ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စည်းကမ်းချက်အပြောင်းအလဲအချို့နှင့်အတူ ကော့သောင်းလျှပ်စစ် တင်ဒါခေါ်

diz_admin

February 11, 2020

စည်းကမ်းချက် အပြောင်းအလဲ အချို့ပြုလုပ်ကာ ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးတင်ဒါကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ကာ တင်ဒါခေါ်ယူနေကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို ထားဝယ်၊ မြိတ် လျှပ်စစ်တင်ဒါစည်းမျဉ်းနှင့်မတူဘဲ အပြောင်းအလဲအနည်းငယ်ပြုလုပ်ထားကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးအောင်သူရက ဆိုသည်။ လျှပ်စစ်တင်ဒါလျှောက်လွှာကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင် ရောင်းချပြီး မတ်လ ၆ ရက်နေ့ တင်ဒါ ပိတ်မည်ဖြစ်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထားသည်။ ထားဝယ်နှင့် မြိတ်လျှပ်စစ်တင်ဒါ ခေါ်ယူစဉ်က ကုမ္ပဏီ၏profile (ကုမ္ပဏီ အကြောင်း)၊ နည်းပညာ၊ တစ်ယူနစ် ဈေးနှုန်းတို့ကို စုပေါင်းအမှတ်ပေးသည့် စနစ်ဖြင့် ရွေးချယ်ခဲ့သည်။ ကော့သောင်းမြို့နယ် လျှပ်စစ်တင်ဒါ တွင်မူ ကုမ္ပဏီ၏ profile ၊ […]

အထွက်တိုးဈေးကွက်ဝင် မျိုးစပါး ပုဂ္ဂလိကဆန်စက် ဖြန့်ဖြူးမည်

diz_admin

February 11, 2020

အထွက်တိုးပြီး ဈေးကွက်ဝင်သည့် မျိုးစပါးများကို အိုကေဆန်စက်မှ လာမည့် စပါးစိုက်ရာသီတွင် ဖြန့်ဖြူးသွား မည်ဖြစ်ကြောင်း မြိတ်ခရိုင်ဆန်စက် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင် ထွေးက ပြောသည်။ မျိုးစပါးများကို ဧရာ၀တီတိုင်း ဒေသကြီးမှ ဝယ်ယူထားပြီးမြိတ်ခရိုင်အတွင်းရှိ တောင်သူလယ်သမားများအား လာမည့်ဧပြီလတွင် ဖြန့်ဖြူးပေးသွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ကျွန်တော်တို့ရေမြေဒေသနဲ့ ကိုက်ညီပြီး အထွက်တိုးတဲ့မျိုးစပါးတွေကို တောင်သူတွေဆီဖြန့်ဖြူးပေးသွားမယ်”ဟု အိုကေအဆင့်မြင့်ဆန်စက်ပိုင်ရှင် လည်းဖြစ်သူ ဦးမောင်ထွေးက ပြောသည်။ ဧရာ၀တီတိုင်းမှမျိုးစပါးများဝယ်ယူပြီးပြီးခဲ့သည့်နှစ်မှ စတင်၍တောင်သူ ၅၇ဦးပိုင်လယ်ဧက၅၀၀ကျော်တွင် စတင် စမ်းသပ်စိုက်ပျိုးခဲ့ရာ စပါး ထက်ဝက် ကျော်တိုးလာသည့်အတွက် ယခုနှစ်တွင်ဒေသအတွင်း ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဖြူးသွားရန်စီစဉ်နေကြောင်း ၎င်းက ဆိုသည်။ ယခင်ကလယ်တစ်ဧကလျှင်စပါးအတင်း၅၀ခန့်သာထွက်ရှိနေရာမှ အိုကေ ဆန်စက်မှပေးသည့်မျိုးစပါးအား စမ်းသပ် စိုက်ပျိုးကြည့်ရာလယ်တစ်ဧကလျှင် အနည်းဆုံး စပါးအတင်း၉၀ခန့်ရရှိလာ ကြောင်းမြိတ်မြို့နယ် ကျောက်ဖျာကျေး ရွာအုပ်စုရှိတောင်သူများက […]

လော့လော့ ပုစွန်မွေးမြူကန်နှင့် တပ်သိမ်းမြေကိစ္စ တောင်သူလယ်သမားသမဂ္ဂ ကူမည်

diz_admin

February 11, 2020

မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ အုပ်စု လော့လော့ကျေးရွာရှိ ပုစွန် မွေးမြူရေးကန်နှင့် တပ်သိမ်းမြေယာများ ပြန်လည် ရရှိရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂမှ ကူညီမည် ဖြစ်ကြောင်း ယင်းသမဂ္ဂ နာယက ဦးဆန်းဆင့်ထံမှ သိရသည်။ သိမ်းဆည်းမြေယာများအား သက် ဆိုင်ရာဒေသရှိ သမဂ္ဂများမှ အဆင့်ဆင့် စိစစ်ဆောင်ရွက်ပြီး နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ ဟင်နရီဗန်ထီးယူ၊ ပြည်ထဲရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ထံ မြေယာအမှုတွဲများ ပေးပို့သွားမည်ဖြစ်ကြောင်း တောင်သူ လယ်သမားသမဂ္ဂ နာယက ဦးဆန်းဆင့်က ပြောပြသည်။ “စစ်ဆေးပြီးတော့ မှန်ကန်တဲ့ဟာတွေ ကို တင်ပေးသွားမယ်”ဟု ဦးဆန်းဆင့်က ပြောသည်။ ဦးဆန်းဆင့်သည် သာသနာရေး ဝန်ကြီးဟောင်းဖြစ်ပြီး နိုင်ငံပိုင်ငွေ အလွဲ သုံးစားပြုမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ် […]

မြိတ်နှင့်တနင်္သာရီမြို့သို့ ရေချိုပေးဝေမည့် စီမံကိန်း ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာသန်း ၇၀ ခန့် ရှိမည်

diz_admin

February 11, 2020

တနင်္သာရီမြစ်အတွင်းမှ ရေချို ရယူပြီး မြိတ်နှင့် တနင်္သာရီမြို့နယ်များသို့ ရေပေးဝေးမည့် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှု မှာ ပမာဏ အမေရိကန်ဒေါ်လာ သန်း ၇၀ ခန့်ရှိမည်ဖြစ်ကြောင်း မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက် ဒါရိုက်တာ အတွင်းရေးမှူး ဦးမျိုးအောင်ထံမှ သိရသည်။ အဆိုပါ ရေပေးဝေရေးစီမံကိန်း ဆိုင်ရာ အချက်အလက်များ ရှင်းလင်းချ ပြခြင်းနှင့် ပြည်သူများ၏ သဘောထား အမြင် ရယူခြင်း အခမ်းအနားကို မြိတ်မြို့ ပုလဲရတနာခန်းမတွင် ဖေဖော်ဝါရီလ ၇ ရက်က ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ ရှင်းလင်းပွဲကို တနင်္သာရီ မြို့နယ်တွင်လည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း မြိတ်အများပိုင်မှ သိရ သည်။ တနင်္သာရီမြစ်ရေများ ထုတ်ယူနိုင် မည့်နေရာအဖြစ် တနင်္သာရီမြို့နယ် မော်တုံးရွာနှင့် မြိတ်မြို့နယ် တုံးဗျောကျေးရွာတို့ကို ပဏာမ ရွေးချယ်ထားပြီး […]

ထားဝယ် အောက်ဆီဂျင်စက်ရုံတွင် ဆိုလာစနစ် တပ်ဆင်မည်

diz_admin

February 10, 2020

ထားဝယ်မြို့ရှိ အောက်ဆီဂျင်စက်ရုံ တွင် ဆိုလာစနစ်တပ်ဆင်ကာ အောက်ဆီ ဂျင်ထုတ်လုပ်ရန် ပြင်ဆင်နေကြောင်း အာယုဒါန ပါရမီမြောက် ကုသိုလ်ဖြစ် အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေး ထံမှ သိရသည်။ တပ်ဆင်မည့် ဆိုလာစနစ်က ရာသီဥတုအပေါ်မူတည်ကာ တစ်ရက်လျှင် လျှပ်စစ်ယူနစ် ၇၀ မှ ၁၅၀ ဝန်းကျင်အထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အဆိုပါ ဆိုလာပြားကို ထားဝယ်မြို့နေ အလှူရှင် တစ်ဦးက တပ်ဆင်လှူဒါန်းရန် ပြင်ဆင် နေခြင်း ဖြစ်သည်။ လက်ရှိတွင် အောက်ဆီဂျင်စက်ကို အစိုးရ၏ လျှပ်စစ်စနစ်ဖြင့် ချိတ်ဆက်ထား ပြီး ဆိုလာစနစ်တပ်ဆင်ပြီးပါက လျှပ်စစ်ယူနစ် သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ် ကြောင်း အလှူရှင်ဖြစ်သူ ဦးတင့်လွင်ဦး က ဆိုသည်။ “ဆိုလာက ဘက်ထရီ မပါတဲ့စနစ် ခင်ဗျား။ သူက နေရောင်ခြည်ရတဲ့အချိန် […]

မြို့နယ် သုံးခုတွင် ဖန်လုံအိမ် သုံးလုံး ထပ်ဆောက်

diz_admin

February 10, 2020

ရေဖြူ၊ လောင်းလုံး၊ ပုလောမြို့နယ် သုံးခုတွင် ဖန်လုံအိမ် စိုက်ပျိုးနည်း အတွက် အသုံးပြုမည့် ဖန်လုံအိမ် (Green House)သုံးလုံးကို ထပ်ဆောက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ဖန်လုံအိမ်စိုက်ပျိုး နည်းကို ဒေသတွင်းမှ စိုက်ပျိုးရေးသမား များ လာရောက် လေ့လာနိုင်ရန် စံပြစိုက် ပျိုးခြင်းဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးသိန်းစိုးက ပြောသည်။ အဆိုပါ ဖန်လုံအိမ်များတွင် ပန်း သခွား၊ ဆလပ်၊ ငရုတ်၊ ခရမ်းချဉ်၊ ပန်းဂေါ်ဖီ စသည့် သီးပင်စားပင်များ စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။ “Green House ထဲမှာက ပိုးမွှား က မဝင်လာဘူးလေ။ သူက အကာအကွယ် ရှိတာကိုး။ […]

ထားဝယ်ခရိုင်တွင် ကန်ထရိုက် လယ်ယာစနစ် စလုပ်မည်

diz_admin

February 10, 2020

ထားဝယ်ခရိုင်တွင် ကန်ထရိုက် လယ်ယာစနစ်ကို ၂၀၂၀ ပြည့်နှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန ထံမှ သိရသည်။ ကန်ထရိုက်လယ်ယာစနစ်ဆိုသည် မှာ ကုမ္ပဏီအဖွဲ့အစည်းဖြင့်လည်းကောင်း၊ လယ်သမားအချင်းချင်း စုပေါင်းပြီး ပုဂ္ဂလိက ပုံစံဖြင့်လည်းကောင်း အကျိုးတူ ပူးပေါင်းကာ စပါးစိုက်ပျိုးဆောင်ရွက်ခြင်းဖြစ်ကြောင်း အထက်ပါဌာန ဒုတိုင်းဦးစီးမှူး ဦးစန်းလွင်က ပြောသည်။ ကန်ထရိုက်လယ်ယာစနစ်ကို လုပ် ဆောင်မည့်အဖွဲ့သည် တောင်သူများ အတွက် မျိုးကောင်း၊ မျိုးသန့်စပါးကဲ့သို့ သော သွင်းအားစုများနှင့် စိုက်ပျိုးရေးနည်းပညာကို ထောက်ပံ့ပေးရမည်ဖြစ်ပြီး ထွက်ရှိလာသည့် စပါးကို ယင်း အဖွဲ့ထံ တွင်ပင် နှစ်ဦးသဘောတူထားသည့် ဈေးနှုန်းဖြင့် လယ်သမားများက ရောင်းချ ရမည် ဖြစ်သည်။ လက်ရှိတွင် ကန်ထရိုက်လယ်ယာ စနစ် ဆောင်ရွက်နိုင်ရန်အတွက် ထားဝယ် ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ တောင်သူများနှင့် မဟာထားဝယ်ကုမ္ပဏီတို့ […]

ယတြာချေပေးမည်ဆိုပြီး လက္ခဏာဆရာဆိုသူက ကျောင်းသူ ၃ ဦးကို အဓမ္မပြုကျင့်‌

diz_admin

February 10, 2020

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ကံနိမ့်နေ၍ ယတြာချေပေးမည်ဆိုပြီး လက္ခဏာဆရာ သီဟအောင် (ခ) သီဟ ဆိုသူက သတ္တမတန်းကျောင်းသူ ၃ ဦး ကို အလှည့်ကျ အဓမ္မပြုကျင့်ခဲ့ကြောင်း သံဖြူဇရပ်မြို့မရဲစခန်းထံမှ သိရသည်။ ဖြစ်စဉ်မှာ မုဒုံမြို့နယ် ရောင်းဒေါင်း ကျေးရွာ အရှေ့ပိုင်းနေသူ လက္ခဏာ ဆရာ သီဟအောင် (ခ) သီဟ အသက် ၂၈ နှစ်သည် ၎င်း၏ ရည်စားဖြစ်သူ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာနေ ဒေါ်အေးမြင့် ၃၈ နှစ်ဆိုသူအား ကံနိမ့်နေ ၍ ယတြာချေရမည်ဟုဆိုကာ အပတ်စဉ် စနေနေ့တိုင်း မိန်းကလေးငယ် ၁ ဦးကို ၎င်းထံ ၇ ပတ်တိုင်တိုင် ခေါ်လာရမည်ဟု ခိုင်းစေခဲ့ရာမှ ယခုကဲ့သို့ ကျောင်းသူ ၃ ဦး အဓမ္မပြုကျင့်ခံရခြင်းဖြစ်သည်ဟု […]