ပြည်ကြီးမဏ္ဍိုင်မြို့တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချသဖြင့် ဆယ်တန်းကျောင်းသူတစ်ဦး ဒဏ်ရာရ
Dawei Watch
April 29, 2025ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက် သဖြင့် ဆယ်ကျော်သက်အရွယ် ဆယ်တန်းကျောင်းသူတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၇ ရက်နေ့တွင် လေညာရွာရှိ စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးသီးများ ကြဲချတိုက်ခိုက်သဖြင့် ပြည်ကြီးမဏ္ဍိုင်မြို့လမ်းဆုံရှိ နေအိမ်သုံးဆောင်ခန့်ပျက်စီးသွားပြီး နေအိမ်အတွင်းရှိ ဆယ်တန်းကျောင်းသူဒဏ်ရာ ရသွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါ မိန်းကလေး၏ ခါးတွင်ဗုံးစထိမှန်ဒဏ်ရာရသွားကြောင်း ၎င်းက ပြောသည်။ “PDFတွေ မဏ္ဍိုင်ထဲဝင်လာတယ်ဆိုပြီး လေညာဘက်က ဗုံးတွေ နေရာအနှံ့လိုက်ကြဲနေတာ။ ရွာသားတွေကြောက်ပြီး ရွာထဲမှာလူတောင်မရှိတော့ဘူး”ဟု ပြည်ကြီးမဏ္ဍိုင်မြို့ခံက ဆိုသည်။ နောက်တစ်ရက်ဖြစ်သည့် ဧပြီလ ၂၈ ရက်ညတွင်လည်း လေညာရွာရှိ စစ်ကောင်စီတပ်က ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းသို့ လက်နက်ကြီးဖြင့် ၄ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ကြောင်း မြို့ခံနောက်တစ်ဦးက ပြောသည်။ “လူတွေရှိနေတာ ဘာညာနားမလည်ဘူး။ (စစ်ကောင်စီတပ်က) ရမ်းသမ်းပြီးလျှောက်ပစ်တာ။ညဘက်ဆိုလည်း […]


