ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

Fergie Time ခေတ်လို Slot Time တစ်ခေတ် လာနေပြီဟု မီဒီယာများသုံးသပ်

Dawei Watch

September 16, 2025

အင်္ဂလိပ်သတင်းမီဒီယာတွေဟာ လီဗာပူးအသင်း နောက်ကျမိနစ် သွင်းဂိုးတွေရရှိတာကို Fergie Time ခေတ်နဲ့ တင်စားခိုင်းနှိုင်းလိုက်ပြီး လက်ရှိမှာတော့ Slot Time ခေတ်သစ် လာနေပြီလို့ ရေးသားလိုက်ကြပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်ရာသီဖွင့် ၄ ပွဲလုံးကို နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး ဒါဟာ “လီဗာပူးအတွက် ခေတ်သစ်တစ်ခု အစပြုမှုလေလား”လို့ The Mirror သတင်းစားက ဆောင်းပါးရေးသားခဲ့ပါတယ်။ မန်ယူအသင်း ကြီးကျယ်ခေတ်နားခဲ့စဉ် ခေတ်ကာလတစ်လျှောက်မှာ ပွဲပြီးခါနီး နောက်ဆုံး ၁၀ မိနစ်နဲ့ နာကျင်အချိန်ပိုတွေက Fergie Time လို့ အရမ်းကို နာမည်ကြီးခဲ့ပြီး မန်ယူဟာ ဖာဂူဆန် တာဝန်ယူခဲ့စဉ် ကာလတစ်လျှောက် အဲ့ဒီမိနစ်အပိုင်းအခြားမှာ အဖိုးတန် အဆုံးအဖြတ်ဂိုးအများအပြားကို သွင်းယူရရှိခဲ့ပါတယ်။ ဖာဂူဆန်ဟာ နောက်ဆုံးမိနစ်အပိုင်းအခြား အဆုံးအဖြတ်သွင်းဂိုးတွေကို ချန်ပီယံအသင်းတစ်သင်းရဲ့ Luck လို့ […]

ရေးတွင် ငွေစက္ကူအတုထုတ်သည့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

September 15, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုထုတ်လုပ် သုံးစွဲသည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခံရကြောင်း ဒေသခံများ၊ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ နှစ်ကရင်ကျေးရွာတွင် မကြာသေးခင်ကမှ ပြောင်းရွှေ့ လာရောက်နေထိုင်နေသည့် အသက် ၂၈ နှစ်အရွယ် မမြူလင်းလင်း (ခေါ်) မသူဇာသည် ငွေစက္ကူ အတုများနှင့် ငွေစက္ကူအတု ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်များနှင့်အတူ စက်တင်ဘာဘ ၁၁ ရက်တွင် ဖမ်းဆီးခံရကြောင်း ၎င်းတို့ထံမှ သိရသည်။ “သူ့ယောကျ်ားက တိုင်လိုက်လို့ ရဲတွေက သူနေတဲ့အိမ်ကို လာစစ်ဆေးတာ။ လာစစ်ဆေးတဲ့အချိန်မှာ သူ့အိမ်ထဲမှာ တစ်သောင်းတန် အတုတွေ နောက်ပြီး ငွေအတုတွေ ထုတ်လုပ်တဲ့ စက်တွေ ပစ္စည်းတွေကို တွေ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ၎င်း၏ နေအိမ်ထဲတွင် ကျပ်တစ်သောင်းတန် […]

လန်ဒန်တွင် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်ဆန္ဒပြ၊ ရဲတပ်ဖွဲ့လည်း တိုက်ခိုက်ခံရ

Dawei Watch

September 15, 2025

လန်ဒန်မြို့တွင် စနေနေ့က ဖြစ်ပွားခဲ့သည့် ရွှေ့ပြောင်းနေထိုင်မှုဆန့်ကျင်ရေး လက်ယာစွန်းဆန္ဒပြပွဲများအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲအရာရှိများမှာ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခံရကာ ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံခဲ့ရကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။ “Unite the Kingdom” ဟု အမည်ပေးထားသည့် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် အဆိုပါ ဆန္ဒပြပွဲကို လက်ယာစွန်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူ Tommy Robinson က ဦးဆောင်ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၁၀,၀၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆန္ဒပြပွဲနှင့် တစ်ပြိုင်နက်တည်းတွင် ယင်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများလည်း ဖြစ်ပွားခဲ့သည်။ နှစ်ဖက်ဆန္ဒပြသူများကြားတွင် လူစုခွဲရန်ကန့်ထားသော အတားအဆီးများရှိပြီး ယင်းသတ်မှတ်ထားသည့်နေရာကို “Unite the Kingdom” ဆန္ဒပြသူများက ချိုးဖောက်ဝင်ရောက်မှုနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ Unite […]

ထားဝယ်အရှေ့တောတွင် တိုက်ပွဲဖြစ်၊ စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

September 15, 2025

ထားဝယ်အရှေ့တောဒေသ ပကာရီရွာတွင် စစ်အာဏာရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ စက်တင်ဘာလ ၁၅ ရက် နေ့လယ် ၁၂နာရီခွဲတွင် လေယာဉ်နှစ်စင်း လာပြီး ယင်းအနက် တစ်စင်းက ဗုံးကြဲတိုက်ခိုက်ကြောင်း ပခပ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “တစ်စီးက ဗုံးကြဲတယ်။ ပထမတစ်လုံးချတယ်၊ နောက်တစ်လုံးချတယ်၊ နောက်ဆုံးအကြိမ်မှာက ဗုံးမကြဲဘဲ စက်သေနတ်နဲ့ ပတ်ပြီး တစ်ကြောလုံး ပစ်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။ ပကာရီရွာ ရက်ကန်းစင်ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲထားသည့် အင်အား ၁၀၀ ခန့်ရှိ စစ်အာဏာရှင်တပ်ဖွဲ့ကို ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၄ ရက် ညနေတွင် တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ရက်ကန်းစင်ဘုန်းကြီးကျောင်းအနီးတွင် […]

တနင်္သာရီ ကိုင်းစိုက်တောင်သူများ ဓာတ်မြေသြဇာ မသုံးနိုင်သဖြင့် သီးနှံမဖြစ်ထွန်းဟုဆို

Dawei Watch

September 15, 2025

တနင်္သာရီမြို့နယ် ကျေးရွာအချို့တွင် ဓာတ်မြေသြဇာများ ဝယ်ယူရခက်ခဲသဖြင့် အလုံအလောက် မသုံးစွဲနိုင်ဘဲဖြစ်နေရာ သီးနှံ မဖြစ်ထွန်းဘဲဖြစ်နေကြောင်း ကိုင်းစိုက်တောင်သူများနှင့် ‌ဒေသခံများထံမှ သိရသည်။ ယခုနှစ် မတ်လမှစ၍ စစ်အာဏာရှင်တပ်က တော်လှန်ရေးထိန်းချုပ်နယ်မြေများကို ကုန်ပစ္စည်းတင်ခွင့် ပိတ်ထားရာ ‌‌‌ဓာတ်မြေဩဇာလည်းပါဝင်သည့်အတွက် စျေးတက်လာပြီး ဝယ်ယူရခက်ခဲလာခြင်းဖြစ်ကြောင်း ကိုင်းစိုက်တောင်သူများက ပြောသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ သမီးလှရွာ၊ ကျောက်စရစ်ရွာ၊ ရွာမရွာနှင့် ဝမ်းနာရွာ စသည့် တနင်္သာရီမြစ်ကြောင်းတစ်လျှောက် ရှိ ကျေးရွာအများစုတွင် ကိုင်းသီးနှံများ စိုက်ပျိုးကြပြီး အဆိုပါကျေးရွာများတွင် ဓာတ်မြေဩဇာများ ရှားပါးနေခြင်း ဖြစ်သည်။ ကိုင်းသီးနှံအပင်များကို ဓာတ်မြေသြဇာ လုံလုံလောက်လောက် မကျွေးနိုင်သည့်အတွက် အပင်များ မကြီးထွား‌နိုင်တော့ဘဲ အသီး မသီးခြင်း၊ အပင်ပျက်စီးခြင်းများဖြစ်နေကြောင်း သမီးလှရွာနေ ကိုင်းစိုက်တောင်သူတစ်ဦးက ဆိုသည်။ အထူးသဖြင့် ငရုတ်သီး၊ ပဲသီး၊ စိမ်းစားဥ၊ မုန်လာဥ၊ ချဉ်ပေါင်ပင်၊ […]

မြိတ်မြို့ နာရေးအိမ်တွင် ဝင်ဖမ်းခံရသူများမှ ခြောက်ဦးမှာ မိသားစုနှင့်အဆက်အသွယ် မရ

Dawei Watch

September 15, 2025

မြိတ်မြို့၊ ရေနံမြေရပ်ကွက်ရှိ လယ်သစ်ရွာသားတစ်ဦး၏ နာရေးအိမ်ကို စစ်အာဏာရှင်တပ်သားများက ဝင်ရောက်စီးနင်းပြီးဖမ်းဆီးသွားသည့် အရပ်သား ၂၀ ဦးအနက် ၆ ဦးက လက်ရှိအချိန်အထိ မိသားစုနှင့်အဆက်အသွယ် မရသေးကြောင်း ဒေသခံများ၊ မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ စက်တင်ဘာလ ၈ ရက်ည ၁၁ နာရီခန့်တွင် နာရေးအိမ်ကို ဝင်ရောက်စီးနင်းပြီးနောက် အရပ်သား ၂၀ဦးကို လာရောက်ဖမ်းဆီးသွားရာ ၁၄ ဦး ပြန်လွတ်လာကြောင်း မိသားစုနှင့်နီးစပ်သူအချို့ထံမှ သိရသည်။ အဆိုပါ ၁၄ဦးက အဖမ်းခံရသည့်ညမှာပင် ပြန်လွတ်လာကြောင်း နီးစပ်သူများကပြောသည်။ ကျန်သည့် အရပ်သား ၆ ဦးကိုမူ မြိတ်မြို့မရဲစခန်းသို့ခေါ်ဆောင်သွားပြီးနောက်ပိုင်း စက်တင်ဘာလ ၁၅ ရက်နေ့အထိ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေပြီး လက်ရှိတွင် မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို မသိရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ […]

အဏုမြူလက်နက်ပိုင် နိုင်ငံအဖြစ်သာ ဆက်ရပ်တည်မည်ဟု မြောက်ကိုရီးယားဆို

Dawei Watch

September 15, 2025

အဏုမြူလက်နက်ပိုင် နိုင်ငံအဆင့်အတန်းမှ နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားအမြဲတမ်းကိုယ်စားလှယ်အဖွဲ့က ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပြောဆိုလိုက်သည်။ မြောက်ကိုရီးယားအနေဖြင့် အဏုမြူလက်နက်ဖျက်သိမ်းရန် အမေရိကန်အစိုးရက တွန်းအားပေးပြောဆိုမှုများကို အဆိုပါ ကိုယ်စားလှယ်အဖွဲ့က ပြင်းပြင်းထန်ထန် ဝေဖန်ကာ ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြထားသည်။ “အဏုမြူလက်နက်ပိုင်နိုင်ငံတစ်ခုအနေနဲ့ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ(DPRK)ရဲ့ အဆင့်အတန်းကို နိုင်ငံရဲ့ ဥပဒေတွေထဲမှာ အတိအလင်း ဖော်ပြထားပြီး ဖြစ်သလို ဒီအဆင့်အတန်းကနေ နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ပါဘူး” ဟု အဆိုပါ ကိုယ်စားလှယ်အဖွဲ့က ဆိုသည်။ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ(DPRK)ဆိုသည်မှာ မြောက်ကိုရီးယား၏ တရားဝင်ဖော်ပြသောနာမည် ဖြစ်သည်။ အဏုမြူလက်နက်ဖျက်သိမ်းရန် အမေရိကန်၏ တွန်းအားပေးနေမှုများမှာ မိမိတို့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ “ရန်စသည့် လုပ်ရပ်” သာဖြစ်သည်ဟုလည်း မြောက်ကိုရီးယား […]

လောင်းလုံး သဗျာရွာသားလေးဦးကို စစ်အာဏာရှင်တပ် ဖမ်းဆီး

Dawei Watch

September 15, 2025

လောင်းလုံးမြို့အနီးရှိ သဗျာကျေးရွာသို့ စစ်အာဏာရှင်တပ်က ယနေ့ စက်တင်ဘာလ ၁၅ ရက် နံနက်စောစောတွင် ရုတ်တရက် ရောက်လာပြီး ရွာသားလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံးမြို့ လ၀ကရုံးတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ သဗျာကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေစစ်ဆေးကာ ရွာသား လေးဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဖမ်းဆီးခံရသည့် သဗျာကျေးရွာသားလေးဦးမှာ ကိုစိုးဖေ၊ ကိုမောင်လှထွေး၊ ကိုမင်းဟိုနှင့် ၎င်း၏ သားဖြစ်သူတို့ကို ဖမ်းဆီးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ “သူတို့လာချိန်က လူတွေ အိပ်ရာထ မျက်နှာသစ်သူသစ်နေကြတယ်။ သဗျာစာသင်ကျောင်းတစ်ဝိုက်နဲ့ နတ်ရေရတနာ ဘုန်းကြီးကျောင်းတစ်ဝိုက်က အိမ်တွေကို ဝင်ရှာတာတွေ လုပ်သွားတယ်။ ဖုန်းတွေကိုလည်း သိမ်းသွားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။ ထိုစစ်ကြောင်းသည် ယနေ့ […]