ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ကိုင်ခွင့်ကိစ္စ ဘက်လိုက်မှုရှိနေဟု လွှတ်တော် ဒုဥက္ကဋ္ဌ ဝေဖန်

diz_admin

February 25, 2020

မွန်ပြည်နယ်အစိုးရအဖွဲ့၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ကိုင်ခွင့် ချထားမှုတွင် မရိုးသားဘဲ ဘက်လိုက်မှုများ ရှိနေသည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌက ပြောသည်။ ပြည်နယ်အတွင်းရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအနက်မှ ဧက ၂၄၀၀၀ ကျော်ကို ပြည်နယ်အစိုးရအဖွဲ့၏ သဘောထား မှတ်ချက်နှင့် ဗဟိုကော်မတီက လုပ်ကိုင်ခွင့်ချ ပေးထားသည်။ ယင်းအနက် ကျိုက်ထိုမြို့နယ်တွင် ဧက ၉၀၀၀ ကျော်၊ ကျိုက်မရောမြို့နယ်တွင် ဧက ၅၀၀၀ ကျော် အများဆုံးချပေး ထားပြီး လုပ်ကိုင်ခွင့် ရရှိထားသူ အများစု သည်လည်း လုပ်ငန်းရှင်များသာ ဖြစ်နေ သည်ဟု လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။ “စာရင်းဇယားတော့ တော်တော် ကွဲလွဲနေတယ်။ ခွင့်ပြုဆောင်ရွက်ခဲ့တဲ့ ပကတိအနေအထား ကလည်း ပြောရရင် […]

ရေလုပ်သားများ လူကုန်ကူးမခံရရေးစီမံရန် မွန်လွှတ်တော် တိုက်တွန်း

diz_admin

February 25, 2020

မွန်ပြည်နယ် ရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ငန်းခွင်များရှိ ရေလုပ်သား များ လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများ မရှိစေရေး စီမံဆောင် ရွက်ပေးရန် မွန်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်း တိုက်တွန်းလိုက်သည်။ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅) ကြိမ် မြောက် ပုံမှန်အစည်းအဝေး တွင် ရေလုပ်သားများနှင့် ဆက်စပ်သည့် လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များမရှိစေရေးနှင့် ပင်လယ်ပြင်ငါးဖမ်း လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံဆောင်ရွက်သွားရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၄ ဦး ထောက်ခံဆွေးနွေးခဲ့ကာ အဆိုကို ကန့်ကွက်သူမရှိ လွှတ်တော်က ဖေဖော်ဝါရီ ၁၈ ရက်က အတည်ပြုလိုက်သည်။ မွန်ပြည်နယ် ရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ကွက် […]

မလွှဲတောင် အများသုံးအိမ်သာ ဝန်ဆောင်မှု လုပ်ချင်က ဆက်သွယ်ပါ

diz_admin

February 25, 2020

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် ကြားရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်အနီး တွင် တည်ဆောက်ထားသည့် အများသုံး အိမ်သာကို လုပ်ကိုင်လိုပါက ဆက်သွယ် နိုင်ကြောင်း လမ်းအထူး ၂၃ အဖွဲ့ထံမှ သိရသည်။ အထက်ပါ အများသုံးအိမ်သာကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ကာလတွင် တည်ဆောက်ထားပြီး အိမ်သာအသုံးပြုပါက ငွေကျပ် ၁၀၀ နှုန်း ကောက်ခံနေသည်။ အိမ်သာဆောက်ပြီးချိန်တွင် တစ်နေ့ တာဝင်ငွေကို သိနိုင်ရန် ဌာနဝန်ထမ်းများ ဖြင့် စမ်းသပ်ကောက်ခံရာ တစ်ရက်လျှင် နှစ်သောင်းကျပ်ဝန်းကျင် ရရှိကြောင်း လမ်းအထူးအဖွဲ့ ၂၃ မှ ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်လင်း(မြို့ပြ)က ဆိုသည်။ လက်ရှိတွင် အများသုံးအိမ်သာဝန် ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်မည့်သူ မရှိသေးသည့်အတွက် ယင်းဂိတ်အနီးရှိ ကျေးရွာမှ ဒေသခံတစ်ဦးကို လုပ်ကိုင်ခွင့် ပေးထားရကြောင်း ၎င်းက ပြောသည်။ […]

တနင်္သာတိုင်းတွင် သနပ်ခါးအကြောင်း စစ်တမ်းကောက်မည်

diz_admin

February 25, 2020

အခြားပြည်နယ်နှင့် တိုင်များတွင် ကောက်ယူနေသည့်အတိုင်း တနင်္သာရီ တိုင်းတွင်လည်း မြန်မာ့ရိုးရာ သနပ်ခါး အကြောင်းကို ဖေဖော်ဝါရီလ လကုန် ပိုင်းတွင် စတင်စစ်တမ်းကောက်မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ထားဝယ် ဌာနခွဲ)ထံမှ သိရသည်။ တိုင်းအတွင်း သနပ်ခါးအပင်များ စိုက်ပျိုးသည့်နေရာ၊ ရောင်းချသည့်နေရာ နှင့် သနပ်ခါးလိမ်းပွဲကဲ့သို့သော ပွဲတော်များ ကျင်းပနေခြင်းရှိမရှိ အချက်သုံး ချက်ကို ကောက်ယူမည်ဖြစ်ကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သနပ်ခါးသည် မြန်မာ့ရိုးရာဓလေ့ တစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဒြပ်မဲ့ယဉ်ကျေးမှုစာရင်း တွင် ထည့်သွင်းနိုင်ခြင်း မရှိသေးဘဲ အိမ်နီးချင်း ထိုင်း နိုင်ငံတွင်မူ သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းသွင်းကာ ယူနက်စကိုအဖွဲ့ထံ တင်သွင်းထား နိုင်ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ယူနက်စကိုတွင် […]

သင်္ကြန်မတိုင်ခင် နိုင်ငံခြားအရက် အခွန်တိုးကောက်မည်

diz_admin

February 25, 2020

နိုင်ငံခြားမှတင်သွင်းလာသည့် အရက် အမျိုးအစားအားလုံးကို သင်္ကြန်မတိုင်ခင် ဧပြီလ ၁ ရက်မှစပြီး အကောက်အခွန် တိုးမြှင့်ကောက်ခံတော့မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနက ဖေဖော်ဝါရီလ ၁၉ ရက်က ထုတ်ပြန်လိုက်သည်။ နိုင်ငံခြားအရက်များကို ယခင် လေးဆယ်ရာခိုင်နှုန်းမှ ငါးဆယ်ရာခိုင် နှုန်းသို့ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အကောက်ခွန် ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။ ပြည်တွင်းထုတ်လုပ်မူ တိုးတက် စေရန်နှင့် နိုင်ငံခြားငွေစီးဆင်းမှုကို ကာကွယ်ရန်အတွက် ပြည်သူတို့အတွက် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းမဟုတ် သဖြင့် အကောက်ခွန် တိုးကောက် ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် အမိန့် ကြေညာစာတွင် ဖော်ပြထားသည်။ “ပြည်တွင်းလုပ်ငန်းတွေ မထိခိုက် အောင် ကာကွယ်တဲ့အနေနဲ့ရော ကျန်းမာ ရေးကို ထိခိုက်စေနိုင်တဲ့ဟာတွေကို မသွင်းစေချင်လို့ […]

ကလုံးထာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း စဖွင့်

diz_admin

February 25, 2020

ခရီးစဉ် အမျိုးအစားငါးခုနှင့်အတူ ကလုံးထာကျေးရွာ CBT (လူထုအခြေ ပြုခရီးသွားလုပ်ငန်း) ကို ဖေဖော်ဝါရီလ ၁၆ ရက်က စတင်ဖွင့်လှစ်လိုက်သည်။ ရေဖြူမြို့နယ်အတွင်း တည်ရှိသည့် ကလုံးထာရွာ CBT တွင် ပရဆေး ဥယျာဉ်၊ တောတွင်းခရီးတို လမ်းလျှောက်ခြင်း၊ တောတွင်း အထူးနေ့လယ်စာဖြင့် ဧည့်ခံခြင်း၊ ရေပူစမ်း၊ ကလုံးထာချောင်း အစရှိသည့် နေရာများသို့ သွားလာလည် ပတ်နိုင်သည့် ခရီးစဉ်အမျိုးအစားငါးခုကို ရွေးချယ်သွားလာနိုင်ကြောင်း ကလုံးထာ CBT အဖွဲ့ထံမှ သိရသည်။ ခရီးစဉ်အမျိုးအစားအလိုက် ဈေးနှုန်းများ သတ်မှတ်ထားပြီး အဖွဲ့တွင် ပါဝင် သည့်ဧည့်သည်ဦးရေ အနည်းအများ အပေါ်မူတည်ကာ ဈေးနှုန်းကွာခြားသည်။ ဧည့်သည်အနေဖြင့် လာမည့်ရက်၊ နိုင်ငံသား/နိုင်ငံခြားသား၊ မစားတတ် သည့် အစားအသောက် စသည်တို့ကို သိရှိနိုင်ရန် သုံးရက် ကြိုတင်ချိတ်ဆက်ရ မည်ဖြစ်ကြောင်း […]

မောင်းမကန်ကမ်းခြေ ကျူးကျော်ဆိုင်များကို ဖျက်သိမ်းခိုင်း၊ ကမ်းခြေတောင်ဘက်တွင် ယာယီ နေရာပေး

diz_admin

February 25, 2020

မောင်းမကန်ကမ်းခြေ သဲသောင်ပြင် တွင် ကျူးကျော်ရောင်းချနေသည့် ဆိုင်များကို ဖျက်သိမ်းခိုင်းပြီး ကမ်းခြေတောင်ဘက် အပိုင်းတွင် ယာယီနေရာချထားကြောင်း မောင်းမကန်ကမ်းခြေ သန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီနှင့် လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ကမ်းခြေသဲသောင်ပြင်တွင် ကျူးကျော်ရောင်းချနေသည့်ဆိုင် ငါးဆယ်ခန့် ရှိပြီး ၎င်းတို့ကို ဖေဖော်ဝါရီလ ၂၀ ရက် ညနေ ငါးနာရီ နောက်ဆုံးထားဖျက်သိမ်းရန် ပြောဆိုညှိနှိုင်းခဲ့ကြောင်း အထက်ပါကော်မတီဥက္ကဋ္ဌ ဦးလေးဝင်းက ဆိုသည်။ သဲသောင်ပြင်ကျူးကျော်ဆိုင်များကို စိစစ်ရာ အမှန်တကယ်ဆိုင်ခန်း မရှိသည့်အတွက် ကျူးကျော်ရောင်းချနေရ သည့် ငါးခြောက်ဆိုင်၊ အမှတ်တရပစ္စည်း အရောင်းဆိုင်၊ အအေးဆိုင်၊ အဝတ်အထည် ဆိုင် စသည့် ၁၆ ဆိုင်သာရှိကြောင်း ဦးလေးဝင်းက ဆိုသည်။ ဘန်ဂလိုအရှေ့ယာယီဆိုင်ခန်းရှိသူ များကလည်း သဲသောင်ပြင်တွင် ကျုးကျော်ရောင်းချနေသည်။ “ဆိုင်ရှိလျက်သားနဲ့ သူ့ဆိုင်ရှေ့မှာ လာပိတ်မှာစိုးလို့ […]

ထားဝယ်တက္ကသိုလ် ရေရှိရေး ရန်ပုံငွေ သိန်းရှစ်ရာကျော် ထပ်အသုံးပြု

diz_admin

February 25, 2020

ထားဝယ်တက္ကသိုလ် ကျောင်းဝင်း အတွင်း တောမိုးတောင်မှ သွယ်တန်းထားသည့် ရေများ ဖြန့်ဖြူးရေးအတွက် ပြည်ထောင်စုရန်ပုံငွေမှ ရရှိသည့် ငွေကျပ် သိန်းရှစ်ရာကျော် (၈၃၀ သိန်း) ဖြင့် ဆောင်ရွက်ထားကြောင်း ယင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ချိုချိုမြင့် က ပြောသည်။ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းကို ရန်ပုံငွေ ကျပ်သိန်းရှစ်ရာကျော်(၈၃၆ သိန်း) ဖြင့် ယမန်နှစ်က ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် ဖြန့်ဖြူးရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်သည်။ ယင်းတက္ကသိုလ်ရေရှိရေးအတွက် တောမိုးတောင်မှ ရေပိုက်သွယ်ခြင်းကို ထားဝယ်ခရိုင် ဆည်မြောင်းနှင့် ရေ အသုံးချမူ စီမံခန့်ခွဲရေး ဦးစီးဌာန (ရေ အရင်းအမြစ်) က တာဝန်ယူလုပ်ဆောင် ခြင်းဖြစ်ပြီး သွယ်တန်းပြီးသောရေကို တက္ကသိုလ် ဝင်းအတွင်း ဖြန့်ဖြူးခြင်းကို ထားဝယ်တက္ကသိုလ် ဘက်မှ တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်သည်။ […]