BREAKING
November 16, 2025

သတင်း

ဖမ်းထားသည့် စမ်းလှမ်းဒေသခံများ အရေးယူမည့်ကိစ္စ NUG ထံ တင်ပြမည်ဟု လောင်းလုံးပကဖပြော

Dawei Watch

May 16, 2025

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထားသည့် စမ်းလှမ်းကျေးရွာဒေသခံ ငါးဦးကိစ္စအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ တင်ပြမည်ဖြစ်ကြောင်း ယင်းတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။ NUG က ထုတ်ပြန်ထားသည့် စစ်ကောင်စီထောက်တိုင် သတ်မှတ်အချက်အတိုင်း အရေးယူနိုင်ရန် ထိုကဲ့သို့ တင်ပြခြင်းဖြစ်ပြီး NUG က ညွှန်ကြားသည့်အတိုင်းသာ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကျွန်တော်တို့ရဲ့ သဘောဆန္ဒအတိုင်း အရေးယူမှာ မဟုတ်ဘူးပေါ့နော်။ NUG ကို တင်ပြပြီး သူတို့ရဲ့ ညွှန်ကြားချက်အတိုင်းပဲ ဆက်သွားမယ်” ဟု ကိုရှဲဒိုးက ပြောဆိုသည်။ မေလ ၁၀ရက်တွင် စမ်းလှမ်းကျေးရွာဒေသခံခြောက်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တစ်ဦးကိုမူ ပြန်လွှတ်လိုက်ပြီဖြစ်သည်။ ယင်းအနက် အသက် ၆၀ အရွယ် ဒေါ်အုန်းရီနှင့် သမီးဖြစ်သူ အသက် […]

အင်းဝန်းရွာတွင် လက်နက်ကြီးကြောင့် ဒဏ်ရာရသူ သုံးဦးအနက် တစ်ဦးသေဆုံး

Dawei Watch

May 16, 2025

လောင်းလုံးမြို့နယ်၊ အင်းဝန်းရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိသူ အမျိုးသားသုံးဦးအနက် တစ်ဦး သေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှသိရသည်။ သေဆုံးသူသည် သာယာကုန်းရွာသား အသက် ၃၀ ကျော်အရွယ် ကိုဗဒင်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “သူက လည်ပင်းထိတော့ ဒဏ်ရာပြင်းတယ်။ (လမ်း) တစ်လျှောက်လုံး လုံးဝသတိမရတော့ဘူး။ ဆေးရုံရောက်တာနဲ့ ဆုံးသွားတယ်။ အလောင်းကတော့ အခုထိ အိမ်မရောက်လာသေးဘူး” ဟု ၎င်းက ဆိုသည်။ ဒဏ်ရာရရှိသူ နောက်ထပ်အမျိုးသားနှစ်ဦးမှာလည်း ထားဝယ်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ ထားဝယ်မြို့ပေါ်ရှိ နတလ ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် အင်းဝန်းရွာကို ယနေ့ မေလ ၁၆ ရက် နေလယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ […]

ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ

Dawei Watch

May 16, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားအချင်းချင်း အဓမ္မပြုကျင့်ခဲ့ပြီး ပြုကျင့်ခံရသူ အမျိုးသမီးမှာ ဆေးရုံတွင် အရေးပေါ် ကုသမှုခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း အဆိုပါကိစ္စကို လိုက်ပါကူညီနေသော MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မေလ ၁၁ ရက် နေ့လယ်ပိုင်းက ဘန်ကောက်မြို့၊ ဘန်ဘောနယ်မြေတွင် အသက်၂၇ နှစ်အရွယ် မြန်မာအမျိုးသမီး တစ်ဦးတည်း အခန်းထဲရှိနေစဉ် စက်ရုံအတူ လုပ်ကိုင်နေသော မြန်မာအမျိုးသားတစ်ဦး ဝင်ရောက်ကာ အဓမ္မပြုကျင့်ခဲ့ ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အဓမ္မပြုကျင့်သူမှာ ကိုစိုးမိုးကျော် ဆိုသူဖြစ်ပြီး ဆိုဖာစက်ရုံတွင် အလုပ် အတူလုပ်ကိုင်နေသူဖြစ်ကာ အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးကို တစ်ဖတ်သတ် ချစ်ကြိုက်နေသူဖြစ်ကြောင်း MHAC အဖွဲ့ထံမှ သိရသည်။ အဓမ္မပြုကျင့်ခံရမှုကြောင့် အမျိုးသမီးသည် အပြင်းအထန်ဒဏ်ရာရရှိထားပြီး ဘန်ကောက်မြို့ရှိ ဆေးရုံကြီးတစ်ခုတွင် ခွဲစိတ်ကုသခဲ့ရကြောင်းMHAC မဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက […]

လောင်းလုံး အင်းဝန်းရွာထိပ်တွင် လက်နက်ကြီးကျပြီး အမျိုးသားသုံးဦး ပြင်းထန်ဒဏ်ရာရ

Dawei Watch

May 16, 2025

လောင်းလုံးမြို့နယ်၊ အင်းဝန်းကျေးရွာ ရွာထိပ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသားသုံးဦး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း ဒေသခံများက ပြောသည်။ ယနေ့ မေလ ၁၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ရွာထိပ်တွင်ရှိသော အလူမီနီယံအလုပ်ရုံရှေ့တွင် ရပ်ထားသည့် ဗွီဂိုးကားပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ကားပေါ် ကျတယ် ။ အခု ကားမီးလောင်နေတယ်။ လူနာတွေလည်း ဆွဲထုတ်မရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အလူမီနီယံအလုပ်ရုံအနီး ကွမ်းယာ ရောင်းနေသည့် အင်းဝန်းရွာသား ကိုနိုင်စိုး၊ သာယာကုန်းရွာသား ကိုဗဒင်နှင့် ကွမ်းယာဝယ်နေသည့် သောကြာပြင်ရွာသား အမျိုးသားတစ်ဦးတို့ ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ “ကိုဗဒင်က လည်ပင်းမှာထိတယ်။ ဒဏ်ရာပြင်းတယ်။ ကိုနိုင်စိုးက နံကိုင်းမှာ […]

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျိုက်ထိုတွင် စစ်ဘေးရှောင် သုံးထောင်ထပ်တိုး

Dawei Watch

May 16, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ဒေသခံပြည်သူ ၃၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ မေလ ၁၄ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စုအတွင်းရှိ ဝင်းကံ၊ ဘောကထ၊ ကျောက်ရေတွင်း၊ ကလောမြောင်၊ ရှမ်းစု၊ အညာစု အစရှိသည့် ကျေးရွာများဘက်ကို အမတ ၃၁၀ တပ်ရင်းမှ နံနက် ၈ နာရီခွဲဝန်ကျင်ခန့်မှ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်အထိ လက်နက်ကြီး ၁၂၀-မမ ၇ လုံး ပစ်ခတ်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။ ယင်းအပြင် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဆင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့မှလည်း ဝင်းကံကျေးရွာအုပ်စုအတွင်း လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့သည်။ ယင်းနေ့တွင်ပင် […]

ထားဝယ်မြို့တွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

Dawei Watch

May 16, 2025

ထားဝယ်မြို့ ၊ ကရပ်ပြင်ရပ်ကွက်ရှိ စတိုးဆိုင်တစ်ဆိုင်၏ အပေါ်ထပ်မှ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း ကာယကံရှင်မိသားစု နှင့် မြို့ခံများထံမှသိရသည်။ မေလ ၁၅ ရက် ညနေပိုင်းတွင် ပြုတ်ကျ သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ ထားဝယ်မြို့နယ် ၊ ကနိုင်းဒါအုပ်စု ၊ အလယ်ကုန်းရွာမှ အဲယားကွန်း ပြုပြင်ရေးလုပ်ကိုင်သူ ကိုဂျွန်ဟာလင်း ဖြစ်သည်။ အဲယားကွန်းပြုပြင်ရင်း စတိုးဆိုင်၏ နှစ်လွှာမှ ခြေချော်ကာ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုကဆိုသည်။ “အဲယားကွန်းပြင်ဖို့ မူလီ နှစ်လုံးလောက်ပဲ ဖြုတ်ရသေးတယ်။ ရပ်ထားတဲ့ နေရာကနေ ခြေချော်ပြီး ပြုတ်ကျသွားတယ်။ လည်ပင်းကျိုးသွားတယ်။ လက်တစ်ဖက်က ကြေသွားတယ်။ လူကတော့ ပြုတ်ကျကတည်းက သတိမရှိတော့ဘူး ” ဟု မိသားစုဝင်တစ်ဦး ကပြောသည်။ ပြုတ်ကျသူအား […]

အစ္စရေး၏ ပိတ်ဆို့မှုကြောင့် ဂါဇာတွင် စားနပ်ရိက္ခာခက်ခဲ၊ အစုလိုက်အပြုံလိုက် အငတ်ဘေးဖြစ်လာနိုင်

Dawei Watch

May 16, 2025

ဂါဇာသို့ အရေးပေါ်လူသားချင်းစာနာမှုအကူအညီများ မဝင်ရောက်နိုင်ရန် အစ္စရေးဘက်က သုံးလနီးပါးကြာ ပိတ်ဆို့လာခဲ့မှုကြောင့် ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးတွင် အစုလိုက်အပြုံလိုက်အငတ်ဘေး ဖြစ်ပွားရန် အလွန်နီးကပ်လာနေကြောင်း Integrated Food Security Phase Classification (IPC) အဖွဲ့က သတိပေးလိုက်သည်။ အစ္စရေး၏ လနှင့်ချီ ပိတ်ဆို့ထားမှုကြောင့် ဂါဇာတွင် လူငါးဦးလျှင် တစ်ဦးမှာ အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်ဟု နိုင်ငံတကာ အငတ်ဘေးဆိုင်ရာလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် IPC အဖွဲ့က ဆိုသည်။ ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးတွင် အစုလိုက်အပြုံလိုက်အငတ်ဘေးသင့်မည့် အန္တရာယ်မှာ မြင့်မားသည့် အခြေအနေ ရောက်နေကြောင်း ၊ အငတ်ဘေးအကျပ်အတည်း၏ အဆိုးရွားဆုံးအဆင့်နှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း IPCအဖွဲ့က တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် ၎င်းတို့၏ အစီရင်ခံစာတွင် သတိပေးလိုက်သည်။ စက်တင်ဘာလမကုန်မီ ဂါဇာ၌ အစုလိုက်အပြုံလိုက်ငတ်မွတ်မှုဘေး ဖြစ်ပေါ်နိုင်ချေ အလွန်မြင့်မားနေကြောင်း IPC အဖွဲ့က ဆိုသည်။ […]

ဘန်ကောက်အဆောက်အအုံပြိုကျမှု အီတာလျံ-ထိုင်း ဥက္ကဋ္ဌ အပါအဝင် ၁၇ ဦးကို ဖမ်းဝရမ်းထုတ်

Dawei Watch

May 16, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်ကြောင့် စာရင်းစစ်ချုပ်ရုံး ပြိုကျမှုနှင့်ပတ်သက်၍ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ဥက္ကဋ္ဌ အပါအဝင် ၁၇ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Premchai Karnasuta အပါအဝင် အဆောက်အအုံ ဆောက်လုပ်ရေးတွင် တာဝန်ယူခဲ့သော အခြားပညာရှင် ၁၇ ဦးကို တရားရုံးက ဝရမ်းထုတ်ထားကြောင်း မေလ ၁၅ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။ ဖမ်းဝရမ်းထုတ်ခံရသူများတွင် အင်ဂျင်နီယာများ၊ ဆောက်လုပ်ရေးကြီးကြပ်သူများနှင့် China Railway No.10 ကုမ္ပဏီလည်း ပါဝင်ပြီး ဆောက်လုပ်ရေးစည်းမျဉ်း စည်းကမ်း ချိုးဖောက်မှုအတွက် တစ်ဦးချင်းရော ကုမ္ပဏီအနေနှင့်ပါ တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဝရမ်းထုတ်ခံရသော အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Premchai Karnasuta က ယနေ့ […]