ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်လျှပ်စစ်မီးတစ်ယူနစ် ကျပ် ၂၈၀ အထိ လျှော့ချပေးရန်တောင်းဆို

diz_admin

April 28, 2020

ကိုဗစ် ၁၉ ကပ်ဘေးဖြစ်ပွားနေသည့်ကာလအတွင်း တစ်ယူနစ်လျှင်ကျပ်၂၈၀ နှုန်းဖြင့်လျှော့ချပေးရန် လွှတ်တော်ကိုယ်စားလှယ်နှင့် မြိတ်ဒေသခံများက တောင်းဆိုလိုက်ကြသည်။ ဧပြီလ ၂၃ ရက်က မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးတွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ကျွန်းစုလွှတ်တော် ကိုယ်စားလှယ်ဦးဥက္ကာမင်းနှင့် မြို့ခံများက တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ မတ်လအတွက် မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီမှ လျှပ်စစ်တစ်ယူနစ်လျှင် ကျပ် ၃၈၀ နှုန်း ဖြင့်ကောက်ယူလျက်ရှိပြီး ဆီဈေးနှုန်းထက်ဝက်ခန့်ကျဆင်းနေသည့် အချိန်ကပ်ဘေးကြောင့် ပြည်သူများအလုပ်အကိုင်အခက်အခဲဖြစ်နေသည့်အချိန်တွင် ကုမ္ပဏီအနေဖြင့်ဧပြီလမှစ၍ တစ်ယူနစ်လျှင် ကျပ်၂၈၀သို့ လျှော့ချပေးရန် လွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းနှင့် မြို့မိမြို့ဖများမှ တောင်းဆိုခဲ့ကြသည်။ “ကျွန်တော်ကတော့ ကျပ်၂၈၀ပဲဖြစ်စေချင်တယ်။ သင့်တော်တဲ့နှုန်းထား တစ်ခုလို့လည်းထင်တယ်”ဟု ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးဥက္ကာမင်းက ပြောသည်။ သို့သော် မြိတ်စိမ်းလန်းစွမ်းအင်အနေဖြင့် မူလျှပ်စစ်ထုတ်လုပ်မှု အထွေထွေကုန်ကျစရိတ်တစ်ယူနစ်လျှင် ကျပ်၂၈၀ကျော်ကျနေပြီး အနည်းဆုံးတစ်ယူနစ်လျှင် ကျပ်၃၁၀ ဖြင့် ကောက်ယူမှသာလျှင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏စီမံကိန်း […]

မောင်းမကန်ရေပူစမ်းအနီးရှိ နေအိမ် ၆ လုံး အမှုဖွင့်ခံရ

diz_admin

April 28, 2020

နာမည်ကျော် မောင်းမကန်ရေပူစမ်းအနီးရှိ နေအိမ်၆လုံးကိုပိုင်နက်ကျူးလွန်မှုဖြင့် တပ်မတော်ကအမှုဖွင့်ထားကြောင်း မောင်းမကန်နယ်မြေရဲစခန်းနှင့် ၎င်းအိမ်ပိုင်ရှင်များထံမှ သိရသည်။ မောင်းမကန်-ပန်းတင်အင်းရွာ လမ်းဘေးရှိ ယင်းအိမ်၆လုံးမှာ တပ်မတော်ပိုင်မြေဟုဆိုသည့် မောင်းမကန်ရေပူစမ်း မြေဧရိယာ ၁၉ ဒသမ ၆၇ ဧက အတွင်းကျရောက်နေသည်ဟုဆိုကာ ထွက်ခွာပေးရန် အကြိမ်ကြိမ်ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့အမှုဖွင့်ခဲ့ခြင်းဖြစ် သည်။ တပ်မတော်မှဗိုလ်ကြီးတစ်ဦးက ၎င်းမြေကိုတပ်မတော်က ပိုင်ဆိုင်ကြောင်း အထောက်အထားများပြသကာ တရားလိုပြုလာရောက်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း မောင်းမကန်နယ်မြေရဲစခန်းစခန်းမှူးက ပြောသည်။ “ပိုင်ဆိုင်မှုအထောက်အထားပြနိုင်ရင် ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု)နဲ့ အမှုဖွင့်ပေးရတယ်။ အမှုတွဲတည်ဆောက်ဆဲပါ” ဟုစခန်းမှူးက ပြောသည်။ပြီးခဲ့သည့်ဧပြီလ၁၇ရက်က အိမ်ရှင်များကိုစခန်းသို့ခေါ်ယူစစ်မေးခဲ့ကြောင်း စခန်းမှူးက ပြောသည်။ အိမ်ရှင်အချို့ကမူ ၎င်းတို့အနေဖြင့် မြေပိုင်ဆိုင်မှုအထောက်အထားရှိသည့် မူလပိုင်ရှင်ထံမှလွန်ခဲ့သည့်၁၀ နှစ်ခန့်ကဝယ်ယူခဲ့ပြီး ၎င်းတို့ဝယ်ယူစဉ်က မြေစာရင်းနှင့် ရပ်ရွာတာဝန်ရှိသူများကတိုင်းတာပေးခဲ့ကြောင်း ပြောကြသည်။ ယင်းသို့ဝယ်ယူစဉ်က တပ်မတော်ကတပ်ပိုင်မြေဆိုင်းဘုတ်စိုက်ထူထားမှု မရှိသည့်အပြင်ခြံအတွင်းသစ်ပင်သီးနှံ စိုက်ပျိုးခြင်းနှင့်အိမ်ဆောက်နေထိုင်စဉ်အတွင်း တပ်မှ တစ်စုံတစ်ရာလာရောက်ဟန့်တားခြင်းမျိုးမရှိခဲ့ဘဲ […]

ကိုဗစ်ကြောင့် တိုင်းအတွင်း ဟိုတယ် ထက်ဝက်ကျော် ယာယီပိတ်

diz_admin

April 28, 2020

ကိုဗစ်-၁၉ ကပ်ဘေးကာလတွင် ခရီးသွားလာမှု မရှိသလောက်ရပ်ဆိုင်းသွားခဲ့သည့်အတွက် တနင်္သာရီတိုင်းအတွင်းရှိ ဟိုတယ်ထက်ဝက်ကျော် ယာယီရပ်နားထားကြကြောင်း တိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ တိုင်းအတွင်း ဟိုတယ်ခရီးဌာန လိုင်စင်ရှိ ဟိုတယ်/တည်းခိုရိပ်သာ ၄၆ လုံးရှိပြီး လက်ရှိတွင် ၂၂ လုံးသာ ဖွင့်တော့ကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။ ဟိုတယ်အများစုက ယခုလအစောပိုင်းတွင် စတင်ပိတ်ကြခြင်းဖြစ်သည်။ ယခင်နှစ်များက ဧပြီလတွင် ခရီးသွားဝင်ရောက်မှု အများဆုံးလဖြစ်သော်လည်း လက်ရှိတွင် ကိုဗစ်-၁၉ ကြောင့် ခရီးသွားမရှိသလောက်နည်းသွားကြောင်း ဟိုတယ်ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။ “အဓိကအားဖြင့်ကတော့ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းကဏ္ဍကတော့ ကိုဗစ်ကြောင့် အထိနာဆုံးကဏ္ဍလို့ပြောရင်တော့ ပြောလို့ရပါတယ်”ဟု ဦးညိုအေးက ပြောသည်။ အထက်ပါ ယာယီပိတ်ထားသည့် ဟိုတယ်အရေအတွက်မှာ ဟိုတယ်ခရီးဌာနထံ စာဖြင့် တရားဝင်အကြောင်းကြားထားသည့် အရေအတွက်ဖြစ်ပြီး […]

မွန်ပြည်နယ် မြို့နယ်အားလုံးနီးပါး သောက်သုံးရေ အခက်အခဲဖြစ်နေ

diz_admin

April 28, 2020

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ဆယ်မြို့နယ်စလုံးနီးပါးတို့တွင် သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း ရေလိုက်လံဖြန့်ဝေပေးနေသူများနှင့် ဒေသခံများထံမှ သိရသည်။ မတ်လဆန်းမှစကာ ပင်လယ်နှင့်နီးသည့် မြို့နယ်အချို့တို့တွင် ရေပြတ်လပ်မှု စတင်ဖြစ်ပွားခဲ့ပြီး ဧပြီလတတိယပတ်တွင် မြို့နယ် ၁၀ မြို့နယ်လုံးရှိ ကျေးရွာအများစုတို့တွင် ရေပြတ်လပ်ကာ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “ဒီနှစ်ကတော့ ရေတော်တော်လေးကို ခမ်းကုန်တယ်။ ခါတိုင်းနှစ်တွေ ရေခမ်းတယ်ပြောပေမယ့် ကိုယ့်ရေတွင်းနဲ့ ကိုယ့်အိမ်နဲ့ သုံးလို့လောက်တဲ့ အနေအထားရှိတယ်။ ဒီနှစ်ကတော့ မရဘူး။ သင်္ကြန်ပြီးတော့ ရေက လုံးဝမရှိတော့ဘူး” ဟု မုဒုံမြို့နယ်မှ ကိုထွန်းလင်းက ပြော သည်။ ပြည်နယ်အတွင်းရှိ မုဒုံ၊ သံဖြူ ဇရပ်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို အစရှိသည့် မြို့နယ်အတွင်းရှိ ကျေးရွာအများစုတို့တွင် […]

တိုင်းအစိုးရလုပ်ငန်း အီလက်ထရွန်းနစ်ပြောင်းရန် ယခုနှစ် ကျပ်သိန်းနှစ်ထောင်သုံးမည်

diz_admin

April 28, 2020

တိုင်းအစိုးရကE-Government (အီလက်ထရွန်းနစ်အစိုးရ) လုပ်ငန်း အတွက် ယခုဘဏ္ဍာနှစ်တွင် ကျပ်သိန်း နှစ်ထောင် အသုံးပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြောရေးဆိုခွင့် ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ကျပ်သိန်းနှစ်ထောင်အသုံးပြုပြီး ပါက ဝန်ကြီးအခန်းအတွင်းမှ ဗီဒီယိုဖုန်း ခေါ်ဆိုမှုများ၊ တိုင်းအစိုးရအဖွဲ့ရုံးအတွင်း အီးမေးလ်ပေးပို့ခြင်းများ လုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ပြောရမယ်ဆိုရင်တော့ on paper (စာရွက်စာတမ်း)တွေက တဖြည်းဖြည်း ချင်းလျော့နည်းသွား လိမ့်မယ်”ဟု ဝန်ကြီး ဦးကျော်မင်းက ပြောသည်။ E-Government အတွက်လာမည့် ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၈၄၀ ကျော် သုံးစွဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အထက်ပါ စနစ်တစ်ခုလုံး လုပ်ငန်း ပြီးစီးအောင် လုပ်ဆောင်မည်ဆိုပါက ငွေကျပ် ၁ ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ တိုင်းအစိုးရ၏ […]

အခြေခံပညာ အတန်းအောင်စာရင်း ထုတ်ပြန်မည့်ရက် ရွှေ့ဆိုင်း

diz_admin

April 28, 2020

အခြေခံပညာအတန်းများ အောင် စာရင်းထုတ်ပြန်မည့်ရက်ကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းထားသည်ဟု တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် အခြေခံပညာ အတန်းများ၏ အဖြေလွှာ စစ်ဆေးမှုကို ရပ်နားထားသဖြင့် အဖြေ လွှာစစ်ဆေးမှု ပြီးစီးမှသာ အောင်စာရင်း ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ မြို့နယ်အချို့တွင် အဖြေလွှာစစ် ဆေးမှု ၃၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ် သော်လည်း အချို့မြို့နယ်များတွင် အဖြေလွှာစစ်ဆေးမှု လုံး၀မပြုလုပ်သေး ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် မည့်သည့်အချိန်တွင် အဖြေလွှာစစ်ဆေးမည်ကို မသိရသေးကြောင်း ဒေါ်မြင့်စိန်က ဆိုသည်။ ယင်းသို့သော အခြေအနေများ ကြောင့် အခြေခံပညာကျောင်းဖွင့်ရက်များလည်း နောက်ကျသွားနိုင်သည်ဟု ဒေါ်မြင့်စိန်က ခန့်မှန်းသည်။ ပြီးခဲ့သည့်နှစ်က အခြေခံပညာ အတန်းများ၏ အောင်စာရင်းကို ဧပြီလ ၂၆ […]

မြိတ်ဒေသ ကိုရိုနာဗိုင်းရပ်စ် အပလီကေရှင်း

diz_admin

April 28, 2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ် သက်သည့် အချက်အလက်များ ကြည့် နိုင်သည့် မိုဘိုင်း အပလီကေးရှင်း (Mobile App) တစ်ခုကို မြိတ်ကွန်ပျူ တာ တက္ကသိုလ်ကျောင်းသားနှစ်ဦးက ဖန်တီးလိုက်သည်။ Myeik Corona Reportအမည် ရှိ အပလီကေးရှင်းကို မြိတ်ကွန်ပျူတာ တက္ကသိုလ်မှ ကိုအောင်သူရိန်ထွန်းနှင့် ကိုသီဟသိန်းထိုက်တို့ ပူးပေါင်းပြီး ရေးဆွဲထားခြင်း ဖြစ်သည်။ “ဒီကိုဗစ်(ကာလ)ကြီးမှာ တတ်နိုင် သမျှ ပါဝင်ကူညီပေးချင်လို့ပါ”ဟု အထက်ပါ ကျောင်းသား ကိုအောင်သူရိန်ထွန်းက ပြောသည်။ အဆိုပါ အပလီကေးရှင်းတွင် မြိတ် ခရိုင်အတွင်းရှိ အရေးကြီးဖုန်းနံပါတ်များအား တစ်စုတစ်စည်းတည်း တွေ့ရမည် ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သတင်းများ၊ သတင်းထုတ်ပြန်ချက် များကို ထည့်သွင်းထားကြောင်း သိရသည်။ မြင့်မိုရ်(မြိတ်)

နေ့ပြန်တိုးသမားများ ကိုဗစ်ဂယက် ရိုက်ချက် ထိ

diz_admin

April 28, 2020

ကိုဗစ် ကပ်ဘေး ဂယက်ကြောင့် နေ့ပြန်တိုး (ဒေသအခေါ် နေ့ပေး) ငွေထုတ် ချေးသူများနှင့် ချေးယူထားသူများ အခက် အခဲကြုံနေရကြောင်း ငွေချေးသူများနှင့် ငွေရှင်များထံမှ သိရသည်။ လက်ရှိကာလတွင် ဒေသတွင်း ပြေးဆွဲနေသည့်ယာဉ်လိုင်းများ ပိတ်ထားခြင်း၊ ဈေးဝယ်သူနည်းပါးခြင်းများကြောင့် နေ့ပေးငွေကို နေ့စဉ်မပေးနိုင်သည့်အတွက် ငွေရှင်၏ အငြိုအငြင် ခံနေရကြောင်း ထားဝယ်မြို့ စည်ပင်သာယာဈေးကြီး တွင် ဆိုင်ရောင်းချနေသည့် အမျိုးသမီး တစ်ဦးက ဆိုသည်။ သူမက ငွေကျပ် နှစ်သိန်းကို တစ်နေ့လျှင် ကျပ် ၆၀၀၀ ပြန်ဆပ်သည့် စနစ်ဖြင့် ချေးယူထားခြင်းဖြစ်သည်။ ဆိုင်ရောင်းအားကျလာသည့် အတွက် စားသောက်ရန်အတွက်ပင် ရုန်းကန်နေရပြီး နေ့ပေးအကြွေး ခေတ္တ ရပ်နားပေးရန် ပြောဆိုသော်လည်း ငွေရှင်က နေ့စဉ်လာတောင်းနေသည်ကို ကြုံရကြောင်းသူမက ဆိုသည်။ “ဘယ်လိုမှ ပြောလို့မရဘူး။ သူတို့ […]