ရေးချောင်းဖျားဒေသတွင် ငှက်ဖျားရောဂါအဖြစ်များ
Dawei Watch
June 17, 2025မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ရေးချောင်းဖျားဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားသူ များနေကြောင်း မွန်ပြည်သစ်ပါတီ၊ အမျိုးသားကျန်းမာရေးဌာန၏ အချက်အလက်များအရ သိရသည်။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများအနက် ရေချောင်းဖျားဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ငှက်ဖျားဖြစ်ပွားသူ ၂၂၂ ဦးရှိကြောင်း အမျိုးသားကျန်းမာရေးဌာန၏ အချက်အလက်များအရ သိရသည်။ “အဓိက ရေးချောင်းဖျားဒေသမှာက တောတောင်ထူထပ်တယ်။ မြစ်တွေ ချောင်းတွေ ပေါများတော့ ငှက်ဖျားပိုး သယ်ဆောင်တဲ့ ခြင်တွေလည်း ပေါ်တယ်။ နောက်တခုက ခြင်ထောင်မရှိဘဲ နေကြလို့လည်း ငှက်ဖျား ပိုအဖြစ်များတာပါ” ဟု အထက်ပါဌာနမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ ရေးချောင်းဖျားဒေသတွင် ခြင်ထောင်နှင့် ခြင်နှိမ်နှင်းဆေးတို့ကို ယခင်က နှစ်စဉ်နှစ်တိုင်း ဖြန့်ဝေပေးခဲ့သော်လည်း အလှူရှင်ထံမှ အကူအညီ ပြတ်တောက်သွားသည့်အတွက် ၂၀၂၄ ခုနှစ်ကစပြီး ဖြန့်ဝေပေးသည့်အစီအစဉ်ကို […]


