ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၅၊ ညနေ ၆ နာရီ)

diz_admin

March 25, 2020

ကိုရိုနာစောင့်ကြည့်လူနာ ငါးဦးရှိ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ငါးဦးရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ မတ်လ ၂၅ ရက်နေ့အထိ ကော့သောင်းဆေးရုံတွင် ၂ ဦး၊ မြိတ်ဆေးရုံတွင် ၂ ဦးနှင့် ကံပေါက်ဆေးရုံတွင် ၁ ဦး ရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ မြိတ်ဆေးရုံရှိ စောင့်ကြည့်လူနာနှစ်ဦးကို ဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ/မရှိ ဓာတ်ခွဲစမ်းသပ်ရန် နမူနာများကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ဓာတ်ခွဲနမူနာများ ပို့ထားသည်။ ထား၀ယ်နှင့် ကော့သောင်းရှိ ဆေးရုံများတွင်မူ သီးခြားခွဲထားပြီး စောင့်ကြည့်နေကြောင်း ပြည်သူ့ကျန်းမာ/ ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းမင်းက ဆိုသည်။ ရနောင်းကမ်းမှ လာသူများ လာရာလမ်းပြန်ရမည် မြန်မာနိုင်ငံတောင်ဘက်စွန်းရှိ ကော့သောင်းမြို့ တစ်ဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်း ထပ်ဖွင့်မည်မဟုတ်တော့ဘဲ ထိုင်းနိုင်ငံရေရာအနှံ့မှ မြန်မာပြည်ပြန်ရန် ရနောင်းသို့ရောက်လာသည့် […]

ထားဝယ် လေဆိပ်၊ အဝေးပြေးကွင်းနှင့် ဘုရားကြီးတွင် ယနေ့ည ဆေးဖြန်းမည်

diz_admin

March 25, 2020

ထားဝယ်မြို့ရှိ လေယာဉ်ကွင်း၊ အဝေးပြေးကွင်းနှင့် ဘုရားကြီးဝင်းအတွင်းတွင် မတ်လ ၂၅ ရက်(ယနေ့ညဦးပိုင်း) တွင် ကလိုရင်း ပိုးသတ်ဆေးဖြန်းမည်ဖြစ်ကြောင်း COVID-19 ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသ လူထုအခြေပြု အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။ ထားဝယ်လေဆိပ်တွင် ည ၆ နာရီဝန်းကျင်တွင်လည်းကောင်း၊ အဝေးပြေးကွင်းတွင် ည ၇ နာရီဝန်းကျင်တွင်လည်းကောင်း ဖြန်းမည်ဖြစ်ကြောင်း အထက်ပါအဖွဲ့မှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ကျော်ဦးက ဆိုသည်။ ထားဝယ်မြို့ပေါ်ရှိ ရွှေတောင်စားစေတီ ဘုရားကြီးဝင်းအတွင်းတွင် ည ၉ နာရီခွဲခန့်တွင် ပိုးသတ်ဆေးဖြန်းမည်ဖြစ်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာသယ်ဆောင်ရေး အဖွဲ့ထံမှ သိရသည်။ “နာရေးအဖွဲ့တွေ ဇမ္ဗူသီရိအဖွဲ့အပါအဝင် ကွန်&က်အတွင်းမှာရှိနေတဲ့အဖွဲ့တွေက တာဝန်ယူပြီး ခွဲပြီးဖြန်းကြမယ်”ဟု ဦးကျော်ကျော်ဦးက ပြောသည်။ ထားဝယ်မြို့ပေါ်ရှိ မင်္ဂလာဈေး၊ စည်ပင်သာယာဈေးကြီး၊ ကမ်းနားဈေးတို့တွင် ပိုးသတ်ဆေးဖြန်းရန် သက်ဆိုင်ရာ ဈေးကော်မတီများနှင့် ယနေ့ညနေပိုင်းတွင် ဆွေးနွေးရန်ရှိကြောင်း […]

ကိုရိုနာကို တုံ့ပြန်ရန် ပြင်ဆင်ခြင်း

diz_admin

March 25, 2020

မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုး ကူးစက်ခံရသော လူနာမတွေ့ရသေး ကြောင်း အစိုးရက ထုတ်ပြန်ထားသော် လည်း ထားဝယ်ဒေသရှိ အဖွဲ့အစည်းများက ရောဂါပိုးရှိ လူနာတွေ့ရှိပါက တုံ့ပြန်ဆောင် ရွက်ရန် နည်းလမ်းများ ပြင်ဆင်လျက်ရှိ သည်။ အချို့အဖွဲ့များကလည်း ကြိုတင် ကာကွယ်ရေး လုပ်ဆောင်လျက် ရှိသည်။ ယင်းတို့အနက် အချို့ကို ကောက်နုတ် တင်ပြလိုက်ပါသည်။ လူချင်းတွေ့ အလုပ်လုပ်ခြင်း ရှောင်ရှား ထားဝယ်မြို့ရှိ အစိုးရဌာနဆိုင်ရာ အချို့၊ အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့ အစည်းအချို့သည် လူချင်းတွေ့ အလုပ် လုပ်သည်ကို ရှောင်ရှားလာကြကာ အွန်လိုင်းမှတစ်ဆင့် အလုပ်ကိစ္စ ဆွေးနွေး ပြောဆိုလာကြကြောင်း ယင်းအဖွဲ့အချို့ ထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ် ရောဂါကူးစက်မှုကို ကြိုတင်ကွယ်သည့် အနေဖြင့် ယင်းကဲ့သို့ လူတွေ့ အလုပ်လုပ်ခြင်းကို […]

ထီးခီး၊ မောတောင် နယ်စပ်ဂိတ်များပိတ်လိုက်ခြင်းကြောင့် စီးပွားရေးအပေါ် သက်ရောက်နိုင်မှု

diz_admin

March 25, 2020

လတ်တလော ကူးစက်မှုနှင့် သေဆုံး မှုမြင့်တက်လာသည့် ကိုရိုနာဗိုင်းရပ်စ်အရေး ကြောင့် ထိုင်းနိုင်ငံက ထီးခီး၊ မောတောင် နယ်စပ်ဝင်ပေါက်များကို မတ်လ ၂၀ ရက် နှင့် ၂၁ ရက်နေ့မှ စ၍ ယာယီပိတ်လိုက်သည်။ ယင်းဂိတ်နှစ်ခု စလုံးကို ဧပြီလ ၃ ရက်နေ့အထိ ယာယီပိတ်လိုက်ခြင်း ဖြစ်သည်။ ဒေသအတွင်းရှိ မီးဖိုချောင်သုံးပစ္စည်း အများစုနှင့် လုပ်ငန်းသုံးပစ္စည်းများက ထိုင်းနိုင်ငံမှ ပစ္စည်းတင်သွင်းမှုအပေါ်တွင် အဓိကတည်မှီနေရပြီး ဒေသထွက် ရေ ထွက်ပစ္စည်းတင်ပို့မှုများလည်း ရှိနေသည်။ ယင်းကြောင့် ရေထွက်ပစ္စည်းတင်ပို့မှု၊ မီးဖိုချောင်သုံးပစ္စည်းနှင့် အခြားပစ္စည်းများ တင်သွင်းမှုများ ယာယီရပ်ဆိုင်းကာ ဒေသ တွင်း စီးပွားရေး ထိခိုက်နိုင်မှုများ ကြုံတွေ့ လာရနိုင်ကြောင်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။ ယင်းကဲ့သို့ ပိတ်လိုက်သည့်အတွက် ဒေသထွက် ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကို ထိခိုက်နိုင်ကြောင်း […]

ထားဝယ်တွင် ဆန်ဝယ်လိုအား မြင့်တက်

diz_admin

March 24, 2020

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပို့တွေ့လူနာ နှစ်ဦးရှိကြောင်း အစိုးရက စတင်ကြေညာလိုက်သည်နှင့် တပြိုင်နက် ထားဝယ်မြို့တွင် ဆန်းဝယ်ယူစုဆောင်းသူ ရုတ်တရက်များလာနေကြောင်း ထားဝယ်ဆန်ဈေးကွက်အတွင်းမှ သိရသည်။ ဆန်ဆိုင်အချို့တွင်မူ နောက်ထပ်နှစ်ရက်ကြာပါက ပစ္စည်းပြတ်တော့မည့် အနေအထားအထိ ရောင်းချနေကြရသည်။ ရန်ကုန်မြို့ကို ဆန်မှာထားသော်လည်း ကုန်ကားများ ထားဝယ်သို့အဆင်းနည်းလားခြင်း၊ ရန်ကုန်ဈေးကွက်တွင်ပင် ဆန်ဝယ်လိုအားများနေခြင်းတို့ကြောင့် ထားဝယ်ဘက်သို့ ဆန်အရောက်နောက်ကျမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်အချို့ ပြောသည်။ တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုကမူ ဆန်အတွက် စိတ်မပူရန်နှင့် လိုအပ်လာပါက တိုင်းအစိုးရက သဘာဝဘေးအတွက် ကြိုတင်ဝယ်ယူထားသောဆန်အိတ် လေးထောင်ကျော် (၄၁၈၈) ကို အများပြည်သူထံ ဖြန့်ဝေ ရောင်းချပေးမည် ဖြစ်ကြောင်း မတ်လ ၂၄ ရက်က ပြောသည်။ ယင်းအပြင် တနင်္သာရီတိုင်းအတွင်းရှိ တောင်သူများလက်ဝယ်တွင်လည်း စပါးလက်ကျန် ရှိနေသေးသဖြင့် ဆန်အတွက် စိတ်ပူစရာမရှိကြောင်း ဒေါ်ရီရီချိုက ပြောသည်။ […]

ကိုရိုနာရောဂါပိုးနှင့် ထားဝယ်ဒေသရှိ တက္ကသိုလ်များ၏ စာမေးပွဲဖြေဆိုသည့် အခြေအနေ

diz_admin

March 24, 2020

မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုး ရှိသည့် ဓာတ်ခွဲအတည်ပြုလူနာမတွေ့ရှိရသေးသော်လည်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကျင်းပနေ သော စာမေးပွဲအသီးသီးကို တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူအများစု၏ သဘောဆန္ဒအရ ဝင်ရောက်ဖြေဆိုနိုင်သည်ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာနက မတ်လ ၁၈ ရက်နေ့က ညွှန်ကြားထားသည်။ လက်ရှိကျင်းပနေသော စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူများသည် စာမေးပွဲ ပြီးဆုံးသည်အထိ ဖြေဆိုရမည်ဖြစ်ပြီး မဖြေဆိုလိုသူများအတွက် မေလ သို့မဟုတ် ဇွန်လတွင် အစားထိုးစာမေးပွဲပြန်လည် ကျင်းပပေးမည်ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနက တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်အားလုံးကို ညွှန်ကြား ထားသည်။ စာမေးပွဲကျင်းပရာတွင်လည်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည့် လိုက်နာဆောင်ရွက်ရန် အချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ရောဂါပိုး အခြေအနေ ပေါ်မူတည်၍ တက္ကသိုလ်ပြန်လည်ဖွင့် […]

ကိုယ့်မိသားစု၊ ကိုယ်မြို့၊ ကိုယ့်နိုင်ငံ ကိုချစ်လျှင် ဗိုင်းရပ်စ် အစစ်ခံပြီးမှ ပြည်တော်ဝင်ပါ

diz_admin

March 24, 2020

တနင်္သာရီတိုင်းနှင့် ထိုင်းနိုင်ငံနယ်စပ် ဂိတ်များဖြစ်သည့် ထီးခီး၊ မောတောင်၊ ကော့သောင်းဂိတ်များမှ လူဝင်လူထွက်ကို ထိုင်းဘက်က ပိတ်လိုက်ပြီ ဖြစ်သည်။ ကမ္ဘာ့ကပ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ရေးကို အကြောင်းပြုကာ မတ်လ ၂၁ ရက် နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ယာယီ ပိတ်လိုက်ကြောင်း ထိုင်းဘက်က ထုတ်ပြန်လိုက်သည်။ ယင်းသို့ ပိတ်လိုက်သည့်အချိန်သည် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများ မိမိနေရပ်သို့ အလုံးအရင်းအလိုက် ပြန်လာလေ့ရှိသည့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလနှင့် တိုက်ဆိုင်နေသည်။ ထိုသို့ တရားဝင် ဝင်ထွက်နိုင်သည့် လမ်းများ ပိတ်လိုက်သည်နှင့် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများ ယခုနှစ် သစ်ကူးတွင် မွေးရပ်သို့ မပြန်တော့ဟု မည်သူမျှ အာမမခံနိုင်ပေ။ “ဒီထက် ဆိုးတဲ့အခြေအနေ၊ ပစ်မိန့် ပေးထားတဲ့အခြေအနေမှာတောင် ခိုးပြန်ကြ သေးတာပဲလေ” […]

မြိတ်သူ/မြိတ်သားများ ဆန်အတွက် မစိုးရိမ်ရန် မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌပြော

diz_admin

March 24, 2020

မြိတ်သူ/မြိတ်သားများအနေဖြင့် ဆန်နှင့်ပတ်သက်ပြီး မစိုးရိမ်ကြရန် မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဌ လည်းဖြစ်သည့် အိုကေဆန်စက်ပိုင်ရှင် ဦးမောင်ထွေးက ပြောဆိုလိုက်သည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ မြန်မာနိုင်ငံအတွင်း တွေ့ရှိပြီဟု ကြေညာပြီး‌‌ေနာက် ယနေ့နံက်အချိန်မှစကာ မြိတ်မြို့နေပြည်သူများမှ ဆန်ကိုအလုအယက်ဝယ်ယူနေကြသည့်အတွက် ၎င်းက မစိုးရိမ်ရန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ဆန်အတွက်က လုံးဝစိုးရိမ်စရာမလိုပါဘူး ကျွန်တော့်စက်မှာ အလုံအလောက်ရှိပါတယ်။ ဒီအတွက်လည်း လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ကြိုတင်စီစဥ်ထားပြီးဖြစ်ပါတယ်”ဟု ဦးမောင်ထွေး ကပြောသည်။ လက်ရှိအချိန်တွင် မြိတ်မြို့၏ အကြီးဆုံးဆန်ဆိုင် တစ်ခုဖြစ်သည့် အိုကေ ဆန်ဆိုင်ရှေ့တွင် လာရောက်ဝယ်ယူသူများကြောင့် ယာဥ်ကြောပိတ်ဆို့မှု မဖြစ်အောင် တာဝန်ရှိသူများမှယာဥ်ထိနိးရဲနှင့် လုံခြုံရေးများစီမံဆောင်ရွက်ထားသည်။ အိုကေဆန်ဆိုင်မှ လက်ရှိအချိန်တွင် ဆန်အိပ် ၃၀၀ ပါကားကြီး ၅ စီးဖြင့် ဆန်စက်မှ သယ်ယူကာ ရောင်းချပေးနေကြောင်း ဦးမောင်ထွေးက ဆိုသည်။ “ပြည်တွင်းက ဆန်မလုံလောက်ရင်တောင် […]