ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စေတနာ့ဝန်ထမ်းတစ်ရာဖြင့် ကိုရိုနာကာကွယ်ရေး ကဏ္ဍငါးခု ဆောင်ရွက်

diz_admin

March 30, 2020

ထားဝယ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် စေတနာ့ဝန်ထမ်းတစ်ရာဖြင့် ကဏ္ဍငါးခုကို ဆောင်ရွက်မည်ဖြစ်ကြောင်း Covid-၁၉ ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့ (ထားဝယ်)အဖွဲ့ထံမှ သိရသည်။ ယင်းကဏ္ဍငါးခုမှာ ပိုးသတ်ဆေးဖျန်းမည့်အဖွဲ့၊ PPE ဟုခေါ်သော ရောဂါကာကွယ်ရေးဝတ်စုံသရုပ်ပြအဖွဲ့၊ ထားဝယ်အဝင်ဂိတ်များကို ဖြတ်ကျော်ဝင်ရောက်လာသူတို့၏ ခရီးသွားမှတ်တမ်း အချက်အလက်ကောက်ယူမည့်အဖွဲ့၊ ကောက်ယူရရှိသည့်အချက် အလက်များကို စုဆောင်းမည့်အဖွဲ့ တို့ဖြစ်သည်။ ယင်းအပြင် ၁၄ ရက်စောင့်ကြည့် ခံရသူ(Quarantine) တို့ကို နှစ်သိမ့်ဆွေးနွေး၊ ပညာပေးမည့်အဖွဲ့၊ အသံချဲ့စက်များဖြင့် နယ်လှည့်အသိပညာပေးအဖွဲ့ တို့ဖြစ်ကြောင်း အထက်ပါအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးလည်းဖြစ် စေတနာ့ဝန်ထမ်းကြီးကြပ်ရေး ကော်မတီ တာဝန်ခံတစ်ဦးလည်းဖြစ်သူ ဦးဇော်ညွှန့်က ပြောသည်။ ယင်းအဖွဲ့များတွင် ဇမ္ဗူသီရိအရေးပေါ်လူနာတင်အဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ ထားဝယ်မြို့ရှိ ကွန်ပျုတာပညာရှင်များအသင်းနှင့် စေတနာ့ဝန်ထမ်းလူငယ်များလည်း ပါဝင်သည်။ “ဒီလုပ်ငန်းစဉ်မှာ လူတွေဘက်ကနေပြီး ပူးပေါင်းပါဝင်ပေးမယ်ဆိုရင် ရောဂါထိန်းချုပ်ရေးအပိုင်းမှာ ပိုထိရောက်မယ်လို့ ထင်တယ်”ဟု ဦးဇော်ညွှန့်က […]

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေး မွန်ပါတီတွေလည်း ပြင်ဆင်ထား

diz_admin

March 30, 2020

လတ်တလော ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မွန်နိုင်ငံရေးပါတီဖြစ်သည့် မွန်ညီညွတ်ရေးပါတီနှင့် မွန်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီတို့ကလည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြသည်။ မွန်ညီညွတ်ရေးပါတီအနေနှင့် ကိုရိုနာဗိုင်းရပ်စ်တားဆီးကာကွယ်ရေး ကော်မတီတစ်ရပ် ကို မတ်လ ၂၅ ရက်ကဖွဲ့စည်းခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် ပညာပေးလုပ်ငန်း၊ သတင်းအချက်အလက်စုဆောင်း ဖြန့်ဝေရေးလုပ်ငန်းအပြင် လူနာအရန်စောင့်ကြည့်ရေးစခန်းထားရှိရန်လည်း ပြင်ဆင်လုပ်ဆောင်နေသည်ဟု ပါတီခေါင်းဆောင်ထံမှ သိရသည်။ “တကယ်လို့ လူနာများလာရင် ဆေးရုံမှာအခက်အခဲဖြစ်လာရင် ထားဖို့ပေါ့။ အရန်နေရာ စီစဉ်သွားဖို့ ရှိတယ်”ဟု မွန်ညီညွတ်ရေး ပါတီတွဲဖက်အတွင်းရေးမှူး (၁) နိုင်လရီတမက ပြောသည်။ လူနာအရံစောင့်ကြည့်ရေးစခန်းကို မော်လမြိုင်၊ သံဖြူဇရပ်နှင့် ရေးမြို့တို့တွင် ထားရှိရင် လျာထားပြင်ဆင်လျက်ရှိပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းများ ရရှိနိုင်ရန်လည်း ပြင်ဆင်လျက်ရှိသည်ဟု မွန်ညီညွတ်ရေးပါတီက ပြောသည်။ ထိုအတူ မွန်လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီကလည်း ကိုရိုနာဗိုင်းရပ်စ်နှင့် […]

ပြည်ပမှ ပြန်လာသူများကို သီးသန့်ထား စောင့်ကြည့်ရန် မွန်ပြည်နယ်အစိုးရ စီစဉ်

diz_admin

March 30, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားနေသည့် နိုင်ငံများမှ ပြန်လာသူများကို သီးသန့် သတ်မှတ်ထားသည့်နေရာတွင် ၁၄ ရက်ကြာစောင့်ကြည့်မှု (facility quarantine)လုပ်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့က စီစဉ်နေသည်။ ပြည်ပမှ မွန်ပြည်နယ်သို့ ပြန်လာသူများကို နေအိမ်တွင် ၁၄ ရက်ကြာ သီးသန့်နေထိုင် စောင့်ကြည့်မှု (home quarantine) ပြုလုပ်နေသော်လည်း လိုက်နာမှုအားနည်းခြင်းကြောင့် နောက်ထပ်ထပ်မံရောက်ရှိလာသူများကို သီးသန့်သတ်မှတ်ထားသည့် နေရာတွင် ၁၄ ရက်ကြာစောင့်ကြည့်မှု ပြောင်းလဲပြုလုပ်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် မတ်လ၂၆ ရက်နေ့ကကျင်းပခဲ့သည့် အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်လိုက်သည်။ “အခုက home quarantine သည်မအောင်မြင်ဘူး။ သိကြတဲ့အတိုင်းပဲ တချို့ကမလိုက်နာဘူးပေါ့။ အချို့ကျတော့ လိုက်နာတယ်။ ရွာကလက်မခံဘူး။ အဲတော့ (မတ်လ ၂၆) ဝန်ကြီးချုပ်နဲ့ အစည်းအဝေးမှာ home quarantineကို […]

မွန်ပြည်နယ်တစ်ခုလုံးအတွက် ခြောက်လစာ ဆန်အလုံအလောက်ရှိ

diz_admin

March 30, 2020

မွန်ပြည်နယ်တွင် ဆန်တန်ချိန်လေးသောင်းခန့်ရှိနေပြီး ပြည်နယ်တစ်ခုလုံးအတွက် အလုံအလောက်ရှိနေသည်ဟု မွန်ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှူးက ပြောသည်။ လတ်တလော ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ပြည်နယ်အတွင်း ဆန်အလုအယက်ဝယ်ယူနေခြင်းနှင့် ဆန်ပြတ်လပ်မည်ကို စိုးရိမ်မှုရှိနေကြသည့် အပေါ် မွန်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။ “ဆန်အနေနဲ့က ရယူထားတဲ့ စာရင်းအရ ဆန်ရောင်းဝယ်တဲ့ပွဲရုံတွေနဲ့ ဆန်စက်လုပ်ငန်းရှင်များအသင်းမှာ လက်ရှိတန်ချိန် လေးသောင်းလောက်ရှိနေတယ်။ မွန်ပြည်နယ်မှာ ဆန်တန်ချိန် လေးသောင်းလောက်ရှိနေတော့ ဖူလုံမှုရှိတဲ့အပြင် ပိုတောင်ပိုနေတဲ့ အနေအထား ပါ”ဟု ဦးခင်အောင်သွင်က ပြောသည်။ မွန်ပြည်နယ်အတွင်း လက်ရှိရှိနေသည့် ဆန်တန်ချိန်လေးသောင်းသည် တစ်ပြည်နယ်လုံးအတွက် အနည်းဆုံး ၆ခန့်ထိလုံလောက်နိုင်သည်ဟုလည်း မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြောသည်။ ၎င်းပြင် နိုင်ငံတော်မှာလည်း အရန်ဆန်များရှိပြီး လိုအပ်လျှင် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြပြီး အရန်ဆန်များမှထပ်ဆင့်သိုလှောင်ပြီး […]

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၃၀ ရက်၊ ညနေ ၆ နာရီခွဲ)

diz_admin

March 30, 2020

ထားဝယ်ရှိ သံသယလူနာ ရောဂါပိုး မတွေ့ ထားဝယ်ဆေးရုံ သီးသန့်အဆောင်တွင်ထားရှိကုသနေသည့် သံသယလူနာတွင် ကိုရိုနာရောဂါပိုးပိုးမတွေ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ဆိုသည်။ ယင်းဓာတ်ခွဲခန်းအဖြေကို ယနေ့ တွင် အကြောင်းပြန်ကြားလာကြောင်း ၎င်းက ပြောသည်။ ထားဝယ်မြို့နယ် ကျောက်ရပ်ကျေးရွာမှ အဆိုပါ သံသယလူနာက မတ်၂၄ ရက်တွင် ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီးနောက် ဝမ်းလျောပြီး ဖျားသည့်အတွက် ၂၈ ရက်နေ့တွင် ထားဝယ်ဆေးရုံကြီးရှိ သီးသန့်လူနာဆောင်တွင် စောင့်ကြည့်ကုသနေခြင်းဖြစ်သည်။ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု သံသယရှိသူလေးဦး၏ ဓာတ်ခွဲနမူများပေးပို့စစ်ဆေးခဲ့ပြီး အဆိုပါလေးဦးစလုံးတွင် ဗိုင်းရပ်စ်ပိုးမတွေ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။ စခန်းသွင်း စောင့်ကြည်သူ နှစ်ရက်အတွင်း ငါးရာ တိုး တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ နေအိမ်၊ ဘုန်တော်ကြီးကျောင်းနှင့် အခြားစောင့်ကြည့်ရေး စင်တာများတွင် စောင့်ကြည့်ခံနေရသော […]

တိုင်းလွှတ်တော်အစည်းအဝေး ရက်အကန့်အသတ်မဲ့ရွှေ့

diz_admin

March 30, 2020

ဧပြီလ ၁ရက်တွင် ကျင်းပရန်ရှိသော တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ၁၆ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ရက်အကန့်အသတ်မဲ့ ရွှေ့ဆိုင်းလိုက်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ လက်ရှိဖြစ်ပွားနေသည့်ကိုရိုနာ ဗိုင်းရပ်စ်အရေးကြောင့် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။ “ညွှန်ကြားချက်အရပေါ့။ ညွှန်ကြားချက်အရ လွှတ်တော်မှာတောင်ဝန်ထမ်းတွေ လျှော့ချထားရတယ်လေ။ လွှတ်တော်ကျင်းပဖို့အဆင်မပြေဘူးပေါ့။ သမ္မတအမိန့်နဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာတယ်ပေါ့” ဟုဦးခင်မောင်အေးက ပြောသည်။ လွှတ်တော်ပြန်လည်ကျင်းပနိုင်မည့်ရက်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်မှုအခြေအနေပေါ် မူတည်ကြောင်း ၎င်းက ပြောသည်။ ၁၆ ကြိမ်မြောက် တိုင်းလွှတ်တော်အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး အသေးစားနှင့်လက်လုပ်လက်စား သတ္တုတွင်းဥပဒေသစ်နှင့် တနင်္သာရီတိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဥပဒေသစ်တို့ကို ဆွေးနွေးအတည်ပြုမည်ရန်ရှိကြောင်း ဦးခင်မောင်အေးက ပြောဆို ထားသည်။ ၁၅ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးကို ၂၀၂၀ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းက ကျင်းပခဲ့သည်။

မြိတ်မြို့ရှိ ကာရာအိုကေ၊ စင်တင်ဆိုင်များ ပိတ်ရမည်

diz_admin

March 30, 2020

မြိတ်မြို့ရှိ ကာရာအိုကေ(KTV)များ၊ စင်တင်တေးဂီတဆိုင်များနှင့် ကျန်းမာရေးစင်တာ Gym ဆိုင်များအား ဧပြီလ ၃၀ ရက်နေ့အထိ ပိတ်ထားရမည်ဖြစ်ကြောင်း မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက မတ်လ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် လိုက်နာရမည့်အချက် ငါးချက်ပါ အမိန့်စာအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အချက်ငါးချက်တွင် အလုပ်ရုံဆွေးနွေးပွဲများ၊ အခမ်းအနားများ၊ ဘာသာရေးလူမှုရေးနှင့် ဆက်နွှယ်သည့် ကိစ္စရပ်များအား မကျင်းပရန်၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားသည့် အသိပေးနှိုးဆော်ချက်များအား တိကျစွာလိုက်နာ ရန် ရေးသားဖော်ပြထားသည်။ ထို့ပြင် မိမိပတ်ဝန်းကျင်ရှိ သံသယလူနာများနှင့် အခြားနိုင်ငံများမှ နေရပ်ပြန်လာသည့်သူများ တွေ့ရှိပါက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ရန်၊ တရားဥပဒေစိုးမိုးရေးအား ထိခိုက်ပျက်ပြားစေမည့် […]

အိန္ဒိယသုံးဘီး ဝယ်ပြီး ခြောက်လခန့်ကြာသည်အထိ ယာဉ်အထောက်အထား မရသေး

diz_admin

March 30, 2020

ထားဝယ်ဒေသရှိ BAJAJ အမျိုးအစား အိန္ဒိယသုံးဘီး ဝယ်ထားသူများ အချိန်ခြောက်လခန့် ကြာသည်အထိ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ မရသေးကြောင်း သုံးဘီးဆိုင်ကယ် ဝယ်ယူထားသူအချို့ထံမှ သိရသည်။ အဆိုပါအမျိုးအစားသုံးဘီးဆိုင်ကယ်ကို ဝယ်ယူထားပြီး လက်ရှိအချိန်ထိ အဝိုင်းနှင့် ယာဉ်ပိုင်ဆိုင်မှုစာအုပ် (အုံနာ ဘုတ်) မရသေးသည့်အတွက် လုပ်ငန်းလိုင်စင်လုပ်မရခြင်း၊ တာဝန်ရှိသူများ ဖမ်းဆီးမည်ကိုစိုးရိမ်နေရခြင်း စသည့် စိုးရိမ်မှုများရှိနေသည်ဟု ပြောဆိုကြသည်။ ယင်းအမျိုးအစား သုံးဘီးကိုဝယ်ယူထားသည်မှာ အချိန် ၅လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ယာဉ်အထောက်အထားမရသေးသဖြင့် ကုမ္ပဏီသို့သွားရောက်စုံစမ်းချိန်တွင်မှ မတ်လကုန်တွင်ရမည်ဟု ပြောဆိုကြောင်း သုံးဘီးပိုင်ရှင်တစ်ဦးဖြစ်သူ ကိုလှသိန်းက ဆိုသည်။ “ဝယ်ထားတာ ငါးလလောက်ရှိနေပြီဆိုတော့ ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့ကို အလွဲသုံးစားလုပ်သလို ဖြစ်နေတာပေါ့” ဟု ကိုလှသိန်းက ပြောသည်။ ယင်းကဲ့သို့ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားပြည့်စုံမှသာ ထုတ်ရောင်းသင့်ကြောင်း ၎င်းက ဆိုသည်။ သုံးဘီးဝယ်ယူချိန်က […]