ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သင်္ကြန်အကြိုကာလ ရွှေဈေးကွက် အရောင်းအဝယ် ထက်ဝက်ခန့်ကျ

diz_admin

March 30, 2020

သင်္ကြန်အကြိုကာလဖြစ်သည့် မတ်လနောက်ဆုံးအပတ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ရွှေဈေးကွက် အရောင်းအဝယ်ပါးနေပြီး ပြီးခဲ့သည်နှစ်ကထက် တစ်ဝက် ခန့်ကျဆင်းနေသည်ဟု ရွှေလုပ်ငန်းရှင်အချို့က ပြောသည်။ မင်္ဂလာဆောင်နှင့် ပွဲလမ်းသဘင်များ၊ လမ်းပန်းဆက်သွယ်ရေးများ ပိတ်ထားသဖြင့် ယင်းသို့ကျဆင်းသွားခြင်းဖြစ်ကြောင်း ထားဝယ်မြို့ဈေးကြီး တောင်ဘက်ခြမ်းရှိ ရွှေဆိုင် ပိုင်ရှင် အမျိုးသမီးက ပြောသည်။ ရွှေဈေးမှာ အရောင်းအဝယ်ပါးနေသည့်အပြင် ဈေးနှုန်းပါ ကျဆင်းနေ ကြောင်း သိရသည်။ Dawei Watch

လောင်းလုံးက ရပ်ကွက်၊ ကျေးရွာသုံးဆယ်နီးပါး လျှပ်စစ်မီး ယာယီပြတ်မည်

diz_admin

March 30, 2020

လောင်းလုံးမြို့နယ်ရှိ ရပ်ကွက် လေးရပ်ကွက်နှင့်၊ ကျေးရွာ ၂၅ ရွာသည် မတ်လ ၂၈ ရက်မှ ဧပြီလ ၉ ရက်အထိ ၁၃ ရက် လျှပ်စစ်မီး ယာယီပြတ်တောက် မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။ ဖြတ်တောက်ထားမည့်အချိန်မှာ နံနက်ကိုးနာရီမှ မွန်းလွဲ သုံးနာရီအထိ ဖြစ် ကြောင်း အထက်ပါရုံး မြို့နယ်လျှပ်စစ်မှူး ဦးအောင်ကျော်ဆန်းက ပြောသည်။ လောင်းလုံးမြို့ ဓာတ်အားခွဲရုံမှ ဇလွတ်ကျေးရွာ ဓာတ်အားခွဲရုံသို့ ၃၃ ကေဗွီ ဓာတ်အားလိုင်း သွယ်တန်းသည့် လုပ်ငန်းဆောင်ရွက်ရာတွင် ကျေးရွာ အချို့၌ လက်ရှိလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးထားသော ၁၁ ကေဗွီဓာတ်အား လိုင်းနှင့် မလွတ် ကင်းသဖြင့် လျှပ်စစ်မီး ယာယီ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ လျှပ်စစ်မီး ယာယီဖြတ်တောက်ထားမည့် […]

ကော့သောင်းမြို့မတံတားတွင် အပူချိန်တိုင်း ပုံရိပ်ဖမ်း စက်တပ်ဆင်

diz_admin

March 30, 2020

ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံနှင့် ကျွန်းများမှ ဝင်ရောက်သူများကို ကိုရိုနာ ဗိုင်းရပ်စ် ရောဂါလက္ခဏာ စောင့်ကြည့် တိုင်းတာနိုင်ရေးအတွက် ကော့သောင်း မြို့မတံတားတွင် အပူချိန်တိုင်း ပုံရိပ်ဖမ်းစက် တစ်စုံတပ်ဆင်နေကြောင်း ကော့သောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြော ကြားသည်။ အပူချိန်တိုင်း ပုံရိပ်ဖမ်းစက်တပ်ဆင် ခြင်းလုပ်ငန်းကို မတ်လ ၂၉ရက်တွင် အပြီးသတ် ဆောင်ရွက်မည်ဖြစ်ပြီး မတ် လ ၃၀ ရက်မှ စတင်ကာ ကော့သောင်းသို့ ရေလမ်းမှဝင်ရောက်သူအားလုံးကို ရောဂါ လက္ခဏာ စတင်တိုင်းတာနိုင်မည်ဟု ကော့သောင်းခရိုင်COVID 19 ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်၊ ကုသရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ဦးနေဦးက ပြောသည်။ အပူချိန်တိုင်းစက်ကို ၃၈ဒီဂရီစင် တီဂရိတ်/၁၀၄ဖာရင်ဟိုက်တွင် ချိန်ညှိ ထားပြီး ယင်းအပူချိန်ရှိသူစက်ရှေ့က ဖြတ်သန်းပါက အချက်ပေးသံထွက်ပေါ် မည်ဖြစ်ရာ ယခင်ကကဲ့သို့ […]

တက္ကသိုလ်ဝင်တန်းဖြေပြီး စာဖြေအခန်း၀တွင် ကျောင်းသူတစ်ဦး ရွှေဆွဲကြိုးဖြတ်ခံရ

diz_admin

March 30, 2020

ထားဝယ်မြို့တွင် တက္ကသိုလ်ဝင် တန်း စာမေးပွဲဖြေဆိုပြီး ထွက်လာသည့် ပြင်ပဖြေကျောင်းသူတစ်ဦး စာဖြေ အခန်း၀တွင် ရွှေဆွဲကြိုးဖြတ်ခံရကြောင်း ကာယကံရှင်နှင့် မိသားစုဝင်များထံမှ သိရသည်။ ထားဝယ်မြို့ရှိ အထက ၂ စာစစ် ဌာနတွင် မတ်လ ၁၈ ရက် ဘောဂဗေဒ ဖြေဆိုသည့်နေ့က ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ စာမေးပွဲဖြေပြီး ပြန်ထွက်လာချိန် တွင် စာဖြေခန်းအပေါက်၀ ကော်ရစ်တာ တွင် စာဖြေကျောင်းသားများ တိုးဝှေ့ နေချိန်တွင် လည်ပင်းတွင် ဝတ်ဆင် ထားသည့် အလေးချိန်ငါးမူး သားခန့် ရှိသည့် ရွှေဆွဲကြိုးကို အနောက်ဘက်မှ ဆွဲဖြတ်ခံရကြောင်း ကာယကံရှင်ဖြစ်သူ မနီလာထွန်းက ပြောသည်။ ထိုသို့အနောက်ဘက်မှ ဆွဲလိုက် ချိန်တွင် ရွှေဆွဲကြိုး၌ တပ်ဆင်ထားသည့် လော့ကက်သီး ပြုတ်ကျသွားသဖြင့် ပြန် ကောက်နေသည့်အတွက် […]

အခြေခံကျောင်းသားများ၏ အဆင့်သတ်မှတ်ချက် သိလိုက တောင်းကြည့်နိုင်

diz_admin

March 30, 2020

ပထမတန်းမှ န၀မတန်းအထိ ကျောင်းသား၊ ကျောင်းသူများ၏ တစ်နှစ် တာ အဆင့်သတ်မှတ်ချက်ကို အောင်စာရင်းတွင် ထည့်သွင်းထုတ်ပြန်ပေးခြင်း မရှိသော်လည်း သက်ဆိုင်ရာကျောင်း များတွင် အုပ်ထိန်းသူတစ်ဦးဦးက တောင်း ယူ ကြည့်ရှုနိုင်ကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။ လက်ရှိ အခြေခံကျောင်းသား၊ ကျောင်းသူများ၏ အဆင့်သတ်မှတ် ချက်ကို အမှတ် ၁၀၀ နှင့် ၈၀ အကြားကို အေ(A)၊ ၇၉ နှင့် ၆၀ အကြား ဘီ(B)၊ ၅၉ နှင့် ၄၀ အကြား စီ(C)နှင့် အမှတ် လေးဆယ်အောက်ကို ဒီ(D) ဟု အဆင့် လေးဆင့် ခွဲခြားထားခြင်း ဖြစ်သည်။ လက်ရှိကျင့်သုံးနေသော စနစ်အရ လပတ် အဆင့်သတ်မှတ်ချက်များကို စာမေးပွဲ တစ်ကြိမ်ဖြေပြီးတိုင်း မိဘတို့ […]

ကိုရိုနာ ဂယက်အပေါ် ကျေးရွာများ၏ တုံ့ပြန်မှု

diz_admin

March 30, 2020

တနင်္သာရီတိုင်းရှိ ခရိုင်အဆင့် မြို့များတွင် ကိုရိုနာဗိုင်းရပ်စ် တုန့်ပြန်ရေး အတွက် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း များက နည်းလမ်းအမျိုးမျိုးဖြင့် ဆောင် ရွက်နေကြသလို ထားဝယ်ခရိုင်ရှိ ကျေးရွာ တို့ကလည်း ကိုယ့်နည်း၊ ကိုယ့်ဟန် နည်းလမ်းများဖြင့် တုံ့ပြန်ဆောင်ရွက် နေကြသည်။ ထားဝယ်ခရိုင်ရှိ ကျေးရွာများသည် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ငန်းများအပြင် ရပ်ရွာ အတွင်း ရန်ပုံငွေရှာဖွေကာ အခြားနည်း လမ်းအမျိုးမျိုးဖြင့်လည်း ယင်းဗိုင်းရပ်စ် ကို တုံ့ပြန်ဆောင်ရွက်နေကြသည်။ ညနေပိုင်းများတွင် ရပ်ရွာအတွင်း ဗိုင်းရပ်စ်ကာကွယ်ရေး လှည့်လည်အသိ ပညာပေးခြင်း၊ နိုင်ငံခြားမှ နေရပ်ပြန် လာသူများစာရင်း ကောက်ယူရန်၊ ကျေးရွာ တွင် တာဝန်ကျနေသည့် ကျန်းမာရေဝန် ထမ်းများနှင့်ပူးပေါင်းကာ နေရပ်ပြန်များ နှင့် ဆက်စပ် မိသားစုများကို ကျန်းမာ […]

မြိတ်ကျွန်းခရီးစဉ်များ တစ်လကျော်ပိတ်

diz_admin

March 30, 2020

မြိတ်ခရိုင်အတွင်းရှိ ကျွန်းခရီးစဉ် များကို တစ်လကျော် ယာယီပိတ်သိမ်း လိုက်ပြီ ဖြစ်သည်။ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃၀ ရက်အထိ ယာယီ ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု မြိတ်ခရိုင်ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှလက်ထောက်ညွန်ကြားရေးမှူး ဦးနိုင်လင်းဇော်က ပြောသည်။ ကမ္ဘာအနှံ့ ဖြစ်ပွားလျက်ရှိသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ် နိုင်တင်း ကူးစက်ရောဂါ ပျံ့ပွားခြင်း မရှိစေရန် မြိတ်ခရိုင်အတွင်းရှိ လူအသွား အလာများသော ကျွန်းများကို ပိတ်သိမ်း လိုက်ခြင်း ဖြစ်သည်။ “အဓိကကတော့ နိုင်ငံခြားသားနဲ့ တခြားပြင်ပက ဝင်ရောက်လာမဲ့ ဧည့် သည်တွေကို ပိတ်ဖို့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ”ဟု ၎င်းကပြောသည်။ မြိတ်ခရိုင် ကိုဗစ်နိုင်တင်းရောဂါကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့မှ မတ်လ ၂၇ ရက်နေ့က အစည်းအဝေး ပြုလုပ်ပြီး ယင်းသို့ ပိတ်သိမ်းရန် ဆုံး ဖြတ်ခဲ့ကြောင်း […]

ထားဝယ်ခရိုင်အတွင်းရှိ ကမ်းခြေများ တစ်လကျော် ပိတ်မည်

diz_admin

March 30, 2020

ကမ္ဘာအနှံ့ ဖြစ်ပွားလျက်ရှိသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ရောဂါ ပျံ့ပွားခြင်း မရှိစေရန် ထားဝယ်ခရိုင် အတွင်းရှိ လူအသွားအလာများသော ကမ်းခြေများကို မတ်လ ၂၇ ရက်မှ စ၍ ပိတ်သိမ်းရန် အစိုးရက ညွှန်ကြားလိုက်သည်။ ပိတ်သိမ်းလိုက်သော လောင်းလုံး မြို့နယ်အတွင်းရှိ နာမည်ကျော် မောင်းမကန်၊ စမ်းလှမ်း၊ တီဇစ်၊ ပညစ်၊ ဆင်ထောက်၊ ဖိုးဖိုးကျောက်၊ မြင်းခွာ အော်၊ ပါရာဒိုက် ကမ်းခြေများ အပါအဝင် ထားဝယ်ခရိုင်အတွင်းရှိ ကမ်းခြေအားလုံး ပါဝင်သည်။ မတ်လ ၂၇ ရက်မှ ဧပြီလ ၃၀ ရက် အထိ ယာယီပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။ ရပ်ဝေးမှ ခရီးသွားများ လူစုလူဝေး ဖြင့် လာရောက်မည်စိုးသောကြောင့် ထိုသို့ ပိတ်သိမ်းရန် ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း […]