ဘုရားသုံးဆူမြို့အနီး DKBA နယ်မြေကို လေယာဉ်ဖြင့် ဗုံးကြဲ၊ လူငါးဦးဒဏ်ရာရ
Dawei Watch
December 18, 2025ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး ကြိမ်ချောင်းကျေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အမှတ် (၂) စစ်ဗျူဟာတပ်ဖွဲ့၏ မွေးမြူရေးခြံကို စစ်အာဏာရှင်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူငါးဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီး DKBA မွေးမြူရေးခြံနေရာကို ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက် ညနေ ၅ နာရီကျော်တွင် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “မနေ့က ဗုံးကြဲသွားတဲ့နေရာက DKBA ဗိုလ်အေဝမ် နေရာဖြစ်တယ်။ အဲဒီနေရာမှာ ဗိုလ်အေဝမ်က နွားတွေ၊ ဆိတ်တွေ မွေးမြူထားတဲ့နေရာလို့ပဲ သိထားကြတယ်။ အထဲမှာ တခြား ဘာတွေရှိနေလဲတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူး” ဟု ဘုရားသုံးဆူ မြို့ခံတစ်ဦးက ပြောသည်။ စစ်အာဏာရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် […]


