BREAKING
November 14, 2025

သတင်း

ထားဝယ်တွင် နှစ်လကြာပိတ်ထားသည့် မယ်ဒီလန်းဆေးရုံ ယနေ့ပြန်ဖွင့်

Dawei Watch

May 1, 2025

ထားဝယ်တွင် နှစ်လအကြာပိတ်ထားသည့် မယ်ဒီလန်း ပုဂ္ဂလိကဆေးရုံသည် ယနေ့ မေလ ၁ရက်တွင် ပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်ပြီဖြစ်ကြောင်း ဆေးရုံက ထုတ်ပြန်ထားသည်။ မယ်ဒီလန်းဆေးရုံကို အကြီးစားပြင်ဆင်မှုများ ပြုလုပ်မည်ဟုဆိုကာ ပြီးခဲ့သည့် မတ်လ ၁ရက်ကစ၍ ဧပြီလ ၃၀ ရက်အထိ နှစ်လအကြာ ဆေးရုံပိတ်ထားခဲ့ရာမှ ယနေ့ ပြန်ဖွင့်လိုက်ခြင်းဖြစ်သည်။ မယ်ဒီလန်းဆေးရုံနှင့်အတူ ဆာဒိုဝါးဆေးရုံ၊ အေး ဆေးရုံတို့မှာလည်း အတွင်းလူနာ အပြင်လူနာ လက်ခံကုသခြင်းများကို မတ်လ ၁ ရက်တွင် စတင်ရပ်နားခဲ့သည်။ သို့သော် ဆာဒိုဝါးဆေးရုံမှာမူ တစ်လကြာရပ်နားပြီးနောက် ဧပြီလ ပထမပတ်တွင် စတင် လူနာလက်ခံကုသနေကြောင်း စုံစမ်းသိရသည်။ အေး ဆေးရုံမှာမူ ယနေ့အထိ ဆေးရုံပိတ်ထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ “အေး ဆေးရုံက မဖွင့်သေးဘူး။ ရှေ့မှာ ချိတ်ထားတဲ့ ဆေးရုံပိတ်ကြောင်း ရေးထားတဲ့စာပြား […]

ထိုင်းတွင် ကျောင်းသားဗီဇာများအား ပိုတင်းကျပ်မည့်အချက်များကို ထုတ်ပြန်

Dawei Watch

May 1, 2025

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများအတွက် ခွင့်ပြုပေးထားသော ကျောင်းသားဗီဇာများကို ပိုမိုတင်းကျပ်မည့် အချက်ငါးချက်ကို ထုတ်ပြန်လိုက်ကြောင်း The Nation Thailand သတင်းဌာနတွင် ဖော်ပြသည်။ အဆင့်မြင့်ပညာဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ ဧပြီလ ၃၀ ရက်က အစည်းအဝေးပြုလုပ်ပြီးနောက် ကျောင်းသားဗီဇာများအပေါ် ပိုတင်းကျပ်မည့်အချက်များကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံထဲတွင် ကျောင်းသားဗီဇာ (ED Visa) ကို အလွဲသုံးစားပြုလုပ်၍ တရားမဝင် နေထိုင်လုပ်ကိုင်သူ ပိုများလာသည်ဆိုကာ ဗီဇာခွင့်ပြုပေးမှုအပေါ် ပိုမိုတင်းကျပ်လိုက်ခြင်းဖြစ်သည်။ ပထမအချက်မှာ သင်တန်းပရိုဂရမ်များနှင့် ပတ်သက်၍ အချက်အလက်အားလုံးကို သက်ဆိုင်ရာ ကောလိပ်၊ တက္ကသိုလ်များဘက်က အဆင့်မြင့်ပညာဝန်ကြီးဌာနထံ တင်ပြရမည်ဖြစ်သည်။ သင်တန်းကျောင်းများ၏ သင်တန်းအမည်၊ သင်တန်းနှင့်သက်ဆိုင်သော ကောလိပ်တက္ကသိုလ်၊ သင်ရိုး၊ သင်ပြနည်း (အွန်လိုင်း၊ လူကိုယ်တိုင်) ၊ သင်တန်းကာလနှင့် ကျောင်းသားအရေအတွက်များကိုပါ အဆင်မြင့်ပညာဝန်ကြီးဌာနဘက်က စစ်ဆေးသွားမည်ဖြစ်သည်။ နောက်တစ်ချက်မှာ […]

မြန်မာလုပ်သားများခိုလှုံရာ AAC ရုံးကို ထိုင်းအာဏာပိုင်များ မေဒေးတွင် အတင်းအဓမ္မဖြိုဖျက်

Dawei Watch

May 1, 2025

အခက်အခဲဒုက္ခရောက်နေသော မြန်မာအလုပ်သမားများ ခိုလှုံရာလည်းဖြစ်၊ အလုပ်သမားအရေးဆောင်ရွက်သည့် ရုံးလည်း ဖြစ်သည့် AAC မဟာမိတ်အဖွဲ့ရုံးကို ထိုင်းအာဏာပိုင်များက ယနေ့ မေလ ၁ရက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် အတင်းအဓမ္မဝင်ရောက်ဖြိုဖျက်ကြောင်း AACမဟာမိတ်အဖွဲ့ထံမှ သိရသည်။ AAC မဟာမိတ်အဖွဲ့သည် ထိုင်းနိုင်ငံတွင် နှစ် ၁၀ ခန့် မြန်မာအလုပ်သမားအရေးနှင့် ပတ်သက်၍ ကူညီဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ AAC မဟာမိတ်ရုံးသည် ထိုင်းအစိုးရထံတွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသဖြင့် ရုံးကို ပိတ်ပေးရန်နှင့် နှစ်လအတွင်း ရုံးကို ဖြိုဖျက်ပေးရန် ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထိုင်းအာဏာပိုင်အဖွဲ့က အမိန့်စာထုတ် ညွှန်ကြားထားသည်။ ညွှန်ကြားစာထုတ်ပြီး နှစ်လအကြာ ဧပြီလ ၂၃ ရက်တွင် အာဏာပိုင်များက AAC မဟာမိတ်ရုံးကို ထပ်မံရောက်ရှိလာပြီး ရုံးကို အပြီးပိတ်၍ […]

ချောင်းနှစ်ပေါက်ရွာချောင်းတွင် ငါးဖမ်းနေသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်

Dawei Watch

May 1, 2025

ထိုင်း-မြန်မာ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်း ချောင်းနှစ်ပေါက်ရွာရှိ ရေချိုချောင်းတွင် ငါးဖမ်းနေသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ဧပြီလ ၃၀ ရက် ညနေ ၅ နာရီတွင် သိန်ခွန်းရွာအနီးရှိ ချောင်းနှစ်ပေါက်ရွာချောင်းတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်က ပိုက်ဖြင့်ငါးဖမ်းနေချိန် တော်လှန်ရေးတပ်များက တိုက်ခိုက်ခြင်းဖြစ်ကြောင်း အသက် ၃၀ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ထိုသို့ တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်သားလေးဦးခန့် သေဆုံးသွားကြောင်း ၎င်းက ပြောသည်။ “ရေချောင်းထဲမှာ ပိုက်နဲ့ငါးဆင်းဖမ်းနေကြတယ်။ ချောင်းထဲက သူတွေမှာ သေနတ်မရှိဘူး။ ဒီဘက်ကပစ်တာနဲ့ လေးယောက် ရေထဲလဲကျသွားတယ်။ ကျန်သူတွေက ကမ်းပေါ်ပြေးတက်ကြတာပဲ”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ ကမ်းပေါ်တွင်ရှိနေသည့် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ပြန်ပစ်ကြသည့်အတွက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက ဆိုသည်။ […]

ထိုင်းတွင် ဘဏ်အကောင့်အမည်နှင့် မတူသော နိုင်ငံခြားသားများ၏ ဖုန်းနံပါတ် ၇ သိန်းကျော်ကို စစ်ဆေးမည်

Dawei Watch

May 1, 2025

ထိုင်းနိုင်ငံထဲတွင် Mobile Banking သုံးစွဲသူ၏ အမည်နှင့် မတူသော နိုင်ငံခြားသားများ၏ ဖုန်းနံပါတ် ၇ သိန်းကျော်ကို ပြန်လည်စစ်ဆေးအတည်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မိုဘိုင်းဖုန်းသုံးစွဲသူ၏ အမည်၊အချက်အလက်နှင့် မကိုက်ညီသော ဘဏ်အကောင့်များကို ပိတ်ပင်ခြင်းမပြုလုပ်မီ နိုင်ငံခြားသားများ၏ ဖုန်းနံပါတ် ၇ သိန်းကျော်ကို ထိုင်းအစိုးရဘက်က စစ်ဆေးအတည်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းဒစ်ဂျင်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး Prasert Jantararuangtong က ပြောသည်။ တိုက်ဆိုင်စစ်ဆေးမည့် ဖုန်းနံပါတ်များသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇန်နဝါရီလက မှတ်ပုံတင်ထားသော ဖုန်းဆင်းကတ်များ အကျုံးဝင်မည်ဖြစ်သည်။ ယင်းဖုန်းနံပါတ်ပေါင်း ၇ သိန်းကျော်နှင့်အတူ မှတ်ပုံမတင်ထားသော ဖုန်းနံပါတ် ၁ ဒသမ ၈ သန်းကျော်ကိုလည်း ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ ထိုင်းနိုင်ငံထဲ Mobile Banking […]

မေဒေး အထိမ်းအမှတ် ဘန်ကောက်ချီတက်ပွဲတွင် မြန်မာလုပ်သားများအရေးတောင်းဆို

Dawei Watch

May 1, 2025

မြန်မာအလုပ်သမားများအား ဗီဇာသက်တမ်းတိုး လုပ်ငန်းစဉ်အဆင့်လျှော့ချပေးရေးအပါအဝင် အချက်သုံးချက်ကို ယနေ့ မေလ ၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ချီတက်တောင်းဆိုပွဲတွင် တောင်းဆိုခဲ့သည်။ အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ်အဖြစ် ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဘန်ကောက်မြို့ လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင် (အနုစာဝရီ) မှစတင်၍ လမ်းလျှောက်ချီတက် တောင်းဆိုနေခြင်း ဖြစ်သည်။ ချီတက်တောင်းဆိုပွဲတွင် ထိုင်းအလုပ်သမားအဖွဲ့အစည်းများနှင့်အတူ မြန်မာအလုပ်သမားအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခြင်းဖြစ်ပြီး ထိုင်းနှင့် မြန်မာနိုင်ငံသား ရာနှင့်ချီ လာရောက်စုဝေးတောင်းဆိုနေကြောင်း သိရသည်။ မြန်မာအလုပ်သမားများအား ဗီဇာ သက်တမ်းတိုးသည့် လုပ်ငန်းစဉ်များကို အဆင့်လျှော့ချပေးရန်၊ ငလျင်ကြောင့် ပြိုကျ အဆောက်အအုံထဲ သေဆုံးသွားသော မြန်မာအလုပ်သမားများ၏ မိသားစုဝင်များကို ကူညီပံ့ပိုးရန်နှင့် နစ်နာကြေးပေးအပ်ရန် အပါအဝင် အချက်သုံးချက်ကို မြန်မာအလုပ်သမားများကိုယ်စား တောင်းဆိုကြောင်း […]

ဗီယက်နမ်စစ်ပွဲ အဆုံးသတ်မှု နှစ် ၅၀ ပြည့် အောင်ပွဲခံစစ်ရေးပြ

Dawei Watch

April 30, 2025

ဗီယက်နမ်စစ်ပွဲ အဆုံးသတ်မှု အနှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ကြီးမားသည့် အောင်ပွဲခံစစ်ရေးပြ ချီတက်ပွဲအခမ်းအနားကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ယနေ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည်။ ယခုစစ်ရေးပြချီတက်ပွဲအခမ်းအနားတွင် ပထမဆုံးအကြိမ်အဖြစ် တရုတ် ၊ လာအိုနှင့် ကမ္ဘောဒီးယားမှ တပ်ဖွဲ့များကလည်း ဗီယက်နမ်တပ်ဖွဲ့များနောက်တွင် လိုက်ပါချီတက်ခဲ့ကြသည်။ စစ်ပွဲအဆုံးသတ်မှု အနှစ် ၅၀ ပြည့်အထိမ်းအမှတ် အဆိုပါ စစ်ရေးပြချီတက်ပွဲအခမ်းအနားကို ဗီယက်နမ်ပြည်သူအမြောက်အများ လာရောက်ကြည့်ရှုခဲ့ကြသည်။ အများစုမှာ စစ်ရေးပြချီတက်ပွဲအခမ်းအနား ကျင်းပမည့် နေရာပြင်ပတွင် ညအိပ်ကြိုတင်စောင့်ဆိုင်းခဲ့ကြသည်။ စစ်ရေးပြပွဲအခမ်းအနားသို့ လာရောက်ကြည့်ရှုသည့် ဗီယက်နမ်ပြည်သူများကလည်း အနီရောင်အလံများ ဝှေ့ယမ်းကာ နိုင်ငံအပေါ် မြတ်နိုးတန်ဖိုးထားသည့် သီချင်းများ သီဆိုခဲ့ကြသည်။ ဟယ်လီကော်ပတာနှင့် ဂျက်လေယာဉ်များကလည်း ဗီယက်နမ်နိုင်ငံအလံကို သယ်ဆောင်လာကာ ပျံသန်းခဲ့ကြသည်။ အဆိုပါ စစ်ရေးပြချီတက်ပွဲအခမ်းအနားတွင် စစ်ရေးပြတပ်ဖွဲ့များ ၊ စစ်မှုထမ်းဟောင်းများနှင့် […]

ထားဝယ်အာယုဒါနအသင်းက နိဗ္ဗာန်ယာဉ်အခမဲ့ကူညီမည်

Dawei Watch

April 30, 2025

ထားဝယ်မြို့ရှိ အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးနှင့် နာရေးကူညီပို့ဆောင်ရေးအသင်းက မေလ ၁ ရက်မှစ၍ နိဗ္ဗာန်ယာဉ်အခမဲ့ လှူဒါန်းပေးမည်ဖြစ်ကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့ ထားဝယ်ထံမှသိရသည်။ ထားဝယ်မြို့ နှင့် ထားဝယ်မြို့အနီးတစ်ဝိုက်၌ ဖြစ်သည့် မည်သည့်နာရေးမျိုးမဆို လူမျိုးဘာသာ အဆင့်အတန်းခွဲခြားမှုမရှိဘဲ အခမဲ့ကူညီပို့ဆောင်ပေးမည် ဖြစ်ကြောင်းအထက်ပါအဖွဲတာဝန်ရှိသူက ပြောသည်။ “လောလောဆယ်တော့ ထားဝယ်မြို့နဲ့ အနီးတဝိုက်မှာဖြစ်တဲ့ မည်သည့် နာရေးမျိုးမဆို ဘာသာလူမျိုး မခြားပဲကူညီ ဆောင်ရွက် ပေးသွားပါမယ်။ ဆီဆုံ ဆရာတော် ချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်းပါပဲ” ဟု ယင်းတာဝန်ရှိသူကပြောသည်။ နိဗ္ဗာန်ယာဉ်အခမဲ့ကူညီမှု ရေရှည်လည်ပတ် နိုင်ရန် နာရေးကူညီပို့ ဆောင်ရေးအတွက် ပါဝင်လှူဒါန်းမည်ဆိုပါက ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ် ကြက်သံဒိုင်း ဘုရားဝင်း နံဘေး ရှိ အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးရုံးတွင်သာ လက်ခံသွားမည် ဖြစ်ကြောင်း အထက်ပါအဖွဲ့ […]