ထားဝယ်မှာ ရော်ဘာရာသီအဖွင့်ဈေး မနှစ်ကထက်ဈေးကျ
Dawei Watch
October 24, 2025ထားဝယ်မှာ ရာသီဖွင့်စ ရော်ဘာဈေး မနှစ်ကထက် ဈေးလျော့ကျနေကြောင်း တောင်သူများနှင့် ပွဲရုံလုပ်ငန်းရှင်အချို့က ပြောသည်။ ပြီးခဲ့သည့်နှစ် ပွင့်လင်းရာသီအစပိုင်းတွင် နေလှန်းပြား တစ်ပေါင် ၂၈၀၀ ကျပ်ခန့်ရှိသော်လည်း ယခုနှစ် ရာသီဖွင့်စတွင် နေလှန်းပြား တစ်ပေါင်ဈေးနှုန်းမှာ ၂၆၂၀ ကျပ်ခန့်သာရှိသည်ဟု ထားဝယ်မြို့က ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “ဈေးလျော့တာက အဓိက Export ပေါ့ လမ်းကြောင်းပိတ်တာနဲ့ဘာနဲ့” ဟု ၎င်းက ပြောသည်။ ရော်ဘာချေး(ခွက်ကပ်)တစ်ပိဿာလျှင် ပြီးခဲ့သည့်နှစ်က ၅၀၀၀ ကျပ်ဝန်းကျင်ရှိသော်လည်း ယခုနှစ်တွင် တစ်ပိဿာ ၄၀၀၀ ကျပ်ဝန်းကျင်ခန့်သာရှိသည်ဟု သရက်ချောင်းမြို့နယ် ဝဲရစ်ကျေးရွာက ရော်ဘာခြံရှင်အမျိုးသားတစ်ဦးက ပြောသည်။ “မနှစ်တုန်းကနဲ့စာရင် ဈေးနည်းနည်းလျော့တာပေါ့” ဟု အထက်ပါအမျိုးသားက ပြောသည်။ နေလှန်းပြားမှာ ပြီးခဲ့သည့်နှစ်စက တစ်ပိဿာ တစ်သောင်းတစ်ထောင်ကျပ်ခန့် ရှိသော်လည်း ယခုနှစ်တွင် နေလှန်းပြား […]


