ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လူမှုဖူလုံရေးခံစားခွင့် လျှောက်ထားနိုင်သူများ

diz_admin

May 4, 2020

ကိုရိုနာဂယက်ကြောင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်လိုက်ရသော လုပ်ငန်း များတွင် လုပ်ကိုင်နေပြီး လူမှုဖူလုံရေး ထည့်ဝင်ငွေ သွင်းထားသူများအား အဆိုပါဌာနတွင် စာရင်းသွင်းထားသည့် လစာငွေ၏ ၄၀ ရာခိုင်နှုန်းကို ပြန်လည် ပေးဆောင်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း လူမှုဖူလုံရေးရုံးထံမှ သိရသည်။ ယင်းလူမှုဖူလုံရေးအစီအစဉ်တွင် အကြောင်းတစ်ခုခုကြောင့် ရက်ပိုင်း၊ လပိုင်းမျှသာ ခေတ္တ အလုပ်ရပ်နားထား ခံရသူများ ပါဝင်မည် မဟုတ်ကြောင်း အထက်ပါရုံး တိုင်းဦးစီးမှူး ဦးစန်းလွင် က ပြောသည်။ လူမှုဖူလုံရေးငွေသွင်းထားသူလည်းဖြစ် စက်ရုံအလုပ်ရုံ ပိတ်သိမ်းလိုက်ခြင်း လည်းမှန်ကန်ပါက ရက်ပိုင်းဖြစ်စေ၊ လပိုင်းဖြစ်စေ အလုပ်ရပ်နားခံရသူ မည်သူ မဆို အဆိုပါ လူမှုဖူလုံရေး ခံစားခွင့်ကို ရရှိမည်ဖြစ်ကြောင်း ဦးစန်းလွင်က ပြောသည်။ လူမှုဖူလုံရေးငွေကို လုပ်ငန်းရှင် ကိုယ်တိုင်သော်လည်းကောင်း၊ မိမိသဘောဆန္ဒအလျောက် သော်လည်းကောင်း […]

ကိုယ်အပူချိန်မြင့်တက်နေသည့် လေယာဉ်ခရီးသည်နှစ်ဦးကို ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် သီးခြားထားရှိ

diz_admin

May 4, 2020

အဲကမ္ဘောဇ လေကြောင်းလိုင်းဖြင့် ဧပြီလ ၂၉ ရက်က ရန်ကုန်မှ ထားဝယ်သို့ လိုက်ပါလာသူများအနက် ကိုယ်အပူချိန် မြင့်တက်နေသူနှစ်ဦးကို ထားဝယ် ပြည်သူ့ဆေးရုံကြီးတွင် သီးခြားခွဲထား ကာ စောင့်ကြည့်ကုသပေးနေကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိမရှိ သိရှိရန်အတွက် ၎င်းတို့နှစ်ဦး၏ ဓာတ်ခွဲ နမူနာများကို ရန်ကုန်အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းသို့ ပေးပို့စစ် ဆေးထားပြီး နောက်နှစ်ရက်ခန့်အကြာ တွင် အဖြေသိရမည်ဖြစ်ကြောင်း အထက်ပါ ဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာထွန်းမင်း က ဧပြီလ ၃၀ ရက်က ပြောသည်။ “နှစ်ယောက်လုံးကတော့ ကိုဗစ်ရောဂါ ဖြစ်ဖို့တော့ မနီးစပ်ဘူး။ တစ်ယောက်က သွေးလွန်တုပ်ကွေးရောဂါလက္ခဏာမျိုး ရှိတယ်။ နောက်တစ်ယောက်ကတော့ ကိုဗစ်ရောဂါမဟုတ်တဲ့ တခြားရောဂါ လက္ခဏာ ရှိတယ်။ အဖျားတိုင်းတဲ့ စက်ကိုဖြတ်တဲ့အချိန်မှာ […]

ညမထွက်ရ၊ သို့သော် . . .

diz_admin

May 4, 2020

ကမြောကင်းတံတားထိပ် ဗိုလ်မှူးကြီး ဗထူးကြေးရုပ်အနီး နံနက်လေးနာရီ တိုင်းတွင် လူအုပ်ကြီးက စောင့်နေသည်။ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း ကမြောကင်းတံတားဖွင့်ချိန်ကို စောင့်နေသူများ ဖြစ်သည်။ ခန့်မှန်း လူဦးရေ ၅၀ မှ ၁၀၀ ဦး အကြား ရှိသည်။ အားလုံးနီးပါးမှာ ဈေးသည်များ ဖြစ်သည်။ ထားဝယ်မြို့ပေါ်ရှိ ကမ်းနားဈေးသို့ သုတ်ခြေတင်ဈေးသွားဝယ်မည့်သူများ ဖြစ်သည်။ အချို့ဈေးသည်များမှာ ည ၁၂ နာရီ ထိုးကတည်းကပင် ကမြောကင်းတံတား ထိပ်ကို ကြိုရောက်နေကြပြီဖြစ်ကြောင်း ဈေးသည်အချို့ထံမှ စုံစမ်းသိရှိရသည်။ “အရေးယူခံရတတ်တယ်လို့ သိတော့ သိတယ်။ ကြောက်ကြောက်နဲ့ပဲ စမ်း ကြည့်မယ်။ ဖြစ်လဲမတတ်နိုင်ဘူး။ ဒီ အလုပ်ပဲလုပ်ပြီးစားနေတာ။ ဒီအလုပ် မလုပ်ရရင် ဘာသွားစားမလဲဆိုပြီး ထွက်လာတာ”ဟု နဘုလယ်ဘက်မှ ရောင်းကုန်လာဝယ်သည့် ဈေးသည်အမျိုးသမီး တစ်ဦးက ဆိုသည်။ […]

မိုးစပါးချေးငွေ ထုတ်ချေးမည်၊ သို့သော် လူစုလူဝေး မဖြစ်ရ

diz_admin

May 4, 2020

မေလဆန်းပိုင်းတွင် စတင်ထုတ် ချေးပေးရတော့မည့် မိုးစပါးချေးငွေများ အတွက် တနင်္သာရီတိုင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများနှင့် လယ်သမားတို့သည် စိုးရိမ်စိတ်များရှိနေကြ သည်။ ယခုနှစ်မိုးစပါးချေးငွေကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးများတွင် ထုတ်ချေးပေးမည်မဟုတ်ဘဲ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် မြို့နယ်များရှိ အားကစားခန်းမများ၊ ဘာသာရေး အဆောက်အဦများတွင် ထုတ်ချေးပေး နိုင်ရန် စီစဉ်နေကြောင်း အထက်ပါဘဏ် တိုင်းမန်နေဂျာ ဒေါ်မိုးမိုးလွင်က ပြော သည်။ ယင်းသို့ထုတ်ချေးရန်အတွက် ငွေ ချေးလုပ်ငန်းစဉ်ကို လုပ်ဆောင်မည့် သူများအပြင် လူစုလူဝေးမဖြစ်စေရန် စီမံပေးရမည့် သူများလည်းလိုအပ်လာသည် ဖြစ်ရာ ရှိသည့်ဘဏ်ဝန်ထမ်းနှင့် မလုံ လောက်မည်ကို ၎င်းက စိုးရိမ်လျက် ရှိသည်။ ယင်းအပြင် ငွေကြေးလုံခြုံမှုကိစ္စ၊ မိုးစပါးချေးငွေကိစ္စကြောင့် ဘဏ်ဝန် ထမ်းများနှင့် လယ်သမားများထံ ဗိုင်းရပ်စ် ကူးစက်မှု ရှိလာမည်တို့ကိုလည်း စိုးရိမ် […]

ကွမ်းယာဆိုင်များ ကိုဗစ်ကာကွယ်ရေး လိုက်နာမှု အားနည်း

diz_admin

May 4, 2020

ထားဝယ်ဒေသတွင် ရောင်းချနေသည့် ကွမ်းယာ ဆိုင် အများစုမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှု အားနည်းနေဆဲဖြစ်သည်။ ကိုဗစ်ရောဂါကို ကာကွယ်သည့်အနေဖြင့် ဈေးရောင်းချသူများနှင့် ဝယ်ယူသူများ နှာခေါင်းစည်း တပ်ရန်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များတွင် ပါဆယ်သာရောင်းချရန် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များက ညွှန်ကြားထားသည်။ သို့ရာတွင် ကွမ်းယာရောင်းချသူ အများစုက နှာခေါင်းစည်းတပ်ဆင်ထား ခြင်းမရှိသကဲ့သို့ ဝယ်ယူ သူများကလည်း စုပြုံပြီး ဝယ်ယူစားသောက်နေကြဆဲ ဖြစ်သည်။ ကွမ်းယာရောင်းသူများက လက်အိတ် ဝတ်ဆင်ပြီး ရောင်းချနေသော်လည်း အဆိုပါလက်ဖြင့်ပင် ပိုက်ဆံ ကိုင်တွယ်ခြင်း၊ နှာခေါင်းစည်း မတပ်ထားခြင်း ကြောင့် ရောဂါကူးမည်ကို စိုးရိမ်စိတ်ဖြင့်ပင် ဝယ်စား နေရကြောင်း ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်နေ အသက် ၄၀ နှစ်အရွယ် ကွမ်းစားသူ […]

တနင်္သာရီမြို့နယ်ဆေးရုံတွင် ဖျားနာဆေးကုခန်းဖွင့်

diz_admin

May 4, 2020

ကိုယ်ပူ၊ ဖျားနာသူများ တနင်္သာရီမြို့နယ်ဆေးရုံဝင်းအတွင်းရှိ ဖျားနာဆေးကုခန်းတွင် ဧပြီလ ၂၆ ရက်မှစပြီး ဆေးဝါးကုသနိုင်ပြီဖြစ်ကြောင်း ယင်းဆေးရုံထံမှ သိရသည်။ ဖျားနာဆေးကုခန်းဖွင့်ချိန်ကို နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သတ်မှတ်ထားသည်။ ကိုဗစ်ရောဂါဖြစ်နေသည့် ကာလတွင် ဖျားနာလူနာများနှင့် အခြားလူနာများကို ခွဲထားနိုင်ရန် ယင်းသို့ သီးသန့် ဆေးကုခန်းဖွင့်လှစ်ခြင်းဖြစ်ပြီး အခြေအနေ ပုံမှန်ဖြစ်သည့်အချိန်အထိ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သိုက်ထွန်းက ပြောသည်။ သံဃာတော်များအတွက် တနင်္သာရီ မြို့နယ်ဆေးရုံရှိ သံဃာဆောင်တွင် ဖွင့်လှစ်ထားသည့် ကိုယ်ပူ၊ ဖျားနာဆေးကုခန်းတွင် လာရောက်ပြသနိုင်ကြောင်း သိရသည်။ မြိတ်ပြည်သူ့ဆေးရုံကြီးရှိ တိုးချဲ့ လူနာဆောင်နှင့် ကန်ခေါင်းရပ် မိခင်နှင့်ကလေး ဆေးကုသဆောင်ရှိ နားနေဆောင်တို့တွင်လည်း ဧပြီလ ၁၄ ရက်နေ့ မှစပြီး […]

မြိတ်မင်္ဂလာဆောင်ပွဲ ငွေဒဏ်ချ မှတ်ခံရ၊ ရေဖြူဘုန်းကြီးပျံကိစ္စ တရားရုံးလျှောက်ထားဆဲ

diz_admin

May 4, 2020

ကိုဗစ်ကပ်ဘေးကာလအတွင်း မြိတ် မြို့တွင် မင်္ဂလာပွဲကျင်းပသူ သုံးဦးကို တစ်ဦးလျှင် ဒဏ်ငွေကျပ်ငါးသောင်းစီချမှတ် လိုက်ပြီး ရေဖြူဘုန်းကြီးပျံကိစ္စမှာ တရားရုံးကို ဦးတိုက်လျှောက်ထားဆဲ ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ မင်္ဂလာဆောင်ကိစ္စတွင် မြစည်းစိမ် ဟိုတယ်မန်နေဂျာ၊ သတို့သားနှင့်သတို့ သမီးတို့ကို မြိတ်မြို့နယ်တရားရုံးက ဧပြီလ ၂၄ ရက်နေ့တွင် ဒဏ်ငွေကျပ် ငါးသောင်းစီ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း အထက်ပါဌာနမှသိရသည်။ ယင်းမင်္ဂလာဆောင်ကို မင်္ဂလာဆောင်၊ အလှူပွဲနှင့် ပွဲလမ်းသဘင် မကျင်းပရဟု တိုင်းအစိုးရမှ အမိန့် ထုတ်ပြန်ပြီး သုံးရက်အကြာတွင် ပြုလုပ်ခဲ့သည်။ “တရားစွဲတဲ့နေ့မှာပဲ အမိန့်ချလိုက် တာပါ”ဟု မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။ ရေဖြူဘုန်းကြီးပျံကိစ္စကိုမူ ဧပြီလ ၂၀ ရက်နေ့တွင် မြို့နယ်တရားရုံးထံ ဦးတိုက်လျှောက်ထားခဲ့ ကြောင်း ရေဖြူ […]

အစိုးရ၏ ကိုဗစ်ကာကွယ်ရေး ထုတ်ပြန်ချက်များ မေ ၁၅ ထိ သက်တမ်းတိုး

diz_admin

May 4, 2020

COVID – 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ပြည်ထောင်စုနှင့် တနင်္သာရီတိုင်းဒေသကြီး COVID – 19 ကာကွယ်ရေးကော်မတီတို့မှ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော် ငြာစာ၊ ညွှန်ကြားချက်အားလုံးကို မေလ ၁၅ ရက်အထိ ရက်တိုးမြှင့် သတ်မှတ် လိုက်သည်။ ၎င်းအမိန့်ကြော်ငြာစာနှင့် ညွှန်ကြား ချက်များသည် မူလက ဧပြီလ ၃၀ ရက် ထိသာ သတ်မှတ်ထားရာမှ မေလ ၁၅ ရက်ထိ ရက်တိုးမြှင့် သတ်မှတ်လိုက် ကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။ “အရင်ထုတ်ပြန်ထားတဲ့ အမိန့် ကြော်ငြာစာတွေ အကုန်လုံးက မေ ၁၅ ရက်နေ့အထိ အတည် ဖြစ်သွားပါတယ်။ ရောဂါပိုး ကာကွယ်ရေး အခြေအနေ အရပါ”ဟု […]