ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖူးခက်တွင် မြန်မာငါးဖမ်းသမားတစ်ဦး လှေပေါ်မှ ပြုတ်ကျပျောက်ဆုံး

Dawei Watch

February 11, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် မြန်မာရေလုပ်သား ငါးဖမ်းသမားတစ်ဦးသည် လှေပေါ်မှ ပြုတ်ကျ၍ ပင်လယ်ထဲ ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၉ နာရီမှ ၁၁ နာရီကြားတွင် ငါးဖမ်းလှေပေါ် အလုပ်နားနေချိန် ပင်လယ်ထဲ ပြုတ်ကျ၍ ပျောက်ဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း လှေဦးစီး ပြောဆိုချက်ကို ကိုးကားပြီး သတင်းများတွင် ဖော်ပြသည်။ ပျောက်ဆုံးနေသူမှာ အသက် ၃၂ နှစ်အရွယ် ကိုကျော်မင်းဌေးဖြစ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၁ နာရီခန့်တွင် အလုပ်စတင်ရန် လူပြန်စုသည့်အချိန် ပျောက်ဆုံးနေသည်ကို သိရှိခဲ့ကြောင်း လှေဦးစီးက ဆိုသည်။ ကိုကျော်မင်းဌေး ပျောက်ဆုံးနေသည်ကို သိရှိပြီးနောက် လှေဖြင့် လှည့်ပတ်မောင်း၍ ရှာဖွေခဲ့ပြီး အနီးအနားက လှေများကလည်း မီးထိုး၍ ကူညီရှာဖွေပေးခဲ့သေးကြောင်း […]

စစ်အာဏာရှင်တပ် အင်အားဖြည့်ပြီးနောက် မောတောင်လမ်းတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်

Dawei Watch

February 11, 2026

တနင်္သာရီမြို့မှ မောတောင်မြို့သို့ သွားရာလမ်းပိုင်းရှိ သိန်ခွန်းရွာနှင့် ချောင်းနှစ်ပေါက်ရွာတို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးလာပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နှင့် ၇ ရက်တို့တွင် တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “အရင်လာတဲ့ စစ်ကောင်စီတပ်သားတွေက သိန်ခွန်းဘက်ကနေ တိုးတက်လာတယ်။ နောက်ရောက်လာတဲ့ သူတွေက ချောင်းနှစ်ပေါက်ရွာကြားကို ရောက်လာတယ်။ အဲဒီနေရာတွေမှာ နှစ်ရက်လုံးပွဲဖြစ်တယ်။ တိုက်ပွဲကတော့ ကြမ်းတယ်” ဟု ၎င်းက ပြောသည်။ ဖေဖော်ဝါရီလ ၅ရက်တွင် မြိတ်မြို့မှတစ်ဆင့် စစ်အာဏာရှင်တပ်သည် သိန်ခွန်းရွာရှိ စစ်အာဏာတပ်သားများထံသို့ ကား ခြောက်စီးဖြင့် ရိက္ခာအပါအဝင် အင်အား ၆၀ ခန့်ဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ပြောဆိုသည်။ […]

ဥပဒေနှင့် မညီသည့်အကြောင်းအရာများကို ဆိုရှယ်မီဒီယာကုမ္ပဏီများက သုံးနာရီအတွင်း ဖယ်ရှားရန် အိန္ဒိယအစိုးရ ထုတ်ပြန်

Dawei Watch

February 11, 2026

ဆိုရှယ်မီဒီယာကုမ္ပဏီများအနေဖြင့် ဥပဒေနှင့် မညီသည့် အကြောင်းအရာ ရေးသားဖြန့်ဝေပြောဆိုမှုများကို အကြောင်းကြားစာ လက်ခံရရှိပြီး သုံးနာရီအတွင်း ဖယ်ရှားရမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ဖေဖော်ဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်သည်။ ယခင် သတ်မှတ်ထားသည့် ၃၆ နာရီအတွင်း ဖယ်ရှားရမည်ဆိုသည့် စည်းမျဉ်းကို ပိုမိုတင်းကျပ်လိုက်ခြင်း ဖြစ်သည်။ ယင်းမှာ Meta ၊ YouTube နှင့် X စသည့် ဆိုရှယ်မီဒီယာကုမ္ပဏီကြီးများဘက်က လိုက်နာရန် ခက်ခဲမည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ယခုအသစ်ထုတ်ပြန်လိုက်သည့် စည်းမျဉ်းအသစ်သည် ဖေဖော်ဝါရီလ ၂၀ ရက်မှစတင်၍ အာဏာတည်မည် ဖြစ်သည်။ ဥပဒေနှင့် မညီသည့် အကြောင်းအရာများ ရေးသားပြောဆိုဖြန့်ဝေမှုများကို ဖယ်ရှားရမည့်အချိန်ကာလကို ပြောင်းလဲရခြင်းနှင့် ပတ်သက်၍ အိန္ဒိယအစိုးရ၏ ညွှန်ကြားချက်တွင် မည်သည့်အကြောင်းပြချက်မျှ ဖော်ပြထားခြင်း မရှိပေ။ “ဆိုရှယ်မီဒီယာကုမ္ပဏီတွေအတွက် အကြောင်းအရာတွေကို […]

ကိုဗစ်ကာလနောက်ပိုင်း ပြန်ကျင်းပသည့် ကံပေါက် ဟိန္ဒူမီးနင်းပွဲ

Dawei Watch

February 11, 2026

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် တည်ရှိသည့် ဆာရီကာလီယမ္မာ မယ်တော် ဟိန္ဒူဘုရားကျောင်းက ဖေဖော်ဝါရီလ ၁၀ ရက် ညနေပိုင်းတွင် မီးနင်းပွဲနှင့် အပ်ထိုးပွဲကို ကံပေါက်ဘောလုံးကွင်း၌ ကျင်းပကြောင်း ဘုရားကျောင်းဂေါပကအဖွဲ့ထံမှ သိရသည်။ ကိုဗစ်ကပ်ရောဂါကာလနှင့် စစ်အာဏာသိမ်းမှုကာလအတွင်း မီးနင်းပွဲကို ငါးနှစ်ကြာ ရပ်နားထားရာမှ ယခုနှစ်တွင် ကျင်းပခြင်းဖြစ်သည်။ ဘုရားပူဇော်ပွဲကိုမူ နှစ်စဥ် မပျက်ပြုလုပ်ခဲ့ပြီး ယခုနှစ်၌ သက်ဝင်ယုံကြည်သူများက မီးနင်းပွဲ ပြုလုပ်ကြရန် တောင်းဆိုကြသဖြင့် ညှိနှိုင်းတိုင်ပင်ကာ ပြန်လည်ပြုလုပ်ခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ ဟိန္ဒူဘာသာဓလေ့ထုံးတမ်းအရ ရက်ရှည် ဥပုသ်စောင့်ကာ အပ်ထိုး ၊ မီးနင်းကြခြင်းဖြစ်ပြီး အပ်ထိုး၊ မီးနင်းသူ အရေအတွက်မှာမူ ကိုဗစ်မတိုင်မီက ကျင်းပသည့် ဘုရားပွဲများတွင် ပါဝင်သူအရေအတွက်ထက် လျော့နည်းကြောင်း ဆိုသည်။ ယခုနှစ် ဘုရားပွဲတွင် ပါဝင်သူအများစုသည် သက်လတ်ပိုင်း၊ သက်ကြီးပိုင်း […]

မဲဆောက်တွင် ကားတိုက်မှုကြောင့် မြန်မာလုပ်သားနှစ်ဦးသေဆုံး

Dawei Watch

February 11, 2026

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မဲဆောက်မြို့တွင် ကားတိုက်မှုကြောင့် မြန်မာလူငယ် အလုပ်သမားနှစ်ဦးသေဆုံးခဲ့ပြီး ထိုင်းနိုင်ငံသားတစ်ဦး ဒဏ်ရာရကြောင်း မဲဆောက်လူမှုကူညီရေးအသင်း (Phitak Kanchan Mae Sot Foundation) ထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၇နာရီခန့်က အာရှလမ်းမကြီးအတိုင်း ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် (၁) တံတား ဘက်သို့ မောင်းနှင်လာသော အိမ်စီးကားတစ်စီးသည် လမ်းတွင် ရပ်နားထားသော ကုန်တင်ကားကို အနောက်က ဝင်တိုက်ခဲ့ ကြောင်း ဆိုသည်။ ကားတိုက်မှုကြောင့် အိမ်စီးကားပေါ်က အသက် ၂၈နှစ်အရွယ် မြန်မာကားသမား အမျိုးသားတစ်ဦးနှင့် အသက် ၂၅နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။ သေဆုံးခဲ့သော အမျိုးသမီးသည် NISCO (THAILAND) CO., LTD […]

ထိုင်းရွေးကောက်ပွဲ မသမာမှုရှိကြောင်း ပြည်သူ့ပါတီအမတ်ဝေဖန်၊ Pheu Thai ပါတီကလည်း မဲပြန်ရေရန်ပြော

Dawei Watch

February 10, 2026

ဖေဖော်ဝါရီလ ၈ ရက်က ကျင်းပခဲ့သော ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် မသမာမှုများ အကြီးအကျယ်ရှိနေ ကြောင်း ပြည်သူ့ပါတီ (People’s Party) က အနိုင်ရ ကိုယ်စားလှယ် Rukchanok Srinork (အိုင်းစ်) က လူမှုကွန်ရက်တွင် ရေးသားသည်။ Rukchanok Srinork (အိုင်းစ်) သည် ဖေဖော်ဝါရီလ ၈ရက် ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု (Party-List) တွင် အချိုးကျ စနစ်ဖြင့် အမတ်နေရာ ရွေးကောက်ခံထားရသူဖြစ်သည်။ ၎င်းသည် ရွေးကောက်ပွဲနေ့တွင် လီဗာဗူးဂျာစီကို ဝတ်ဆင်၍ စက်ဘီးစီး မဲလာပေးခဲ့သဖြင့် လူမှုကွန်ရက်တွင် ထင်ရှားခဲ့သူ ဖြစ်သည်။ လက်ရှိတွင် Move Forward ပါတီက ပြောင်းလဲဖွဲ့စည်းထားသော ပြည်သူ့ပါတီ (People’s Party) က အမတ်နေရာ ၁၁၆ […]

ယုံကြည်မှု ပြန်တည်ဆောက်ရန် ဂရင်းလန်းကျွန်းသို့ အမေရိကန်အထက်လွှတ်တော်အမတ်များ သွားရောက်

Dawei Watch

February 10, 2026

ဂရင်းလန်းနှင့် ယုံကြည်မှုကို ပြန်တည်ဆောက်ရန် အမေရိကန်အထက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တစ်ခုက ဂရင်းလန်းကျွန်းသို့ သွားရောက်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြသည်။ ယင်းခရီးစဉ်မှာ ဂရင်းလန်ကျွန်းကို သိမ်းပိုက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုများကြောင့် ပျက်ပြားသွားခဲ့ရသည့် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန်ဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်များက ဖေဖော်ဝါရီလ ၉ ရက်တွင် ထုတ်ဖော်ပြောကြားသည်။ ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို လိုအပ်လျှင် အင်အားသုံး၍ သိမ်းပိုက်မည်ဖြစ်ကြောင်း ထရမ့်က အကြိမ်ကြိမ် ခြိမ်းခြောက်ထားသောကြောင့် ဥရောပ မဟာမိတ်နိုင်ငံများအကြား စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ ရုရှားနှင့် တရုတ်တို့ထံမှ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ရှိနေသောကြောင့် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် ထရမ့်က အကြောင်းပြသည်။ “ဒုတိယကမ္ဘာစစ်ပြီးကတည်းက တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုဟာ စကားလုံးအနည်းငယ်ကြောင့်ပဲ ပျက်စီးယိုယွင်း သွားခဲ့ရပါတယ်” ဟု ရီပတ်ဘလစ်ကန် ဆီးနိတ်လွှတ်တော်အမတ် လီဆာ […]

သရက်ချောင်းနှင့် ပလောက်မြို့ကြား ကျေးရွာများတွင် ဖုန်းလိုင်းပြတ်

Dawei Watch

February 10, 2026

သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ် ပလောက်မြို့ကြား ပြည်ထောင်စုလမ်းမတစ်လျှောက်ရှိ ကျေးရွာ အများအပြားတွင် ဖုန်းလိုင်းများ ပြတ်တောက်နေပြီး အဆက်အသွယ် မရဖြစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သရက်ချောင်းမြို့နယ်၊ ဆင်ကူး၊ ဘုတ်ကိုင်း၊ ကျွဲစပ်၊ ဆင်ကျန်း၊ ပိတိုင်၊ ချောက်ချောင်း၊ ပြင်းဖြူကြီး၊ စုံစင်ဖျား၊ မင်းဒပ်၊ ရငဲ၊ သဲချောင်းကြီးကျေးရွာနှင့် ပလောက်မြို့အနီးက ဆင်ထိုးကြီးကျေးရွာ စသည့်ကျေးရွာများတွင် ဖုန်းအဆက်အသွယ်မရ ဖြစ်နေ ကြောင်း လက်ရှိတွင် အခြားနေရာသို့ ရောက်ရှိနေသည့် အထက်ပါကျေးရွာ ဒေသခံအချို့က ပြောသည်။ အဆိုပါကျေးရွာများရှိ ဒေသခံတို့ကို Dawei Watch က ဖေဖော်ဝါရီလ ၉ ရက်က ဖုန်းခေါ်ဆိုရာတွင်လည်း အဆက်အသွယ် မရခဲ့ပေ။ ဖေဖော်ဝါရီလ ၃ ရက်တွင် စစ်အာဏာရှင်တပ်စစ်ကြောင်း ကျွဲစပ်ရွာသို့ ရောက်ရှိနေပြီး စစ်ကြောင်းဆင်းလာသည့် နေ့ကတည်းက […]