မြန်မာ့ငလျင်ဘေးကူညီရန် အာဆီယံ အရေးပေါ်အစည်းအဝေးကျင်းပ
Dawei Watch
March 31, 2025မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခဲ့မှုကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ဖိတ်ခေါ်ကာ အရေးပေါ်အစည်းအဝေးကို မနေ့(မတ် ၃၀) က ပြုလုပ်ခဲ့သည်။ အွန်လိုင်းကတစ်ဆင့် ကျင်းပခဲ့သော အရေးပေါ် အစည်းအဝေးကို စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်အတူ အာဆီယံနိုင်ငံအားလုံးမှ နိုင်ငံခြားရေးဝန်ကြီးများအားလုံး တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ငလျင်ဒဏ်သင့် ဒေသများအတွက် လူသားချင်းစာနာမှု အကူအညီများပေးအပ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံထဲ ထိခိုက်သေဆုံးခဲ့သော မိသားစုဝင်များနှင့်အတူ ဝမ်းနည်းပူဆွေးရကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အာဆီယံအလှည့်ကျ […]


