ပိုလန်ထဲ ရုရှားဒရုန်းများ ကျူးကျော်မှု နေတိုးကို သွေးတိုးစမ်းခြင်းဖြစ်ဟု ကန်စစ်ဘက်အရာရှိဟောင်းပြော
Dawei Watch
September 10, 2025ပိုလန်လေပိုင်နက်ထဲသို့ ယနေ့ နံနက်အစောပိုင်းက ရုရှားဒရုန်းများ ကျူးကျော်ဝင်ရောက်လာမှုမှာ နေတိုးအဖွဲ့ကို သွေးတိုးစမ်းခြင်းဖြစ်ကြောင်း အမေရိကန်စစ်ဘက်အဆင့်မြင့်အရာရှိဟောင်း Jim Townsend က ပြောဆိုလိုက်သည်။ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် ပိုလန်နယ်နိမိတ်ထဲသို့ ရုရှားဒရုန်းများ ကျူးကျော်ဝင်ရောက်လာမှုမှာ မတော်တဆ မှားယွင်းမှုတစ်ခုအဖြစ် ယူဆရန် ခဲယဉ်းကြောင်း ၎င်းက ဆိုသည်။ “ဒရုန်းတစ်စင်းတည်းဆိုရင် မတော်တဆ မှားယွင်းမှုပဲ။ ဒရုန်းအစင်းရေ အများကြီးဆိုရင်တော့ မတော်တဆ မှားယွင်းတာ မဟုတ်တော့ဘူး” ဟု Jim Townsend က ပြောဆိုသည်။ “ဒါက သွေးတိုးစမ်းတယ်ဆိုတာ ဖြစ်နိုင်တယ်ဆိုတာထက် ပိုပါတယ်။ ဒါဟာ နေတိုးက တုံ့ပြန်ရမယ့် သွေးတိုးစမ်းမှုတစ်ခုပဲ” ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ လက်ရှိတွင် ပိုလန်နှင့် နေတိုးက အခြေအနေကို ကောင်းကောင်းထိန်းချုပ်ထားနိုင်သည်မှာ သတင်းကောင်းဖြစ်ကြောင်း Jim Townsend က […]


