BREAKING
November 17, 2025

သတင်း

အီရန်က အစ္စရေးကို ဒရုန်းအစီးရေ ၁၀၀ ကျော်ဖြင့် ပြန်လည်တိုက်ခိုက်

Dawei Watch

June 13, 2025

အီရန်က အစ္စရေးသို့ ဦးတည်၍ ဒရုန်းအစီးရေ ၁၀၀ ကျော် ပစ်လွှတ်လိုက်ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပြောဆိုလိုက်သည်။ အီရန်နိုင်ငံအတွင်းရှိ တည်နေရာများကို အစ္စရေးမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အီရန်ဘက်မှ ယင်းသို့ လက်တုံ့ပြန်တိုက်ခိုက်လာခြင်း ဖြစ်သည်။ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ အီရန်ဘက်မှ ပစ်လွှတ်လိုက်သည့် ဒရုန်းများသည် အစ္စရေးနိုင်ငံသို့ ရောက်ရှိရန် နာရီအနည်းငယ် အချိန်ယူရမည်ဖြစ်ကြောင်း သိရသည်။ အီရန်ဘက်မှ တိုက်ခိုက်လာသည့် ဒရုန်းများကို ကြားဖြတ်ဟန့်တားနိုင်ရန် လုပ်ဆောင်နေကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Effie Defrin က ဆိုသည်။ ယနေ့ နံနက်အစောပိုင်းတွင် Rising Lion စစ်ဆင်ရေး အစိတ်အပိုင်းအနေဖြင့် အီရန်နိုင်ငံအတွင်းရှိ အဏုမြူလက်နက်ဆောက်လုပ်ရေး စီမံကိန်းတည်နေရာအချို့အပါအဝင် ဒါဇင်နှင့် ချီသည့် နေရာများကို အစ္စရေးဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ အီရန်က […]

ဖူးခက်မှ နယူးဒေလီသွားမည့် အိန္ဒိယလေကြောင်းလိုင်း ဗုံးခြိမ်းခြောက်ခံရသဖြင့် ပြန်လှည့်

Dawei Watch

June 13, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ နယူးဒေလီသို့ ပျံသန်းမည့် အိန္ဒိယလေကြောင်းလိုင်း၏ လေယာဉ်သည် ဗုံးခြိမ်းခြောက်ခံရပြီးနောက် ဖူးခက်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ Air India လေကြောင်းလိုင်းပိုင် လေယာဉ် AI379 သည် အိန္ဒိယနိုင်ငံ နယူးဒေလီသို့ သွားရန် ဖူးခက်နိုင်ငံတကာလေဆိပ်မှ ယနေ့ နံနက် ၉ နာရီ ၅ မိနစ်တွင် ထွက်ခွာလာခြင်းဖြစ်သည်။ လေယာဉ်ပျံသန်းနေစဉ်အတွင်း လေယာဉ်မှူးက ဗုံးခြိမ်းခြောက်မှု စာတိုကို လက်ခံရရှိပြီးနောက် လေကြောင်းထိန်းသိမ်းရေးစခန်းသို့အရေးပေါ် အကြောင်းကြားခဲ့ကာ ဖူးခက်လေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ရကြောင်း သတင်းတွင်ပါရှိသည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၁၅၆ ဦးလိုက်ပါလာပြီး အားလုံးကို ဘေးကင်းစွာဖြင့် ပြန်လည်ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။ လေဆိပ်အာဏာပိုင်များကလည်း အရေးပေါ်ဗုံးခြိမ်းခြောက်မှုအခြေအနေနှင့် ပတ်သက်၍ ချက်ချင်း ရှင်းလင်း ဆောင်ရွက်နေဟုဆိုသည်။ ယခုဖြစ်စဉ်သည် Air […]

ထားဝယ် ထီးခီးနယ်စပ်တစ်လျှောက်ကို KNU ထိန်းချုပ်

Dawei Watch

June 13, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ငါးရံ့နီစခန်းက တပ်ဖွဲ့ဝင်များ ဇွန်လ ၁၂ ရက်က ထိုင်းဘက်ကို စခန်းစွန့်ခွာထွက်ပြေး ပြီးနောက် ထားဝယ်မြို့နယ် ထီးခီးနယ်စပ်တစ်လျှောက်ကို ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်ထံက သိရသည်။ ငါးရံ့နီစခန်းသည် ဇွန်လ ၁၀ ရက်က KNUနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူလိုက်သည့် ပွိုင့် ၂၅၆၆ (ခေါ်) ဗောဓိစခန်း၏ မြောက်ဘက် မိုင် ၂၀ နီးပါးအကွာတွင် တည်ရှိသည်။ အဆိုပါစခန်းတွင် စစ်ကောင်စီ (၂၅) ခြေလျင်တပ်ရင်းက တပ်ဖွဲ့ဝင်အင်အား ၂၀ ခန့် အထိုင်ချထားသည့် စခန်းဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “ကျွန်တော်တို့ တော်လှန်ရေးပူးပေါင်းတပ်နဲ့ KNLA […]

ဂါဇာတွင် ချက်ချင်းအပစ်ရပ်ရေး ကုလညီလာခံအဆို ထောက်ခံမဲ အများစုဖြင့် အတည်ပြု

Dawei Watch

June 13, 2025

ဂါဇာတွင် ချက်ချင်းအပစ်ရပ်ရေး အပါအဝင် တောင်းဆိုချက်များ ပါဝင်သည့် ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ ကြာသပတေးနေ့က ထောက်ခံမဲအများစုဖြင့် အတည်ပြုဆုံးဖြတ်နိုင်ခဲ့သည်။ ယင်းတောင်းဆိုချက်များတွင် ဟားမတ်စ်အဖွဲ့က ထိန်းသိမ်းထားသည့် ဓားစာခံအားလုံးကို ပြန်လွှတ်ပေးရေး၊ ဂါဇာတွင် အရေးပေါ် လိုအပ်နေသည့် စားနပ်ရိက္ခာနှင့်အခြားအကူအညီများ ပို့ဆောင်နိုင်ရန် အစ္စရေး၏ ပိတ်ဆို့မှုအားလုံး ဖွင့်ပေးရေးဆိုသည့် အချက်များလည်းပါဝင်သည်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ထောက်ခံမဲ ၁၄၉ မဲ ၊ ကန့်ကွက်မဲ ၁၂ မဲ ၊ ကြားနေမဲ ၁၉ မဲ ဖြင့် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ စပိန်နိုင်ငံက ရေးဆွဲတင်သွင်းသည့် အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းတွင် “အရပ်သားပြည်သူများအတွက် အစာရေစာပြတ်လပ်စေမှုကို စစ်ပွဲနည်းလမ်းတစ်ခုအနေဖြင့် အသုံးချခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်” ဟု […]

မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းတွင် စစ်ကောင်စီက တပ်အင်အားတိုးလိုက်၍ ဒေသခံများ စိုးရိမ်

Dawei Watch

June 13, 2025

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ နှီးပဒေါ၊ ရောင်းဒေါင်း၊ ကွမ်လှာကျေးရွာ တစ်လျှောက်တွင် စစ်ကောင်စီတပ် အင်အားအလုံအရင်း တိုးချထားသည့်အတွက် တိုက်ပွဲထပ်ဖြစ်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။ ဇွန်လ ၁၁ ရက်နေ့က မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာနှင့် နှီးဗဒေါကျေးရွာကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီက တပ်အင်အားအများ တိုးချထားကြောင်း၊ ကားလမ်းဘေးတွင် တပ်စွဲထားသလို ကားလမ်းတစ်လျှောက် ကင်းပုန်းနေသည်လည်းရှိကြောင်း ဒေသခံနှင့် လမ်းသွားလမ်းလာတို့ထံမှ သိရသည်။ “တိုက်ပွဲဖြစ်ပြီးတော့ စစ်သားတွေ အများကြီး ထပ်ရောက်လာတယ်။ တိုက်ပွဲမဖြစ်ခင်ကလည်း ရှိတယ်။ အခု ထပ်ရောက်လာတယ်။ စစ်တပ်ရှိနေရင် တိုက်ပွဲ ထပ်ဖြစ်လာနိုင်တယ်လေ တိုက်ပွဲဖြစ်ရင် တိုက်ပွဲက အဲလောက် မကြောက်ဘူး။ လက်နက်ကြီးနဲ့ လှမ်းပစ်လာမှာကိုပဲ ကြောက်တယ်။ ဟိုနေ့တိုက်ပွဲမှာလည်း အဘစ်ကနေ လှမ်းပစ်တာ ရော်ဘာခြံထဲ ကျကွဲတယ်” ဟု […]

ဘန်ကောက်အနီး ဈေးထဲထိုင်းရဲဝင်ဖမ်း၊ မြန်မာအပါအဝင် ၂၀ ဦး ဖမ်းဆီးခံရ

Dawei Watch

June 13, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နွန်ထူဘရီခရိုင်ရှိ ဈေးထဲကို ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၂၀ ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ နံနက် ၁ နာရီခန့်က နွန်ထဘူရီခရိုင် ဘန်းယိုင်ဒေသရှိ ညဘက်ဈေးဖြစ်သော ဘန်းယိုင်ဈေးထဲသို့ ရဲတပ်ဖွဲ့နှင့် လဝကအဖွဲ့များအပါအဝင် ထိုင်းအာဏာပိုင် ၂၅၀ ခန့်က ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ယင်းဈေးမှာ ညဘက်တွင် အဓိကဖွင့်လှစ်ခြင်းဖြစ်ပြီး အသား၊ ငါး၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်နှင့် အခြားပစ္စည်းပေါင်းများစွာကို ရောင်းချနေသော ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ဖွင့်လှစ်ထားသည်။ ဈေးထဲတွင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားအများစု လုပ်ကိုင်နေသဖြင့် တရားမဝင် အလုပ်ခန့်ထားမှု မရှိစေရေးအတွက် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ ဈေးထဲ အလုပ်လုပ်ကိုင်နေသော […]

ထားဝယ်ခရိုင်တွင် ဥယျာဉ်ခြံတောထွင်ခ ဈေးထပ်တက်

Dawei Watch

June 13, 2025

ထားဝယ်ခရိုင်တွင် ရော်ဘာ၊ ကွမ်းသီး ဥယျာဉ်ခြံများ၏ တောထွင်ခ(ခြံရှင်းခ) ဈေးထပ်တက်လာကြောင်း ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။ ပြီးခဲ့သည့်နှစ်က စက်နှင့်လူ တစ်ရက်ငှားရမ်းခမှာ လေးသောင်းခွဲမှ ကျပ်ငါးသောင်းဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်တွင် တစ်ရက်ငှားရမ်းခ ငါးသောင်းမှ ခြောက်သောင်းကျပ်အထိဖြစ်လာသည်ဟု ၎င်းတို့က ပြောသည်။ ဆန်၊ ဆေးဝါးနှင့် စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်ကန့်သတ်ထားသည့် ဒေသများနှင့် နယ်မြေမအေးချမ်းသည့် ပဋိပက္ခဒေသများတွင် တောထွင်ရှင်းလင်းခမှာ လုပ်အားခ၊စက်နှင့်ဆီအတွက် တစ်ရက်ခြောက်သောင်းကျပ်ပေးရသည်ဟု ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာက ကွမ်းသီးခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ “ငှားမနိုင်ကြဘူး အလုပ်လည်းမရှိ ဘာလည်းမရှိဆိုတော့ ငှားမနိုင်ကြဘူး၊ ထွင်တတ်တဲ့သူတွေကတော့ ကိုယ့်ဘာသာကိုယ် ဖြည်းဖြည်းဖြည်းဖြည်းနဲ့ နိုင်သလောက်လေးလုပ်သွားကြတယ်၊ ကျွန်မတို့လို ထွင်သမားမရှိတဲ့သူဆို ငှားမှရတယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။ သရက်ချောင်းမြို့နယ်တွင်လည်း လုပ်အားခ၊စက်နှင်ဆီအပါ တစ်ရက်ငါးသောင်းကျပ်ပေးရပြီး ခြံရှင်မှ […]

အီရန်မြို့တော်ကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်

Dawei Watch

June 13, 2025

အီရန်နိုင်ငံမြို့တော် တီဟီရန်ကို အစ္စရေးနိုင်ငံက ယနေ့ ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လိုက်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြထားသည်။ Rising Lion စစ်ဆင်ရေး အစိတ်အပိုင်းအနေဖြင့် အီရန်နိုင်ငံ၏ နျူကလီးယား အဆောက်အအုံများအပါအဝင် စစ်ရေးပစ်မှတ်များကို အစ္စရေးဘက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ကြေညာသည်။ မြို့တော်တိုက်ခိုက်ခံရမှုကြောင့် အီရန်နိုင်ငံက အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး လေဆိပ်၊ ကျောင်းနှင့် ရုံးများကို ပိတ်ကာ ချက်ချင်းပြန်လည်တုံ့ပြန်ရန် ကြေညာထားသည်။ တိုက်ခိုက်မှုအတွက် အစ္စရေးဘက်က ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းလည်း ကြေညာလိုက်သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့တော်ထဲတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ကလေးငယ်များ အပါအဝင် သေဆုံးမှုများရှိနေကြောင်း အီရန်ဘက်က ထုတ်ပြန်ထားသည်။ သို့သော်လည်း အသေးစိတ်အတည်ပြုချက်များ မရသေးကြောင်း ဆိုသည်။ တိုက်ခိုက်မှုအတွင်း အီရန် […]