ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော ရှပ်ပုံရွာကို စစ်အာဏာရှင်တပ် နှစ်ပတ်အတွင်း တတိယအကြိမ်မီးရှို့

Dawei Watch

February 10, 2026

ပုလောမြို့နယ်၊ ရှပ်ပုံရွာကို စစ်အာဏာရှင်တပ်သားများ သီတင်းပတ် နှစ်ပတ်အတွင်း တတိယအကြိမ် မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၆ ရက် ည ၇နာရီခန့်က ရှပ်ပုံရွာကို စစ်အာဏာရှင်တပ်သားများက တတိယအကြိမ် မီးရှို့ရာ နေအိမ်လေးဆောင် မီးလောင်ပျက်စီးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “မီးခိုးတွေ တက်နေတာတွေ့နေရတယ်။ အိမ်လေးဆောင် လောင်သွားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ ရှပ်ပုံရွာသည် ပုလောမြို့၏ ချောင်းတစ်ဖက်တွင် တည်ရှိပြီး ရှပ်ပုံရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက မီးရှို့ခြင်းဖြစ်ကြောင်းကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်အာဏာရှင်တပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်တွင် ရှပ်ပုံရွာရှိ နေအိမ်များကို မီးရှို့ရာ နေအိမ် ၄၀ ကျော် မီးလောင် ပျက်စီးပြီး […]

ချွန်ဘူရီတွင် ရွေးကောက်ပွဲစာရွက်စာတမ်းများကို စွန့်ပစ်ထားသဖြင့် မဲပြန်ရေရန် ပြည်သူများဆန္ဒပြတောင်းဆို

Dawei Watch

February 10, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင် အမှတ် (၁) မဲဆန္ဒနယ်မြေတွင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို အမှိုက်ပုံးထဲ စွန့်ပစ်ထားသည်ကို တွေ့ရသဖြင့် မဲပြန်ရေတွက်ပေးရန် ပြည်သူများက ဆန္ဒပြတောင်းဆိုကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၈ ရက်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲပြီးနောက် ချွန်ဘူရီခရိုင် အမှတ် ၁ မဲဆန္ဒနယ်မြေက မဲရုံပစ္စည်း အားလုံးကို ကြက်တောင်ကွင်းထဲတွင် ထားရှိထားပြီး မဲပေးတာလီစာရွက်များ၊ လုံခြုံရေးစည်းများကို အမှိုက်ပုံးထဲ စွန့်ပစ် ထားသည်ကို တွေ့ရသဖြင့် မဲစာရင်းလုပ်ဆောင်ချက်နှင့် ပတ်သက်၍ ပြည်သူများက သံသယရှိလာခြင်းဖြစ်သည်။ မဲပုံးများကိုလည်း လုံခြုံသော ဌာနဆိုင်ရာနေရာများသို့ ပို့ဆောင်ခြင်းမရှိဘဲ ကြက်တောင်ကွင်းတွင် ထိန်းသိမ်းထားသည် မှာလည်း သံသယဖြစ်စေကြောင်း ဖော်ပြသည်။ မဲပုံးများကို လုံခြုံရေးစည်းဖြင့် ချည်နှောင်ထားခြင်း မရှိသဖြင့် လုံခြုံရေးစည်းကိုဖယ်၍ မဲပုံးကို ဖွင့်ထားသည်ဟု ပြည်သူများက […]

ထားဝယ်မြို့တွင် မသန်စွမ်းသူအပါအဝင် မြို့ခံအချို့စစ်မှုထမ်းဆီးခံရ

Dawei Watch

February 9, 2026

ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့တွင် စစ်အာဏာရှင်တပ်က ကားငါးစီးဖြင့် ဖေဖော်ဝါရီလ ၈ရက် ညသန်းခေါင်ကျော်တွင် နေအိမ်များကို ဝင်ရောက်ပြီး လူငယ်များကို စစ်မှုထမ်းဖမ်းဆီးကြောင်း မြို့ခံများထံမှ သိရသည်။ ယင်းသို့ စုဆောင်းခံရသူများအနက် ဘုမ္မော်ရပ်ကွက်တွင် ခြေတစ်ဖက် မသန်သူတစ်ဦးလည်း ပါဝင်ကြောင်း ရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။ “ဘုမ္မော်မှာ ညောင်ပင်ကြီးလမ်းနဲ့ မြစံပယ်လမ်းတွေမှာ ဝင်ဆွဲသွားတယ်။ ဖုန်းဆိုင်ပိုင်ရှင်တစ်ယောက်နဲ့ ခြေတစ်ဖက် မသန်တဲ့တစ်ယောက် ပါသွားတယ်” ဟု ဘုမ္မော်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ယင်းအပြင် ယမန်နေ့ည၌ပင် စစ်မှုထမ်း စုဆောင်းရန် ဝင်ရောက်စစ်ဆေးခံရသည့် စာရင်းတွင် အထက်တန်း ကျောင်းသား တစ်ဦး ပါဝင်နေကြောင်း ဖြစ်စဥ်အားသိရှိသူတစ်ဦးက ပြောဆိုသည်။ “စစ်မှုထမ်းဝင်ဆွဲဖို့ စာရင်းထဲပါလာတယ်ဆိုပြီး အိမ်ကိုဝင်စစ်ပြီးမှ ကျောင်းသားဖြစ်နေတယ်ဆိုတော့ ထားခဲ့တယ်။ မခေါ်သွားဘူး” ဟု ၎င်းက ပြောသည်။ ဖေဖော်ဝါရီလ […]

မြိတ်-ထားဝယ်ကားလမ်း ပိတ်နေ

Dawei Watch

February 9, 2026

မြိတ်-ထားဝယ်ကားလမ်းကို ဖေဖော်ဝါရီလ ၈ ရက်ကစ၍ ဖြတ်သန်းသွားလာ၍ မရကြောင်း ကားသမားအချို့နှင့် ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူတို့က ပြောသည်။ သရက်ချောင်းမြို့နယ် ဆင်ကျန်းကျေးရွာမှ ပလောက်အထိ လမ်းကြောင်းပိတ်ထားပြီး မြိတ်ဘက်ခြမ်းတွင်လည်း ကားလမ်းပိတ်ထားကြောင်း ကားသမားအချို့က ဆိုသည်။ “ကားလမ်းပိတ်ထားတာ နှစ်ရက်ရှိပြီ” ဟု မြိတ်မြို့က ယာဉ်လိုင်းလုပ်ငန်းတွင် လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ သရက်ချောင်းမြို့နယ်မှ ပလောက်၊ ယင်းမှ ပုလော၊ ပလ၊ မြိတ်အထိ ပြည်ထောင်စုကားလမ်းတစ်လျှောက်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ စစ်ရေးတင်းမာသည့် ပုံစံရှိနေကြောင်း ဒေသခံအချို့နှင့် ကားသမားအချို့က ဆိုသည်။ “လမ်းပိတ်တာ ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှမသိဘူး” ဟု ခရီးသည်တင် ကားသမားတစ်ဦးက ပြောသည်။ ကုန်ကားသမားတစ်ဦးကလည်း ကားလမ်းပိတ်ထားသည်မှာ နှစ်ရက်ရှိလာပြီဖြစ်ပြီး ကားသမားများနှင့် ကုန်ကားများ၊ ခရီးသည်များ လမ်းတွင် ပိတ်မိနေကြောင်း […]

ကမ်းဇော်စေ့ ဈေးကျနေပြီး တစ်ပြည် ကျပ်ခြောက်သောင်းခန့်သာရ

Dawei Watch

February 9, 2026

မြိတ်ကျွန်းစုဒေသတွင် ကမ်းဇော်‌စေ့ပေါ်ချိန်စောပြီး အထွက်များသဖြင့် ယမန်နှစ်ထက် ဈေးကျနေကြောင်း မြိတ်မြို့ရှိ ကမ်းဇော်စေ့ရောင်းဝယ်သူများထံမှ သိရသည်။ ယခုနှစ်တွင် ကမ်းဇော်ပင်က အသီးသီးချိန်စောသလို အထွက်လည်းများသဖြင့် ဈေးကျနေခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ကမ်း‌ဇော်စေ့တစ်ပြည်လျှင် ငွေကျပ် တစ်သိန်းဝန်းကျင်အထိ ဈေးပေါက်ခဲ့သော်လည်း လက်ရှိတွင် ကျပ် ခြောက်သောင်းဝန်းကျင်သာ ဈေးရှိတော့ကြောင်း မြိတ်ဈေးကွက်အတွင်းမှ သိရသည်။ “ရှေ့နှစ်တွေကဆို အပင်မှာ အသီးမကပ်ဘူး။၂ နှစ်ဆက်တိုက် ကမ်းဇော်စေ့ မကြွေဘဲ ဖြစ်သွားတာ ဒီတော့ဈေးတွေက တအားထိုးတက်သွားတာပေါ့။အခုတော့ အသီးကလည်း ကပ်မှကပ် ကြွေချိန်လည်းစောတယ်”ဟု မြိတ်မြို့နယ်နေ ကမ်းစော်စေ့ရောင်းဝယ်နေသည့် မြို့ခံတစ်ဦးက ပြောသည်။ ကမ်းဇော်ပင်၏ သဘောသဘာဝအရ ပျမ်းမျှအားဖြင့် သုံးနှစ်တစ်ကြိမ် အသီးသီးလေ့ရှိသည့်အတွက် ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ်က အသီးမသီးခဲ့ကြောင်း ကမ်းဇော်ပင်စိုက်ပျိုးထားသည့် ဘုတ်ပြင်းမြို့နယ်နေ ဒေသခံတစ်ဦးက ဆိုသည်။ […]

ကံပေါက်တွင် ဟိန္ဒူမီးနင်းပွဲ ပြန်ကျင်းပမည်

Dawei Watch

February 9, 2026

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် ၅ နှစ်ကြာ ရပ်နားထားသည့် ဟိန္ဒူဘာသာဝင်များ၏ မီးနင်းပွဲ၊ အပ်ထိုးပွဲနှင့် ဓားတက်ပွဲကို ယခုနှစ်တွင် ပြန်ကျင်းပမည်ဖြစ်ကြောင်း ဆာရီကာလီယမ္မာမယ်တော် ဟိန္ဒူဘုရားကျောင်း ဂေါပကအဖွဲ့နှင့် ဒေသခံ ဟိန္ဒူဘာသာဝင်များထံမှ သိရသည်။ ဖေဖော်ဝါရီလ ၆ ရက်မှ ၁၀ ရက်အထိ ၅ ရက်ကြာ ဘုရားကျောင်းတွင် ပူဇော်ပွဲကျင်းပကာ နောက်ဆုံးရက် (ဖေဖော်ဝါရီ ၁၀ ရက်) ညနေတွင် ဟိန္ဒူဘာသာထုံးတမ်းအရ ဥပုသ်စောင့်ထားသူများ အပ်ထိုး၍ ဘုရားကျောင်းတည်ရှိသည့် ဗိုလ်ချုပ်ရပ်ကွက်ကို တစ်ပတ်လှည့်လည်ပြီးနောက် ကံပေါက်ဘောလုံးကွင်းတွင် မီးနင်းပွဲနှင့် ဓားတက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ အပ်ထိုး၊ မီးနင်း၊ ဓားတက်ပွဲများကို ၁၉၉၄ ခုနှစ်မှစ၍ ကံပေါက်ကျေးရွာတွင် ကျင်းပခဲ့ပြီး ကိုဗစ်ကာလကတည်းက မကျင်းပဘဲ ရပ်နားထားခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ […]

မြိတ်တွင် မီးသင်္ဂြိုဟ်စရိတ်စျေးထပ်တက်

Dawei Watch

February 9, 2026

မြိတ်မြို့တွင် မီးသင်္ဂြိုဟ်စရိတ်ကို ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ကျပ်လေးသောင်း ကောက်ခံမည်ဖြစ်ကြောင်း မြိတ်မြို့ မီးသင်္ဂြိုဟ်နာရေးအသင်းထံမှ သိရသည်။ ယခင်က သုံးသောင်းကျပ် ကောက်ခံနေရာမှ လေးသောင်းကျပ်သို့ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် မီးသင်္ဂြိုဟ်စရိတ် ကျပ်နှစ်သောင်းခွဲ စျေးရှိခဲ့ပြီး ယင်းမတိုင်မီက ကျပ်နှစ်သောင်းသာ ရှိခဲ့ကြောင်း မြို့ခံများ နှင့် အထက်ပါအသင်းထံမှ သိရသည်။ မီးသင်္ဂြိုဟ်နာရေးအသင်းက မီးသင်္ဂြိုဟ်ကိစ္စကို စီမံရပြီး ရရှိသည့် ငွေကြေးများကို မီးသင်္ဂြိုဟ်စက်၊ အလုပ်သမားခ နှင့် မီးသင်္ဂြိုဟ်ရန် ထင်းအတွက် အသုံးပြုကြောင်း ယင်းအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည် ။ “ထင်းက တအားရှာရတယ် ။ လှူပေးတာမျိုးရှိရင်လည်း သစ်ပင်ပဲလှူပေးတယ် ။ သွားခုတ်ပြီးသယ်တဲ့စရိတ် ၊ အလုပ်သမားခတွေ ထပ်ပေးရတယ် ။ ပြီးတော့ […]

ဟောင်ကောင်မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ

Dawei Watch

February 9, 2026

ဟောင်ကောင်မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင်အား ဟောင်ကောင်တရားရုံးက ယနေ့ ဖေဖော်ဝါရီလ ၉ ရက်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်။ နိုင်ငံခြားအင်အားစုများနှင့် လျှို့ဝှက်ပူးပေါင်းကြံစည်မှု စွဲချက်နှစ်ခု၊ အစိုးရကို ဆန့်ကျင်ရန် လှုံ့ဆော်သည့် အရေးအသားများ ထုတ်ဝေမှု စွဲချက်တစ်ခု အပါအဝင် အမျိုးသားလုံခြုံရေးဆိုင်ရာ စွဲချက်များဖြင့် ယင်းသို့ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။ လက်ရှိ ပိတ်သိမ်းထားပြီးဖြစ်သော Apple Daily သတင်းစာကို တည်ထောင်သူ ဂျင်မီလိုင်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် ပထမဆုံး ဖမ်းဆီးခဲ့ပြီး ယမန်နှစ် ဒီဇင်ဘာလတွင် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့သည်။ ဂျင်မီလိုင်သည် နိုင်ငံခြားအင်အားစုများနှင့် ပူးပေါင်းကြံစည်မှုများ၏ နောက်ကွယ်မှ အဓိကကြိုးကိုင်သူ၊ အဓိက တွန်းအားပေးသူ ဖြစ်ခြင်းကြောင့် ပြစ်ဒဏ်ကို ပိုမိုတိုးမြှင့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဟောင်ကောင်တရားရုံးက ဆုံးဖြတ်ခဲ့သည်။ […]