, 2025

ပြင်သစ်ပိုင် အဏုမြူလက်နက်များ အသုံးပြုကာ ဥရောပတိုက်ကို ရုရှားရန်မှ ကာကွယ်ရေးအတွက် ဖြစ်နိုင်ခြေကို ဥရောပမဟာမိတ်နိုင်ငံများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။ ဥရောပသမဂ္ဂ(EU) အဖွဲ့ဝင်နိုင်ငံများတွင် ပြင်သစ်နိုင်ငံတစ်ခုတည်းကသာ အဏုမြူလက်နက် ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ဥရောပလုံခြုံရေးအတွက် အမေရိကန်၏ ပူးပေါင်းပါဝင်မှု မရှိတော့မည့်အရေး စိုးရိမ်မှုများ မြင့်တက်လာချိန် ပြင်သစ်သမ္မတက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြားမိန့်ခွန်းထဲတွင် ပြင်သစ်သမ္မတက ရုရှားသည် “ပြင်သစ်နှင့် ဥရောပအတွက် ခြိမ်းခြောက်မှုတစ်ခု” ဟု ပြောဆိုခဲ့ပြီး “ကျွန်တော်တို့ရဲ့ အဏုမြူလက်နက်အကာအကွယ်နဲ့ ဥရောပတိုက်က ကျွန်တော်တို့ရဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့အရေး မဟာဗျူဟာမြောက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ထားပြီးပြီ” ဟုလည်း ပြောဆိုလိုက်သည်။ အဏုမြူလက်နက်အသုံးပြုခွင့်ကို ပြင်သစ်သမ္မတ၏ လက်မှာသာ ထားရှိမည်ဟု မက်ခရွန်က ဆိုသည်။ […]