BREAKING
November 16, 2025

သတင်း

ဘုတ်ပြင်း ရေငံကြီးရွာတွင် အမျိုးသားတစ်ဦး ဆင်နင်းခံရ

Dawei Watch

May 13, 2025

ဘုတ်ပြင်းမြို့နယ် ၊ ရေငံကြီးရွာတွင် မေလ ၁၂ ရက် နံနက်က အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဆင်နင်းခံရကြောင်း ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးခဲ့သူများထံမှ သိရသည် ။ ဥယျာဉ်ခြံအတွင်း သွားလာစဉ် ဆင်နင်းခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဆင်နင်းခံရတဲ့လူမှာ ပါလာတဲ့ခွေးက ဆင်ကိုအရင်တွေ့ပြီးသွားဟောင်တယ်။ သူက သူ့ခွေးကို ပြန်သွားခေါ်တော့ ဆင်က နှာမောင်းနဲ့ရိုက်ပြီး လဲကျသွားမှ တစ်ချက်တက်နင်းလိုက်တာပါ” ဟု ဆင်နင်းခံရသူအား ဆေးရုံပို့ပေးခဲ့သည့် ဇမ္ဗူမေတ္တာ ကျန်းမာရေးကူညီမှုအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ ဆင်နင်းခံရသဖြင့် လက်နှစ်ဖက်နှင့် ရင်ဘတ်တို့တွင် ဒဏ်ရာများရရှိထားပြီး ဘုတ်ပြင်းမြို့ရှိ တပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ၎င်းက ပြောဆိုသည်။ “ဒီမှာက တနင်္သာရီရိုးမကြီး တစ်လျှောက်လုံးဖြစ်နေတယ်။ ကားလမ်းမပေါ် ဆင်တွေတက်လာတာမျိုးလည်း ရှိတယ်။ လမ်းဘေးမှာ ဆင်နင်းခံရတာလည်းရှိတယ်။ […]

ချင်းရိုင်တွင် မြန်မာများလိုက်ပါလာသည့်ကားတိမ်းမှောက်ပြီး တစ်ဦးသေဆုံး

Dawei Watch

May 12, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသော ပစ်ကပ်ကားတစ်စီး လမ်းဘေးတိမ်းမှောက်ပြီး မြန်မာတစ်ဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ မေလ ၁၂ ရက် နံနက်ပိုင်းတွင် ချင်းရိုင်မြို့ မဲ့ကွန်ဒေသရှိ အမြန်လမ်းမပေါ်တွင် ပစ်ကပ်ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးဆင်းပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ကားပေါ်တွင် ကားသမားအပါအဝင် မြန်မာနိုင်ငံသား ကိုးဦး လိုက်ပါလာကြောင်း ဖော်ပြသည်။ ကားမှောက်မှုကြောင့် ကားမောင်းသူ မြန်မာနိုင်ငံသားမှာ နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဒဏ်ရာရရှိသူ ရှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ချင်းရိုင်မြို့ရှိ ဆေးရုံအသီးသီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။ ကားသည် အခြားဒေသမှတစ်ဆင့် ချင်းရိုင်မြို့ထဲသို့ ဝင်လာစဉ် တိမ်းမှောက်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အထက်ပါ မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အချက်အလက်များကို မေးမြန်းနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ […]

တနင်္သာရီတိုင်းတွင် ရုရှားဘာသာစကားသင်တန်းဖွင့်ရန် တိုင်းစစ်ကောင်စီလုပ်ဆောင်

Dawei Watch

May 12, 2025

ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ရည်ရွယ်၍ စစ်ကောင်စီခန့် တနင်္သာရီတိုင်းအစိုးရက ရုရှားဘာသာစကားသင်တန်းကို ဖွင့်ရန်စီစဉ်နေကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။ တနင်္သာရီတိုင်း၏ စစ်ကောင်စီခန့် တိုင်းရင်းသားရေးရာဝန်ကြီးက အဆိုပါသင်တန်းကို စီစဥ်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၃ ရက်မှ ဇွန်လ ၅ ရက်အထိ ထားဝယ်မြို့ ၊ ဆန်းချီရပ်ကွက်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ၊ ညွှန်ကြားရေးမှူးရုံးတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ ယင်းသင်တန်းကို အများပြည်သူသိရှိနိုင်ရန် ကြော်ငြာခြင်းမျိုးမဟုတ်ဘဲ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေး၍ ခေါ်ယူနေကြောင်း အမည်မဖော်လိုသည့် တနင်္သာရီတိုင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးကဆိုသည်။ ” တစ်ဌာနကို ဘယ်လောက်(ဦးရေ) ဆိုပြီးခေါ်တာတော့မဟုတ်ဘူး။ တက်ချင်တဲ့သူကိုပဲခေါ်တာ။ ကျောင်းတွေကိုလည်း စာအကုန်ပို့ထားပြီးပြီ။ သင်တန်းကို Public မှာတော့မကြေညာဘူး။ တက်မယ့်သူစာရင်း အတိအကျမသိရသေးပေမယ့် တက်မယ့်သူများတယ်လို့တော့ […]

ထားဝယ်တွင် မွေးကင်းစကလေး ဆက်မမွေးလိုသဖြင့် ပေးအပ်မှု ဆက်တိုက်ဖြစ်

Dawei Watch

May 12, 2025

ထားဝယ်တွင် မွေးကင်းစကလေး အခြားသူများထံ မွေးစားရန် ပေးအပ်မှု ဆက်တိုက်ဖြစ်နေကြောင်း ကလေးမွေးစားသူများထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လအတွင်း ထားဝယ်မြို့ ပေါ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခု၌ ကလေးမွေးပြီး မွေးကင်းစကလေးကို မိခင်ရင်းက အခြားသူများထံ ပေးအပ်ခဲ့မှု နှစ်ခုရှိကြောင်း ကလေးကိစ္စတွင် ကူညီပေးခဲ့သည့် ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ “ငလျင်မတိုင်ခင် တစ်ပတ်လောက်မှာပဲ ကျွန်တော်တို့ သွေးလှူသွားရင်းနဲ့ ကလေးကို အမျိုးသမီးတစ်ဦးက ကလေးမွေးပြီး ၄ ရက်ပဲရှိသေးတယ်၊ ပေးခဲ့တယ်။ ကျွန်တော်တို့က ကလေးကို မယူရင် ခင်ဗျားဘာလုပ်မှာလဲလို့မေးတော့ စွန့်ပစ်မယ်လို့ သူကပြောလို့ ကျွန်တော်တို့ ယူခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။ ကလေးမိခင်မှာ လောင်းလုံးမြို့နယ် — ကျေးရွာကဖြစ်ပြီး အဆိုပါအမျိုးသမီး မွေးဖွားခဲ့သည့်ကလေးမှာ မိန်းကလေး ဖြစ်ကာ ယခုလက်ရှိ ထားဝယ်မြို့ ဇလွန်းကျောင်းဆရာတော်က […]

ရေဖြူတွင် မွန်စာပေသင်ကျောင်း တက်ရောက်သူလျော့ကျ၊ တိုက်ပွဲကြောင့် ကျောင်းအချို့ပိတ်ထားရ

Dawei Watch

May 12, 2025

ရေဖြူမြို့နယ်ရှိ မွန်လူမျိုးများနေထိုင်သည့် ကျေးရွာများတွင် နှစ်စဥ်နွေရာသီတွင် ဖွင့်လှစ်လေ့ရှိသည့် မွန်စာပေ သင်တန်းကျောင်းများတွင် ယခုနှစ်တွင် တက်ရောက်သင်ယူသူ သိသိသာသာလျော့နည်းလာကြောင်း မွန်စာပေသင်ကြားသည့် ဆရာတော်များနှင့် ဒေသခံများထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက် ပညာသင်သည့်အရွယ် လူငယ်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာခြင်း၊ မိဘအုပ်ထိန်းသူများက နွေရာသီတွင် မွန်စာပေသင်ကြားခြင်းထက် အတန်းပညာအတွက် ကျူရှင်၊ ဘော်ဒါများ ကြိုတင်တက်ရောက်စေခြင်း တို့ကြောင့် မွန်စာပေသင်သူ လျော့နည်းလာကြောင်း မွန်စာပေသင်ကြားပေးနေသည့် ဆရာတော်တစ်ပါးက မိန့်သည်။ “အစိုးရကျောင်းမှာ အတန်းနည်းနည်းပိုကြီးတဲ့သူတွေဆို မိဘတွေက သူများကို မမီမှာကြောက်ပြီး ကျူရှင် အဆောင်ကို ကြိုပို့ကြတယ်။ မွန်စာတတ်ရင် အကျိုးမရှိဘူးလို့ သူတို့ (မိဘအုပ်ထိန်းသူ) တွေးတာလားတော့ မပြောတတ်ဘူး။ အဲဒီတော့ ကလေးငယ်ငယ်လေးတွေက လျော့သွားတာ မဟုတ်ဘဲ အသက်နည်းနည်းပိုကြီး (အကြီးပိုင်း) တွေက ‌ပိုလျော့တာ များတယ်” […]

ဒီပဲယင်းတွင် စာသင်ကျောင်းကို လေယာဉ်ဖြင့်ဗုံးကြဲ၊ ကလေးငယ်များအပါအဝင် ၁၇ ဦးသေဆုံး

Dawei Watch

May 12, 2025

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ယနေ့ နံနက် ၁၀နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်သောကြောင့် ကျောင်းသား၊ ကျောင်းသူ အများစု အပါအဝင် ၁၇ ဦးသေဆုံးကြောင်း စစ်ကိုင်းအခြေစိုက် S&C မီးဘေး၊ စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ပေးရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ မေလ ၁၂ရက်တွင် မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ၊ ကျောင်းသားကျောင်းသူများ အများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း ဒီပဲယင်းမြို့နယ်အခြေစိုက် အဖြူရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားကြသည်။ လတ်တလောတွင် သေဆုံးသူ ၁၇ဦးကို အတည်ပြုထားနိုင်ပြီး သေဆုံးသူ ထပ်တိုးလာနိုင်သေးကာ ဒဏ်ရာရရှိသူ ၅၀ခန့်ရှိကြောင်းလည်း S&C မီးဘေး၊ စစ်ဘေး […]

ထိုင်းတွင် မြန်မာတစ်ဦးကို လူသတ်မှုဖြင့် ဝရမ်းထုတ်

Dawei Watch

May 12, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၇၀ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးကို သတ်ပြီး ထွက်ပြေးနေသည်ဟုဆိုကာ မြန်မာနိုင်ငံသားတစ်ဦးကို ဆုငွေထုတ်၍ ဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၂၃ နှစ်အရွယ် ကိုစိုင်းဟန်ကို မေလ ၁၀ ရက်တွင် ထွန်ဘူရီတရားရုံးက လူသတ်မှုဖြင့် ဝရမ်းထုတ်ထားခြင်းဖြစ်သည်။ အခင်းဖြစ်သော မေလ ၁၀ ရက်က ကိုစိုင်းဟန်သည် ဘန်ခေးနယ်မြေရှိ ကိုယ်ဝန်သည်ဇနီးဖြစ်သူ နေထိုင်လုပ်ကိုင်နေသော ထိုင်းအလုပ်ရှင်အိမ်သို့ ရောက်ရှိလာပြီး ဇနီးဖြစ်သူနှင့် လာတွေ့ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကိုစိုင်းဟန်သည် ဇနီးဖြစ်သူထံမှ ငွေတောင်းခံသည်ကို မရသဖြင့် သူမကို သတ်ဖြတ်မည်ဟု ရန်လိုခဲ့ကြောင်း ဇနီးဖြစ်သူက ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားကြောင်း ဖော်ပြသည်။ ယင်းအချိန် ထိုင်းအလုပ်ရှင်က သူမကို အန္တရာယ်ပြုမည်စိုးသဖြင့် ကိုစိုင်းဟန်ကို အိမ်အပြင်နှင်ထုတ်ခဲ့ပြီး အထဲသို့ […]

ထိုင်းတောင်ပိုင်းတွင်လည်း ကဆုန်ညောင်ရေသွန်းပွဲကျင်းပ

Dawei Watch

May 11, 2025

မြန်မာရွှေ့ပြောင်းလုပ်သား အများစုရှိသည့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယနေ့(မေလ ၁၁) ရက်တွင် ပြုလုပ်ခဲ့သည်။ စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းတွင် ညောင်ရေသွန်းပွဲနှင့်အတူ စတုဒီသာကျွေးခြင်းလည်း ပြုလုပ်ခဲ့သည်။