ထားဝယ်မြို့ပေါ်တွင် ကလေးများကို တောင်းရမ်းခိုင်းစေမှု ပိုများလာဟု မြို့ခံများဆို
Dawei Watch
October 22, 2025ထားဝယ်မြို့ပေါ်တွင် ကလေးများကို တောင်းရမ်းခိုင်းခြင်း၊ ဖိအားပေး ငွေရှာခိုင်းခြင်းများ ယခုနှစ်တွင် ပိုမိုများပြားစွာ တွေ့ရှိလာရကြောင်း မြိုခံအချို့က ပြောဆိုသည်။ အစုအဖွဲ့ နှင့် လက်ဖက်ရည်ဆိုင်၊ စျေးနှင့် လမ်းဆုံလမ်းခွများတွင် တောင်းရမ်းစားသောက်သည့် ကလေးသူငယ်များကို ယခင်နှစ်များထက် ပိုမိုတွေ့ရှိရသည်ဟု မြိုခံအမျိုးသား တစ်ဦးကပြောသည်။ တောင်းရမ်းစားသောက်သူအများစုမှာ အသက် ၆ နှစ်အရွယ်မှ ၁၄ နှစ်အရွယ်အထိရှိကြသည့် မိန်းကလေး ယောကျ်ားလေးများဖြစ်ကြကြောင်း အထက်ပါအမျိုးသားကပြောသည်။ ယမန်နေ့(အောက်တိုဘာ ၂၁) နံနက်ပိုင်းတွင် ထားဝယ်မြို့ပေါ်ရှိ လက်ဘက်ရည်ဆိုင်တစ်ဆိုင်တွင် အသက် ၁၄ နှစ်အရွယ်ရှိ ကလေးတစ်ဦး ဆိုင်ထဲသို့ဝင်ရောက်လာပြီး တောင်းရမ်းနေသည်ကို တွေ့ရှိရ၍ မြိုခံအမျိုးသားတစ်ဦးက ထိုကလေးကို ခေါ်ယူ မေးမြန်းခဲ့ရာတွင် ၎င်းမှာလောင်းလုံးမြို့နယ် ပန်းတင်အင်ကျေးရွာမှဖြစ်ပြီး အဖွားတော်စပ်သူ၏ ခြိမ်းခြောက်ခိုင်းစေချက်အရ နေတိုင်းတောင်းရမ်း ပေးနေရကြောင်း အဆိုပါကလေး၏ ပြောကြားချက်ကို မြို့ခံအမျိုးသားက […]


