ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောင်ဒဏ်တစ်နှစ် ချမှတ်
Dawei Watch
September 9, 2025ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ထိုင်းနိုင်ငံ ဗဟိုတရားရုံးချုပ်က ယနေ့ စက်တင်ဘာလ ၉ ရက်တွင် ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်သည်။ ယင်းမှာ ထိုင်းနိုင်ငံရေးကို ဆယ်စုနှစ် ၂ ခုစာ လွှမ်းမိုးလာခဲ့သည့် ရှင်နာဝပ်မိသားစုအတွက် နောက်ထပ်ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်ကြောင်း Bangkok Post က ဖော်ပြသည်။ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သက်ဆင်၏ ကျန်းမာရေးအခြေအနေ အရေးပေါ် မဟုတ်ဘဲ ဆေးရုံသို့ ပို့ဆောင်ထားခြင်းမှာ ဥပဒေနှင်မညီကြောင်း တရားရုံး၏ အမိန့်အရ သိရသည်။ သက်ဆင် ကိုယ်တိုင်သည်လည်း ၎င်း၏ ကျန်းမာရေးအခြေအနေမှာ အရေးပေါ် အခြေအနေမဟုတ်မှန်း သိရှိနေပြီး ထို့ကြောင့် ဆေးရုံတွင် နေထိုင်မှုကို ထောင်ဒဏ်အဖြစ် မမှတ်ယူနိုင်ကြောင်း တရားရုံး၏ အမိန့်က ဆိုသည်။ ယခု တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်သဖြင့် ရဲတပ်ဖွဲ့က သက်ဆင်အား […]


