ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်း အမျိုးသမီးဘောလုံးအသင်း အောင်မြင်ရေးအတွက် အစီအစဉ်

diz_admin

March 13, 2020

ယခုနှစ် တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ပြိုင်ပွဲတွင် အဆင့်လေး သာရရှိခဲ့သော တနင်္သာရီတိုင်းအသင်း လာမည့်နှစ်တွင် အောင်မြင်မူရရှိရေး တိုင်းအားကစားနှင့် ကာယပညာဦးစီး ဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တနင်္သာရီအသင်းသည် ကစားသမား အင်အား ၁၄ ဦးတည်းဖြင့် အကြို ဗိုလ်လုပွဲကို ဧရာဝတီအသင်းနှင့် ကစား ခဲ့ရပြီး ယင်းပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ တတိယနေရာလုပွဲတွင်လည်း မွန်ပြည် နယ်အသင်းကို ပင်နယ်တီဖြင့် အရှုံးပေး ခဲ့ရသဖြင့် အဆင့်လေးနေရာကိုသာ ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲကို ယမန်နှစ် ဒီဇင်ဘာ လကပြုလုပ်သည့် ကျောင်းသား အားကစားပွဲတော်တွင် ပထမရသည့် အသင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး အဆင့် လေးရရှိလာခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ယင်းသည် တနင်္သာရီတိုင်း […]

နဝမတန်းနှင့် ဒသမတန်းသင်ရိုးအသစ်တွင် ဘာသာတွဲ လေးခုသာ ကျန်

diz_admin

March 13, 2020

အခြေခံပညာ နဝမတန်းနှင့် ဒသမ တန်း ယခင်သင်ရိုးအဟောင်းတွင် ဘာသာတွဲ ၇ တွဲအထိရှိသော်လည်း သင်ရိုးအသစ်တွင် ဘာသာတွဲ လေးတွဲသာ ကျန်ရှိတော့ကြောင်း အခြေခံပညာ ဦးစီးဌာနက ပို့ချသည့် သင်ရိုးသစ် အကြောင်း သင်တန်းတက်ရောက်ခဲ့သည့် ထားဝယ် အ.ထ.က (၇) မှ အထက် တန်းပြ ဒေါ်ခိုင်စပယ်ဝင်းက ပြောသည်။ လာမည့် ၂၀၂၀-၂၁ ပညာသင် နှစ်တွင် နဝမတန်းသင်ရိုးအသစ်ကို စတင် ကျင့်သုံးတော့မည် ဖြစ်သည်။ ယင်းအတွက်ကြောင့် လာမည့် ပညာသင်နှစ်တွင် နဝမတန်းတက်မည့် ကျောင်းသား၊ ကျောင်းသူများသည် သင်ရိုးသစ်အရ ဘာသာတွဲ လေးတွဲ အနက် မိမိကြိုက်နှစ်သက်ရာအတွက်ကို ရွေးချယ် သင်ယူရမည် ဖြစ်သည်။ ယင်းဘာသာတွဲလေးတွဲကို STEAMS 1၊ STEAMS 2၊STAMS 1၊ STAMS […]

ထားဝယ်တွင် ကမ္ဘောဇဘဏ်နာမည် အသုံးပြုကာ ငွေလိမ်လည်မှု ဖြစ်ပွား

diz_admin

March 13, 2020

ထားဝယ်မြို့တွင် ကမ္ဘောဇဘဏ် ဝန်ထမ်းကဲ့သို့ အယောင်ဆောင်ပြီး KBZ Pay၊ ငွေစုစာအုပ်တို့ရှိ ငွေကြေး များကို လိမ်လည်ထုတ်ယူမှု ဖြစ်ပွားခဲ့ကြောင်း ငွေလိမ်ခံခဲ့ရသူအချို့ထံမှ သိရ သည်။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်က ထားဝယ်မြို့ ဆန်းချီတိုးချဲ့မြို့သစ်ရပ်ကွက်နေ အွန်လိုင်းဈေးရောင်းသူတစ်ဦး ဖြစ်သည့် မဇာဇာနှင့် ဂျိမ်းစဘွန်း ရေထွက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်ပိုင် ရှင်တို့ အလိမ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းတို့ နှစ်ဦးထံမှ သိရသည်။ မဇာဇာတွင် အွန်လိုင်းဈေးရောင်းရာ၌ ငွေပေးချေရန်အတွက် ကမ္ဘောဇ ဘဏ် ငွေစုစာအုပ်တွင် ထည့်သွင်းထား သည့် ငွေကျပ် သုံးသိန်းနှင့် ဂျိမ်းစဘွန်း ရေထွက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်တွင် မူ ဖုန်းငွေဖြည့်ရန်အတွက် KBZ Pay တွင် ထည့်သွင်းထားသော ငွေကျပ် တစ်သောင်း အလိမ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ မဇာဇာတွင် KBZ […]

ကော့ရဲကြီးတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ကိုင်ရန် စိုင်းပြင်းနေ

diz_admin

March 12, 2020

ကော့သောင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ်၊ ကော့ရဲကျွန်းတွင် ဟိုတယ်ခရီးသွားလုပ်ကိုင်ရန် Myanmar Life ကုမ္ပဏီက စိုင်းပြင်းနေသည်။ Myanmar Life ကုမ္ပဏီက ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းလုပ်ရန် ဧက ၅၀ လုပ်ကိုင်ခွင့်ကျထားပြီး ဖြစ်ကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် MIC မှ ရင်းနှီး မြှုပ်နှံခွင့် ပေးသင့်/မသင့် တိုင်းအစိုးရ အဖွဲ့ထံ သဘောထား တောင်းခံလာရာ တိုင်းအစိုးရမှတစ်ဆင့် ခရိုင်သို့ ဆင်းစစ် ရန် ညွှန်ကြားလာသဖြင့် ဖေဖော်ဝါရီ ၂၂ ရက်က ကွင်းဆင်းခဲ့ကြောင်း ဦးနေဦး က ပြောသည်။ ယင်းသို့ကွင်းဆင်းရာတွင် ဒေသခံ များကလည်း ကန့်ကွက်မှု တစ်စုံတစ်ရာ မရှိသဖြင့် လုပ်ငန်းရင်းနှီးမြှုပ်နှံရန် […]

သင်္ကြန်အတာအိုးများ ကော့သောင်းဈေးကွက်တင်ပို့ရန် ခက်ခဲနေ

diz_admin

March 12, 2020

လှေအခက်အခဲကြောင့် သင်္ကြန် အတာအိုးများ ကော့သောင်းဈေးကွက်သို့ တင်ပို့ရန် အခက်အခဲဖြစ်နေကြောင်း ထားဝယ် အိုးလုပ်ငန်းလုပ်ကိုင်သူများ ထံမှ သိရသည်။ သင်္ကြန်အတာအိုးများကို ကော့ သောင်းဈေးကွက်သို့ မတ်လခန့်တွင် လှေဖြင့် နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ်တွင် လှေအခက်အခဲကြောင့် မတင်ပို့နိုင်သေးဘဲဖြစ်နေကြောင်း ထားဝယ် အိုးလုပ်ရပ်ကွက်မှ အိုးလုပ်ငန်းလုပ်ကိုင် သည့် မပန်းအိဖြူက ပြောသည်။ “လှေက အရင်က ကော့သောင်း ကမ်းကို ကပ်တယ်။ အခုလှေသမားတွေ ပြောတာတော့ ကမ်းကိုကပ်ပြီး လှေပြန် ထွက်တဲ့အချိန် ထွက်စာ(လက်မှတ်)ယူရ တာ အရမ်းကြာလို့ဆိုပြီး ရနောင်းကိုပဲ တိုက်ရိုက်ကပ်တော့တယ်။ ကော့သောင်း ကမ်းကို လှေမကပ်တော့၊ ပစ္စည်းပို့ဖို့ လမ်းပန်း အခက်အခဲဖြစ်နေတော့ ပင်ပန်း နေတာပေါ့” ဟု မပန်းအိဖြူက ဆိုသည်။ အိုးဈေးကွက်သည် ထားဝယ်ခရိုင် နှင့် […]

သဲထုတ်ရန် လိုအပ်သဖြင့် အိမ်ခြေ ၃၀ဝ ရှိ ရွာကို ဝန်ကြီးဌာနပိုင်အဖြစ် ဆက်ထား

diz_admin

March 12, 2020

ကော့သောင်းခရိုင်အတွင်း အိမ် ခြေသုံးရာခန့်ရှိ ကျေးရွာတစ်ရွာကို မှန် ထုတ်လုပ်ရေးအတွက် သဲထုတ်ရန် လိုအပ် သဖြင့် ဝန်ကြီးဌာနပိုင်အဖြစ် ဆက်ထား မည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရ ဒုတိယ ဝန်ကြီးတစ်ဦးက ပြောသည်။ အလယ်မာန်ကျေးရွာအုပ်စုရှိ အလယ် မာန်ဟောင်း မြေနေရာ သဲထုတ်လုပ်ရေး စခန်းမြေကို ဌာနအနေဖြင့် ပြန်လည်စွန့် လွှတ်ပေးနိုင်ခြင်း မရှိသေးကြောင်း စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း က ပြောဆိုသည်။ မတ်လ ၃ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ယင်းသို့ပြောကြားခဲ့ ခြင်း ဖြစ်သည်။ ဘုတ်ပြင်းမဲဆန္ဒနယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးနေလင်းထွန်းက ထိုအလယ်မန်ရွာဟောင်းမြေနေရာကို သိမ်းယူထားခြင်းမှ ပယ်ဖျက်၍ ကျေးရွာ ပိုင်မြေအဖြစ် ပြန်လည်တိုင်းတာသတ် မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှု […]

မြိတ်တွင်တပ်သိမ်းမြေဧက တစ်ရာခန့် ပြန်စွန့်

diz_admin

March 12, 2020

၂၀၁၃ ခုနှစ် ကတည်းက တပ်မတော် မှသိမ်းဆည်းထားသည့် ဥယျာဉ်ခြံမြေ ဧကတစ်ရာကျော်အား ပြန်လည်စွန့်လွှတ် လိုက်ကြောင်း မြိတ်မြို့နယ်တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။ မြိတ်မြို့နယ်၊ နန်းတော်ရာကျေးရွာ အုပ်စုအတွင်း မြေဧက၆၀ဝကျော်အားကမ်းရိုးတန်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ်၂၀၁ အမြှောက်တပ်မှသိမ်းဆည်း ခဲ့ရာ တောင်သူ ၁၆ ဦး ပိုင်ဆိုင်သည့်လယ် မြေဧက၉၀ကျော်ကို ပြန်လည် စွန့်လွှတ် လိုက်ခြင်းဖြစ်ကြောင်း မြိတ်မြို့နယ်၊ တောင်သူလယ်သမားသမဂ္ဂထံမှ သိရ သည်။ “ဥယျာဉ်မြေတွေက တပ်အဆောက် အအုံဆောက်ထားလို့ ပြန်မရတော့ဘူး။ လယ်မြေတွေပဲ ပြန်ရခဲ့တယ်” ဟုမြိတ် မြို့နယ်တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။ မြေယာသိမ်းဆည်းခံ တောင်သူ လယ်သမားများအတွက် လျော်ကြေးနစ် နာကြေးနှင့်မြေနေရာအားပြန်လည်ရရှိရေးအတွက် တိုင်းဒေသကြီးနှင့်ဗဟို လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံ ရမှုများစီစစ်ရေးကော်မတီအား တောင်သူ လယ်သမားသမဂ္ဂမှအကြိမ်ကြိမ်တင်ပြခဲ့သည်။ ယင်းနောက် […]

ဆလုံများအတွက် ကျပ်သိန်းတစ်ထောင် ထောက်ပံ့မည်

diz_admin

March 12, 2020

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် ကျွန်းများတွင် နေထိုင်သည့် ဆလုံလူမျိုးများအတွက် ယခုနှစ်တွင် ကျပ် သိန်းတစ်ထောင် ထောက်ပံ့သွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး ကရင်တိုင်း ရင်းသားရေးရာဝန်ကြီး စောလုကာက ပြောကြားသည်။ ယင်း ကျပ်သိန်းတစ်ထောင်ကို ဆလုံတို့၏ စားဝတ်နေရေးနှင့် စီးပွားရေး အတွက်အပြင် ပညာရေး ကျန်းမာရေး အတွက်ပါ ခွဲဝေသုံးစွဲနိုင်ရန် ကော်မတီ တစ်ရပ် ဖွဲ့စည်းကာ စီစဉ်ဆောင်ရွက် နေကြောင်း စောလုကာက ပြောသည်။ ဆလုံတိုင်းရင်းသားများ နေထိုင် လုပ်ကိုင်စားသောက်သော နေရာများ တွင် ပြည်ထောင်စု အစိုးရက ပုလဲ မွေးမြူရေး လုပ်ကွက်များ ချထားပေး ခြင်းကြောင့် ဆလုံများ လုပ်ကိုင်စား သောက်ရန် နေရာ ပျောက်နေပြီး လူမျိုး တုန်းလုနီးဖြစ်နေချိန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထိုသို့စီစဉ် လုပ်ကိုင်နေခြင်း ဖြစ်သည်။ ယမန်နှစ်ကလည်း […]