ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော ရှပ်ပုံရွာကို စစ်အာဏာရှင်တပ် ငါးကြိမ်ဆက်တိုက် မီးရှို့

Dawei Watch

February 12, 2026

ပုလောမြို့၏ တစ်ဖက်ကမ်းရှိ ရှပ်ပုံကျေးရွာကို စစ်အာဏာရှင်တပ်က နှစ်ပတ်အတွင်း ငါးကြိမ်ဆက်တိုက် မီးရှို့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံများ မရှိသည့် ရှပ်ပုံရွာကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီလ ၉ရက် ညနှင့် ဖေဖော်ဝါရီလ ၁၁ ရက်ညတို့တွင် ထပ်မံမီးရှို့ကြောင်း ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီလ ၉ရက်ညက ကျေးရွာအတွင်းပိုင်းကို မီးရှို့ခဲ့ပြီး နေအိမ်မည်မျှ ပျက်စီးဆုံးရှုံးသည်ကို မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။ “ရွာမှာ စစ်သားတွေ တပ်စွဲထားတော့ ဘယ်လောက်လောင်သွားလည်း သွားကြည့်လို့ မရသေးဘူး။ မီးလုံးက တော်တော်ကြီး တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၁ရက် ညတွင်လည်း ရွာတောင်ပိုင်းရှိ စာသင်ကျောင်းအနီးဝန်းကျင်ကို မီးရှို့ရာ နေအိမ် သုံးဆောင် မီးလောင်ပျက်စီးသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ […]

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကျင်းပ၊ Gen Z တော်လှန်ရေးအပြီးကျင်းပသည့် ကမ္ဘာ့ပထမဆုံးရွေးကောက်ပွဲဖြစ်လာ

Dawei Watch

February 12, 2026

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ရာထူးမှ ဖြုတ်ချခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲကို ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။ ယခု ရွေးကောက်ပွဲသည် အသက် ၃၀ အောက် လူငယ်များ ဦးဆောင်သည့် တော်လှန်ရေးအပြီး ကျင်းပသည့် ကမ္ဘာ့ပထမဆုံး ရွေးကောက်ပွဲ ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ နောက်လတွင် နီပေါနိုင်ငံ၌လည်း အလားတူ ရွေးကောက်ပွဲ ကျင်းပရန် ရှိနေသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို ဆန့်ကျင်သည့် ကျောင်းသားများ ဦးဆောင်သော လူထုအုံကြွမှုကြောင့် လပေါင်းများစွာ မငြိမ်မသက်ဖြစ်ခဲ့ရသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံးဖြစ်သည့် အထည်ချုပ်လုပ်ငန်းအပါအဝင် အဓိကစီးပွားရေးကဏ္ဍများ ထိခိုက်ခဲ့ရသည်။ လူဦးရေ ၁၇၅ သန်းရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တည်ငြိမ်သည့် အစိုးရ ပြန်လည်ပေါ်ပေါက်လာရေးအတွက် […]

ဟတ်ယိုင် စာသင်ကျောင်းကို သေနတ်သမား ဝင်ရောက်ပစ်ခတ်မှုကြောင့် ကျောင်းအုပ်ဆရာမကြီးသေဆုံး

Dawei Watch

February 12, 2026

ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် ဟတ်ယိုင်မြို့ရှိ စာသင်ကျောင်းထဲကို သေနတ်သမား ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိထားသော ကျောင်းအုပ်ဆရာမကြီး ယနေ့ နံနက်ပိုင်းတွင် သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၅ နာရီတွင် ဟတ်ယိုင်မြို့ရှိ Patong Prathan Khiriwat စာသင်ကျောင်းထဲသို့ အသက် ၁၈ နှစ်အရွယ် သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သေနတ်သမားက ကျောင်းထဲဝင်လာပြီး ဆရာများနှင့် ကျောင်းသားများကို ပစ်ခတ်ခဲ့ကာ အထက်တန်းကျောင်းသားများကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ယင်းအချိန် ဆရာမကြီးက ဖမ်းဆီးခံရသော ကျောင်းသားများကိုယ်စား ၎င်းအား ဓားစာခံအဖြစ် လဲလှယ်ခဲ့ပြီး ကျောင်းသားများကို ကာကွယ်ပေးခဲ့ကြောင်း ဆိုသည်။ သေနတ်သမားသည် ဆရာမကြီးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ချိန် ပစ်ခတ်ခဲ့သဖြင့် အပြင်းအထန် […]

တနင်္သာရီ ပန်းတောမော်ရွာကို စစ်အာဏာရှင်တပ် ဒရုန်းဗုံးချသဖြင့် ‌အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

Dawei Watch

February 12, 2026

တနင်္သာရီမြို့နယ်၊ သာရဖုံကျေးရွာအုပ်စု၊ ပန်းတောမော်ရွာကို စစ်အာဏာရှင်စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးချသဖြင့် ပန်းတောမော်ရွာက ဒေသခံအမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရကြောင်း ‌‌ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၁ ရက် ‌နံနက် ၁၁နာရီဝန်းကျင်တွင် ကျွန်းစုမြို့နယ်၊ သပြေပင်ရွာရှိ စစ်အာဏာရှင်စစ်ကြောင်းက ပန်းတောမော်ရွာကို ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒဏ်ရာရသွားသည့် အမျိုးသမီးကြီးမှာ အသက် ၆၀ ဝန်းကျင်ဖြစ်ပြီး ဦးခေါင်းတွင် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ “ရော်ဘာခြံအတွင်း တဲအနီးကို ကျပြီး မိန်းမကြီးတစ်ယောက် ထိသွားတယ်။ မြိတ်ဆေးရုံကို လှေနဲ့ပို့လိုက်တယ်။ စိုးရိမ်ရတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၀ရက်တွင် စစ်အာဏာရှင်တပ်သားများသည် သပြေပင်ရွာကို စစ်ကြောင်းထိုးရောက်ရှိလာပြီး နောက်တစ်ရက် ဖေဖော်ဝါရီလ ၁၁ရက်တွင် ပန်းတောမော်ရွာကို ဒရုန်းဗုံးချခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် […]

ပုလော သရက်တပင်ရွာက အရပ်သားတစ်ဦးကို KNLA တပ်ရင်း (၁၂) အောက်ရှိ တပ်ခွဲတစ်ခုက ဖမ်းဆီးသတ်ဖြတ်

Dawei Watch

February 11, 2026

ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ သရက်တပင်ကျေးရွာက အရပ်သားတစ်ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း (၁၂) ၊ တပ်ခွဲ (၃) ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ဆင်ထိုးကြီးရွာတွင် ဖေဖော်ဝါရီလ ၂ ရက်က နေအိမ်များ မီးလောင်မှုနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုကြောင့် သရက်တပင် ရွာသား အသက် ၅၂ နှစ်အရွယ် ဦးဇော်သိန်း (ခေါ်) ဦးစစ်စစ် ကို KNLA တပ်ရင်း (၁၂) တပ်ခွဲ (၃) လက်အောက်ခံ တပ်ဖွဲ့ဝင် များက ဖမ်းဆီးခဲ့ကြောင်း ဆွေမျိုးတော်စပ်သူနှင့် ဒေသခံအချို့က ဆိုသည်။ ဆင်ထိုးကြီးကျေးရွာက ဒေသခံများသည် ကျောက်လုံးကြီးကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စစ်ဘေးရှောင်နေကြသည်။ ဖေဖော်ဝါရီလ ၂ရက်က ဆင်ထိုးကြီးရွာတွင် မီးလောင်ရာ ဆင်ထိုးကြီးရွာသားများ […]

ထိုင်း-မလေးရှားနယ်စပ် ဟတ်ယိုင်တွင် စာသင်ကျောင်းထဲ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်

Dawei Watch

February 11, 2026

ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် ဟတ်ယိုင်မြို့ရှိ စာသင်ကျောင်းထဲတွင် သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အထက်တန်းကျောင်းသားများကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၅ နာရီခွဲတွင် ဟတ်ယိုင်မြို့ရှိ Patong Prathan Khiriwat စာသင်ကျောင်းထဲကို သေနတ်သမားက ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်သည်။ သေနတ်သမားက ကျောင်းထဲဝင်လာပြီး ဆရာများနှင့် ကျောင်းသားများကို ပစ်ခတ်ကြောင်း ဖော်ပြသည်။ ပစ်ခတ်မှုအတွင်း အထက်တန်းကျောင်းသားများကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားသေးကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောသည်။ လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များက ကျောင်းကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး သေနတ်သမားကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေကြောင်း ဖော်ပြသည်။ သေနတ်ပစ်ခတ်မှုနှင့် ပက်သက်၍ အသေးစိတ်အချက်အလက်များကို ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်မည်ဖြစ်ကြောင်း ဖော်ပြသည်။ Ref: Khaosod English, Thai […]

တောင်ပျောက်တိုက်နယ်အဝင်တွင် တိုက်ပွဲဖြစ်၊ စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

February 11, 2026

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အဝင် သဲချောင်းကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဖေဖော်ဝါရီလ ၁၀ ရက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း စုံစမ်းသိရသည်။ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် ကားလမ်းပေါ်ရှိ ဝင်းဝစခန်းမှ အင်အားတစ်ရာကျော်ပါသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာစဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်တို့နှင့် ယမန်နေ့ နေ့လယ် ၁၂နာရီခွဲတွင် တိုက်ပွဲဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ တိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးသူ တစ်ဆယ်ကျော်ရှိခဲ့ပြီး လက်နက်ခဲယမ်းဆယ်ချီကိုလည်း ပူးပေါင်းတပ်ဘက်က သိမ်းဆည်းရကြောင်း ၎င်းက ဆိုသည်။ တော်လှန်ရေး ပူးပေါင်းတပ်ဘက်ကလည်း ဒဏ်ရာရသူ အနည်းငယ်ရှိပြီး မစိုးရိမ်ရကြောင်း အထက်ပါ တော်လှန်ရေးတပ်နှင့်နီးစပ်သည့် အထက်ပါ သတင်းအရင်းအမြစ်က ပြောဆိုသည်။ တိုက်ပွဲပြင်းထန်ပြီးနောက် ညနေ ၅နာရီခွဲခန့်တွင် သဲချောင်းကြီးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့သလို […]

ဂါဇာသို့ တပ်ဖွဲ့ဝင် ရှစ်ထောင်အထိ စေလွှတ်ရန် အင်ဒိုနီးရှား ပြင်ဆင်

Dawei Watch

February 11, 2026

စစ်ဒဏ်သင့် ဂါဇာဒေသအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို အထောက်အကူပြုရန် အင်ဒိုနီးရှားနိုင်ငံက ၎င်းတို့၏ တပ်ဖွဲ့ဝင်အင်အား ရှစ်ထောင်အထိ စေလွှတ်ရန် ပြင်ဆင်နေသည်။ ယင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ဂါဇာဒေသအတွက် ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်အတွက် တပ်ဖွဲ့စေလွှတ်မည်ဟု လူသိရှင်ကြား ပထမဆုံး ကတိကဝတ်ပြုသည့် နိုင်ငံ ဖြစ်လာသည်။ ကမ္ဘာ့မွတ်စလင်လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် ဂါဇာနှင့် အခြားပဋိပက္ခဖြစ်ပွားရာဒေသများသို့ စေလွှတ်ရန်အတွက် တပ်ဖွဲ့ဝင်များကို စတင်လေ့ကျင့်ပေးနေပြီဖြစ်ကြောင်း အင်ဒိုနီးရှားကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာရူလီ စီမန်ဂျွန်တပ်က ဖေဖော်ဝါရီလ ၉ ရက်တွင် ပြောသည်။ “ဒါဟာ လက်ရှိလုပ်ဆောင်နေဆဲ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဂါဇာက ညှိနှိုင်းရေးမှူးနဲ့ ဆောင်ရွက်နေတဲ့ ညှိနှိုင်းမှုရလဒ်တွေကို စောင့်ဆိုင်းနေပါတယ်” ဟု အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ မာရူလီက ပြောကြားသည်။ “တပ်မဟာတစ်ခု၊ […]