ပုလောဒေသထွက် ပင်လယ်စာ ရှပ်သီခြောက် စျေးနှစ်ဆခန့်တက်
Dawei Watch
April 23, 2025ပုလောမြို့နယ်အတွင်းရှိ ပင်လယ်နှင့်နီးသည့်ရွာများမှ ထွက်ရှိသည့် ရှပ်သီခြောက်(ဂုံးခြောက်သီ)မှာ စျေးနှစ်ဆနီးပါး တက်လာကြောင်း ရှပ်ကောက်သူများနှင့်ဒေသခံအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က ရှပ်သီခြောက်အချောင်းတစ်ရာပါ တစ်စည်းလျှင် ကျပ် ခုနှစ်ထောင်ဝန်းကျင်ရှိရာက ယခုနှစ်တွင် တစ်သောင်းနှစ်ထောင်ကျပ်အထိ ဈေးတက်သွားကြောင်း ဒေသခံအချို့က ဆိုသည်။ “ကြဲ(ရွာ)သားတွေက ရွာထဲလည်းပြန် မဝင်ရဘူးဆိုတော့ ပင်လယ်ပြင်မှာနေကြတယ်။ နေရင်းနဲ့ ရှပ်ကောက်နေရတယ်။ ရှပ်သီတွေက ဒီနှစ်စျေးတက်လာတော့ စားဖို့သောက်ဖို့အတွက် ဖူလုံသွားတယ်”ဟု ကြဲရွာနေ အမျိုးသားက ပြောသည်။ ဒေသတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ကြောင်းထိုးမှုများကြောင့် ရှပ်သီခြောက်လုပ်သူနည်းသွားပြီး ဈေးတက်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ပုလောမြို့၊ကြဲရွာ၊သဲပုံနှင့်ကျောက်ကမ်းဖဲရွာ စသည့်ကျေးရွာမျာက ထွက်သည့် ရှပ်သီခြောက်များကို မြိတ်မြို့နှင့်ထားဝယ်မြို့ကိုလည်း တင်ပို့ရောင်းချကြကြောင်း ရှပ်သီခြောက်ရောင်းဝယ်ရောင်းဝယ်ရေး လုပ်နေသည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ “ရှပ်တွေက မိုးရာသီဘက်ဆို နည်းနည်းရှားတယ်။ ဆောင်းနဲ့နွေရာသီဆို […]


