ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကံပေါက်တိုက်နယ်ဆေးရုံရှိ ကိုရိုနာကိစ္စ စောင့်ကြည့်လူနာအဆင့်သာရှိဟုဆို

diz_admin

March 24, 2020

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်တိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသနေသည့် အမျိုးသားမှာ စောင့်ကြည့်လူနာအဆင့်သာရှိကြောင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြောသည်။ ယင်းစောင့်ကြည့်လူနာမှာ လည်ချောင်းနာပြီး ချောင်းဆိုးသည့်အတွက် သမားတော်ကြီးများနှင့် တိုင်ပင်ကာ သွေးဖောက် စစ်ဆေးထားပြီး ကိုရိုနာရောဂါလက္ခဏာနှင့် မတူညီကြောင်း တိုင်းဦးစီးမှူး ဒေါက်တာထွန်းမင်းက ဆိုသည်။ “သူ့ရဲ့ရောဂါလက္ခဏာတွေက တူတယ်ဆိုရင်တော့ ကျွန်တော်တို့က ထားဝယ်ဆေးရုံကြီးကို ရွှေ့ပြီးတော့ လုပ်မှာ။ ခုချိန်ထိတော့ သမားတော်ကြီးတို့က မတူဘူးလို့ပဲ ပြောထားတယ်”ဟု ဒေါက်တာထွန်းမင်းက ပြောသည်။ သွေးဖောက်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်စစ်ခြင်း အဖြေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုလက္ခဏာနှင့် ဆင်တူနေပါက အာခေါင်နှင့်လည်ချောင်းအတွင်းမှ နမူနာများရယူပြီး ရန်ကုန်မြို့ရှိဓာတ်ခွဲခန်းကို ပို့ဆောင်ရကြောင်း ၎င်းက ဆိုသည်။ အုန်းပင်ကွင်းကျေးရွာအုပ်စုအတွင်းရှိ ပယကျေးရွာတွင် အသက် ၂၂ နှစ်အရွယ် အမျိုးသားက ထိုင်းနိုင်ငံမှ ပြန်လာသည်မှာ ၄ […]

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၇၊ ညနေ ၆ နာရီခွဲ)

diz_admin

March 22, 2020

ကိုရိုနာ သံသယလူနာ အသစ်မရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ မတ်လ ၂၇ ရက်နေ့ ညနေပိုင်း စာရင်းအရ တနင်္သာရီတိုင်းဒေသကြီးတွင် ကိုရိုနာရောဂါပိုး ကူးစက်ခံရသည့် သံသယလူနာ အသစ် မရှိပေ။ မတ်လ ၂၅ ရက်နေ့ အထိ သံသယလူနာ နှစ်ဦး ရှိပြီး တစ်ဦးမှာ ပိုးမတွေ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။ နောက်တစ်ဦးမှာ ဆေးစစ်အဖြေကို စောင့်နေဆဲ ဖြစ်သည်။ တနင်္သာရီတိုင်းအတွင်း ဆေးရုံးတွင် စောင့်ကြည့်လူနာ (Hospital Quarantine) ဆယ်ဦး ရှိပြီး ကော့သောင်းတွင် နှစ်ဦး၊ မြိတ်တွင် လေးဦးနှင့် ထားဝယ်တွင် လေးဦးရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ မြိတ်တွင် ၃၄ ဦး စခန်း စောင့်ကြည့် မြိတ်မြို့တွင် ထိုင်းနိုင်ငံမှ […]

ယုံကြည်ရာ

diz_admin

March 20, 2020

ကမ္ဘာတစ်ဝန်း ခြေဆန့်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နေကြပုံကတော့ အမျိုးမျိုးပါပဲ။ ထားဝယ်မှာတော့ ဆီးသီး ငါးလုံး၊ သံပရာသီး ငါးလုံး ဘုရားစင်ပေါ် တင်တဲ့ နည်းက ထင်ရှားပါတယ်။ နောက်ပြီး ဒီညနေမှာတော့ အချို့ရပ်ကွက်တွေမှာ ဖယောင်းတိုင် ကိုးတိုင်၊ နံ့သာတိုင် ကိုးတိုင် ထွန်းပြီး ယတြာခြေနေကြပါတယ်။ ယုံကြည်ရာ၊ အားကိုးရာ အမျိုးမျိုးပေါ့လေ။ ဓာတ်ပုံ – ဝေယံစိုး

၀န်ကြီးချုပ်ဟောင်းအမှု ပြန်ခေါ် သက်သေများကို မေ ၁၀ ရုံးချိန်း အပြီးစစ်မည်

diz_admin

March 13, 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အမှုတွင် ပြန်ခေါ် သက်သေများကို မေလ ၁၀ ရက်နေ့ ရုံးချိန်းတွင် အပြီးစစ်ဆေးမည်ဖြစ် ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော် ရုံးထံမှ သိရသည်။ အမှု၏ ၅၁ ကြိမ်မြောက်ရုံးချိန်းဖြစ် မည့် မတ်လ ၁၀ ရက်နေ့ရုံးချိန်းတွင် ပြန်ခေါ်သက်သေများကို အပြီးစစ်ဆေး မည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရား လွှတ်တော်ရုံး သတင်းပြန်ကြားရေး အဖွဲ့ဝင် ဦးဇော်မင်းနိုင်က ဆိုသည်။ အဆိုပါ အမှုတွင် ပြန်ခေါ်သက်သေ ၂၄ ဦးကို ပြန်လည်စစ်ဆေးပေးရန် စွဲချက်တင်ခံထားရသူများ၏ ရှေ့နေများ က တင်ပြထားရာ မတ်လ ၃ ရက်နေ့ရုံး ချိန်းအထိ ၁၈ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ် သည်။ ပြန်ခေါ်သက်သေများအနက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် […]

ကော့သောင်းလျှပ်စစ်တင်ဒါ ကုမ္ပဏီခြောက်ခု ဝင်ပြိုင်

diz_admin

March 13, 2020

ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီခြောက်ခုရှိ ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးထံမှ သိရ သည်။ လျှပ်စစ်တင်ဒါလျှောက်လွှာပိတ် သည့် မတ်လ ၆ ရက် ညနေပိုင်းအထိ ကုမ္ပဏီ ၆ ခုက လျှောက်ထားကြခြင်း ဖြစ်သည်။ တင်ဒါကို တိုင်းအတွင်းရှိကုမ္ပဏီ များအပြင် တိုင်းဒေသကြီးပြင်ပရှိ ကုမ္ပဏီ များလည်း လျှောက်ထားကြကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဦးအောင်သူရက ဆိုသည်။ ကော့သောင်းလျှပ်စစ်ကို ထားဝယ်၊ မြိတ် လျှပ်စစ်တင်ဒါစည်းမျဉ်းနှင့်မတူ ဘဲ အပြောင်းအလဲလုပ်ထားကြောင်း ၎င်းက ပြောသည်။ ထားဝယ်နှင့် မြိတ်လျှပ်စစ်တင်ဒါ ခေါ်ယူစဉ်က ကုမ္ပဏီ၏ Profile (ကုမ္ပဏီအကြောင်း)၊ နည်းပညာ၊ တစ် ယူနစ်ဈေးနှုန်းတို့ကို စုပေါင်းအမှတ်ပေး သည့်စနစ်ဖြင့် ရွေးချယ်ခဲ့သည်။ ကော့သောင်းမြို့နယ် လျှပ်စစ်တင် ဒါတွင်မူ ကုမ္ပဏီ၏ Profile […]

ဘောလုံးနည်းပြသင်တန်း ကော့သောင်းတွင် ပြုလုပ်မည်

diz_admin

March 13, 2020

ယခုနှစ်တွင် ပြုလုပ်မည့် ဘောလုံး နည်းပြ (စီလိုင်စင်) သင်တန်းကို ကော့သောင်းမြို့တွင် ဧပြီလ ၂၅ ရက်မှ ၃၀ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီး ဌာနထံမှ သိရသည်။ ယင်းသင်တန်းကို ထားဝယ်နှင့် မြိတ်မြို့တို့ တစ်ကြိမ်စီ ကျင်းပပြီးဖြစ် သောကြောင့် ယခုနှစ် ကော့သောင်းမြို့ တွင် ကျင်းပခြင်းဖြစ်ကြောင်း အထက်ပါ ဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ယင်းသင်တန်းတွင် လက်ရှိ ဘောလုံး အားကစားသမား(သို့) ဘောလုံးအား ကစားသမားဟောင်း အသက် ၁၈ နှစ်မှ ၆၀ အထိ ရှိသူများ လျှောက်ထားနိုင် ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။ သင်တန်းတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ အေလိုင်စင်ရရှိထားသည့် နည်းပြနှစ်ဦးက […]

ထားဝယ် အ.ထ.က (၁) တွင် နွေရာသီ ဘင်ခရာသင်တန်း ဖွင့်မည်

diz_admin

March 13, 2020

ထားဝယ် အ.ထ.က (၁) ကျောင်း တွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ ကျောင်းသားများကို ဘင်ခရာ (မွမ်းမံ) သင်တန်း ပေးမည်ဖြစ်ကြောင်း ဘင်ခရာကော်မတီထံမှ သိရသည်။ ထားဝယ် အ.ထ.က(၁) ကျောင်းအုပ် ကြီးနှင့် ကျောင်းအကျိုးတော်ဆောင်တို့က ဘင်ခရာတီးဝိုင်းတည်ထောင်ချင်သည် ဆိုသဖြင့် ထားဝယ်ကြက်ခြေနီအသင်းမှ နည်းပညာပေး သင်ကြားပေးခြင်းဖြစ် ကြောင်း ဘင်ခရာကော်မတီအဖွဲ့ဝင်ဖြစ် သူ ဦးကိုကိုနိုင်က ပြောသည်။ “မနှစ်ကတော့ အခြေခံ၊ ဒီနှစ် ကတော့ မွမ်းမံပေါ့” ဟု ဦးကိုကိုနိုင်က ဆိုသည်။ ပြီးခဲ့သည့်နှစ်က ဘင်ခရာအခြေခံသင်တန်းပေးပြီးဖြစ်သောကြောင့် ယခုနှစ်တွင် ဘင်ခရာ (မွမ်းမံ)သင်တန်း ဆက်လက်ပေးခြင်း ဖြစ်ကြောင်း ဦးကိုကိုနိုင်က ပြောသည်။ သင်တန်းကို ပဉ္စမတန်းမှ နဝမတန်း အထိ ကျောင်းသူ ကျောင်းသားများ တက်ရောက်မည်ဖြစ်ပြီး လက်ရှိ […]