ငြိမ်းချမ်းရေးနိုဘယ်ဆုနှင့် လွဲခဲ့သည့် သမ္မတထရမ့်ကို ငြိမ်းချမ်းရေးဗိသုကာဆု ပေးအပ်
Dawei Watch
October 23, 2025၃၇ ယောက်မြောက် အမေရိကန်သမ္မတဟောင်း ရစ်ချတ်နစ်ဆန်၏ ဖောင်ဒေးရှင်က ပေးအပ်သည့် ငြိမ်းချမ်းရေးဗိသုကာဆုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အိမ်ဖြူတော်တွင် ကျင်းပသော အခမ်းအနား၌ အောက်တိုဘာလ ၂၁ ရက်က လက်ခံရယူခဲ့ကြောင်း CBS သတင်းတစ်ရပ်က ဖော်ပြသည်။ အဆိုပါ ဆုကို သမ္မတထရမ့်အား ပေးအပ်ချီးမြှင့်ရာတွင် အမေရိကန်သမ္မတဟောင်း ရစ်ချတ်နစ်ဆန်၏ သမီးဖြစ်သူ ထရစ်ရှာနစ်ဆန်ကော့ဇ် ၊ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ရောဘတ်အိုဘရိုင်ယန်နှင့် အမေရိကန်အစိုးရယာယီမော်ကွန်းထိန်း ဂျင်ဘိုင်ရွန်တို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါ ဆုကို အမေရိကန်သမ္မတဟောင်း ရစ်ချတ်နစ်ဆန် ကွယ်လွန်ပြီး များမကြာမီ ၁၉၉၅ ခုနှစ်တွင် စတင်ပေးအပ်လာခြင်း ဖြစ်ကြောင်း ရစ်ချတ်နစ်ဆန်ဖောင်းဒေးရှင်၏ တရားဝင်ဝက်ဆိုက်ဒ်တွင် ဖော်ပြထားသည်။ သမ္မတဟောင်း ရစ်ချတ်နစ်ဆန်၏ “ပိုမိုငြိမ်းချမ်းသော ကမ္ဘာကြီးကို ပုံဖော်ဖန်တီးလိုသည့် တစ်သက်တာရည်မှန်းချက်ကို” ဖော်ဆောင်သူများအား ရည်ရွယ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း […]


