နွေရာသီ အားလပ်ရက်ကိစ္စ ထားဝယ်တက္ကသိုလ် ဆရာများသမဂ္ဂ မကျေနပ်
diz_admin
March 30, 2020ယခုနှစ် တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ပေးသော နွေရာသီအားလပ်ရက် ကိစ္စကို မကျေနပ်သဖြင့် ယင်းကိစ္စအား နိုင်ငံတော် မူဝါဒနှင့်အညီ ပြင်ဆင်သတ် မှတ်ပေးရန် ထားဝယ်တက္ကသိုလ် ဆရာများသမဂ္ဂက မတ်လ ၂၈ ရက်က ကြေညာချက်ထုတ်ပြန် လိုက်သည်။ ပုံမှန်အားဖြင့် တက္ကသိုလ်ဆရာ၊ ဆရာများများကို သင်္ကြန်ဆယ်ရက်ပိတ် ပြီးပါက ဧပြီလ ၁၈ ရက်မှ မေလ ၁၈ ရက် အထိ တစ်လကို နွေရာသီအားလပ်ရက် အဖြစ် ထပ်ပိတ်ပြီး ပိတ်ရက် စုစုပေါင်း ရက်လေးဆယ်ရှိကြောင်း ထားဝယ်တက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာရီရီရွှေက ပြောသည်။ ယခုနှစ်တွင်မူ ကိုရိုနာဂယက်ကြောင့် ဟုဆိုကာ မတ်လ ၃၀ ရက်မှ ဧပြီလ ၂၉ ရက်အထိ စုစုပေါင် ၃၁ […]


