လောင်းလုံးမြို့နယ်မြောက်ပိုင်းကိုလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး
Dawei Watch
June 18, 2025လောင်းလုံးမြို့နယ် မြောက်ပိုင်းတွင်ရှိသည့် စခန်းကြီး၊ ခမောင်းတောင်၊ တောင်မင်းပြောင်ကျေးရွာများဘက်သို့လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁၆ ရက်တွင် စခန်းကြီးရွာသို့ရောက်ရှိလာပြီး ရွာရှိဘုန်းကြီးကျောင်းတွင် ယာယီစခန်းချနေထိုင်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ စစ်ကြောင်း ဝင်လာသဖြင့် စခန်းကြီးရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သေနတ်ပစ်ပြီး ခြိမ်းခြောက်တာတော့ မရှိပေမယ့်လည်း သူတို့ရှိရင် ရွာထဲ မနေရဲဘူး” ဟု ၎င်းက ပြောသည်။ ဇွန်လ ၁၇ ရက် နေ့လယ်ပိုင်းတွင်မူ အဆိုပါစစ်ကြောင်းသည် စခန်းကြီးရွာမှတစ်ဆင့် တောင်မင်းပြောင်ကျေးရွာသို့ စစ်ကြောင်းထိုးသွားခဲ့ပြီး ရွာဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းကဲ့သို့ တပ်စွဲလာသဖြင့် တောင်မင်းပြောင်၊ ခမောင်းတောင်ရွာသားများအပြင်း အနီးအနားရှိ ဖွားဘုတ်ပြင်ရွာသား အချို့လည်း […]


